Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြန်မာများ အကြမ်းဖက်တိုက်ခိုက်ခံရမှု မလေးရှားလွှတ်တော်ကို တိုင်ကြားမည်

$
0
0


မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အကြမ်းဖက်တိုက်ခိုက်ခံရ မှုတွေနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့ မလေးရှား လွှတ်တော်ထံ စာရေးတောင်း ဆိုသွားမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။

ဦးခင်မောင်လတ် အဆိုတင်သွင်းစဉ်

ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၆ မှ လွှတ်တော်အမတ် ဦးခင်မောင်လတ်က မလေးရှားနိုင်ငံမှာ မြန်မာလူမျိုးတွေကို ရွေးချယ်ပြီး အကြမ်းဖက်သတ်ဖြတ် မှုတွေကို တားဆီးဖို့ ဘယ် လိုဆောင်ရွက်နေတယ်ဆိုတာ သိရှိလိုကြောင်း မေးမြန်းခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံရောက် မြန်မာလူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ သံတမန်နည်းလမ်းအရ ကူညီဆောင်ရွက်ပေးနေသလို ရဲတပ်ဖွဲ့ချင်းလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိဝန်ကြီးက ပြောပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်း ဒီလိုအကြမ်းဖက်ခံရတွေနဲ့ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌချင်း အရေးဆိုတဲ့ စာပေးပို့မယ်လို့ ပြောပါတယ်။
ဦးခင်အောင်မြင့် ပြောကြားနေစဉ်
ဦးခင်အောင်မြင့် ပြောကြားနေစဉ်

“လွှတ်တော်အ ခွင့်အရေး ကော်မတီအနေနဲ့ သက်ဆိုင်တဲ့ ဆက်စပ်ဝန်ကြီးဌာ နတွေကို ဖိတ်ခေါ်ပြီး ဖြစ်စဉ်တွေကို အသေးစိတ် စိစစ်ပါ။ ဒေါက်တာ အေးမောင်တို့နဲ့ ပတ်သက်တဲ့ စစ်ဆေးတွေ့ရှိ ချက်တွေကိုလည်း အကူအညီပေးပါ။ ဒါတွေကို စာတမ်းတစောင်ပြုစုပါ။ နောက် လွှတ်တော် ဥက္ကဋ္ဌအချင်းချင်းတွေ ဒါမျိုးကို အရေးဆိုတဲ့စာ ပေးပို့ဖို့ လိုအပ်ပါတယ်။”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်တို့အဖွဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မော်တော်ယာဉ်နဲ့သွားလာနေတုန်း ဆိုင်ကယ်စီးလာသူ ၂ ဦးက ဘေးချင်းယှဉ် သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

အမှုအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ရှင်းလင်းနေစဉ်

ဒီအမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က “ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အမှုဖွင့်လိုက်လံ စစ်ဆေးဆောင်ရွက် လျက်ရှိပါ တယ်။ ဒီအမှုနဲ့ပတ်သက်လို့ မျက်မြင်သက်သေ ၅ ဦးကို စစ်ဆေးနိုင်ခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး တရားခံ ၂ ဦး ဖမ်းဆီးနိုင်ရေးအတွက် မလေးရှားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့ အတွင်းရေးမှူးရုံး၊ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့သို့ ဆက်သွယ်ပြီး အမှု ပေါ်ပေါက်ဖို့ စုံစမ်းဖော်ထုတ်လက်ရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်အမားတွေ သတ်ဖြတ်ခံရတဲ့သတင်းတွေလည်း အင်တာနက်စာမျက်နှာတွေပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ကို အကူအညီတောင်းခံတဲ့ အမှုအရေအတွက် ၅၅ မှုရှိခဲ့ပြီး နိုင်ငံတကာက အကူအညီ တောင်းခံလာတဲ့အမှုအရေအတွက် ၇၇ မှုရှိပါတယ်။ ဒီအမှုတွေထဲက အမှုပေါင်း ၃၆ မှုကို ပြန်လည်အကူအညီပေးနိုင်ခဲ့ပါတယ်။

၂၀၁၂ ကနေ ၂၀၁၄ခုနှစ် စက်တင်ဘာအထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ၁၁ မှု၊ မလေးရှားရဲက ၁၀ မှု အပြန်အလှန် အကူအညီ တောင်းခံခဲ့ပါတယ်။ အဲဒီအထဲက ၁၀ မှုကို အပြန်အလှန် ကူညီနိုင်ခဲ့ပြီး ကျန်တဲ့ အမှုတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီလိုကူညီဆောင်ရွက်တာဟာ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်လိုမှု တို့အပေါ်မူတည်ပြီး အခြေခံဆောင်ရွက်ရတာဖြစ်လို့ ဥပဒေအရ စည်းနှောင်မှု မရှိဘူးလို့ ပြည်ထဲရေး ဒုတိယ၀န်ကြီးက ပြောပါတယ်။

DVB

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...