အဲဒီ စစ်သားတွေနဲ့အတူ အထူးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်လေယာဉ် ၁၀ စင်းကိုပါ စေလွှတ်မှာ ဖြစ်ပါတယ်။
အဲဒီ စစ်သားတွေကို တိုက်ခိုက်ရေးမှာ တကယ်ပါဝင်ဖို့ မပို့ဆောင်ခင် အချိန်အထိ UAE နိုင်ငံမှာ တပတ်နှစ်ပတ်အစား လနဲ့ ချီ ကြာမြှင့်နိုင်တယ်လို့လည်း ဝန်ကြီးချုပ် တိုနီအာဘော့တ်က သတိပေးထားပါတယ်။
IS အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် သြစတြေးလျ စစ်သားတွေကို အဆင်သင့် ပို့ဆောင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အတိုက်အခံပါတီကလည်း ထောက်ခံလိုက်ပါတယ်။
ဒီအကြမ်းဖက်မှု တိုက်ဖျက်ရေးမှာ အတိုက်အခံပါတီက အစိုးရနဲ့ အတူ ရှိနေတဲ့အကြောင်း နိုင်ငံတော် လုံခြုံရေးနဲ့ ပတ်သက်လာရင် ဝန်ကြီးချုပ်နဲ့သူဟာ မိတ်ဖက် ပါတနာတွေ ဖြစ်ကြတယ်လို့ အတိုက်အခံပါတီ ခေါင်းဆောင် Bill Shorten က ပြောပါတယ်။
IS အဖွဲ့ကို တိုက်ခိုက်ရာမှာ ပါဝင်ဖို့ အမေရိကန်က သြစတြေးလျနဲ့ တချို့နိုင်ငံကို တောင်းဆိုထားရာက သြစတြေးလျက အခုလို ပို့ဆောင်ဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
သြစတြေးလျက စစ်သားအယောက် ၆၀၀ ကို ပို့ဆောင်တယ်ဆိုပေမယ့် အယောက် ၁၈၀၀ ကို အလှည့်ကျ လုပ်ဆောင်ခိုင်းမှာ ဖြစ်တဲ့အတွက် အတော့်ကို ကုန်ကျစရိတ်များတဲ့ အစီအစဉ်ဖြစ်တယ်လို့ သုံးသပ်သူတွေက ထောက်ပြထားပါတယ်။
တချိန်တည်းမှာပဲ သြစတြေးလျနိုင်ငံသား တချို့ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံကို သွားပြီး ISIS အဖွဲ့လို အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းရာက သြစတြေးလျနိုင်ငံထဲ ပြန်ဝင်ရောက်တာမျိုးရှိတဲ့အတွက် သြစတြေးလျ အစိုးရက မကြာခင် ရက်ပိုင်းကပဲ အကြမ်းဖက်မှု ခံရနိုင်တဲ့ တပ်လှန့်မှုအဆင့်ကို တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။
IS အဖွဲ့ကို အမေရိကန်နဲ့ အတူ တိုက်ခိုက်မယ်လို့ သဘောတူခဲ့သူတွေထဲမှာ သြစတြေးလျ နဲ့ ပြင်သစ်တို့ ပါဝင်သလို အာရပ်ဒေသက နိုင်ငံတွေလည်း အတော်များများ ပါဝင်လာပြီလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
ဂျွန်ကယ်ရီဟာ IS အဖွဲ့ကို တိုက်ခိုက်ရာမှာ ပါဝင်ဖို့ စည်းရုံးရေးဆင်းတဲ့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ဥရောပကို သွားရောက်နေတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း နိုင်ငံအတော်များများက အမေရိကန်နဲ့ အတူ ပူးပေါင်းတိုက်ဖျက်သွားမယ်ဆိုတဲ့ ကတိတွေ ပေးခဲ့ကြပြီး တချို့နိုင်ငံကတော့ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမြေပြင်အထိ သူတို့ စစ်သားတွေကို စေလွှတ်မယ်လို့ ပြောဆိုထားပါတယ်။
အမေရိကန်ကတော့ မြေပြင်တိုက်ခိုက်ဖို့အတွက် မလိုသေးကြောင်း ပြောဆိုထားပါတယ်။
မြေပြင်တိုက်ခိုက်မှုကို ဆီးရီးယားသူပုန်၊ ဆီရတ်စစ်တပ်နဲ့ Kurdish စစ်တပ်တွေကို လုပ်ခိုင်းမှာဖြစ်ပြီး အဲဒီအဖွဲ့တွေ လိုအပ်မယ့် စစ်သုံးပစ္စည်းတွေ၊ သင်တန်းတွေ ပေးမှာ ဖြစ်ပါတယ်။ ဒီတပါတ်အတွင်း အမေရိကန် လွှတ်တော်က ဆီးရီးယား သူပုန်တွေကို လက်နက် တပ်ဆင်တာတွေ၊ စစ်သင်တန်းပေးတာတွေ လုပ်သင့်မသင့် ဆုံးဖြတ်မယ့်အကြောင်း အေဘီစီ သတင်းထောက် Ben Knight က ဝါရှင်တန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-15/1368279

အတိုက်အခံပါတီက ထောက်ခံ

IS အဖွဲ့ကို အမေရိကန်နဲ့ ပူးပေါင်းတိုက်ခိုက်လိုတဲ့ နိုင်ငံ ပိုများလာ