Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆရာဆရာများအဖွဲ့ချုပ် ကန့်ကွက်

$
0
0
အမျိုးသား ပညာရေး ဥပဒေ(မူကြမ်း) ဟာ ကျောင်းသားဆရာ၊ မိဘတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီ စံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် အပြင်းအထန် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများ အဖွဲ့ချုပ်က ဒီနေ့ ကြေညာ လိုက်ပါတယ်။

အမျိုးသား ပညာရေး ဥပဒေ (မူကြမ်း) အပေါ် ကျောင်းသား သမဂ္ဂတွေက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေမှုတွေ နဲ့ ပတ်သက် လို့ ကြေညာ ချက်ထုတ်ပြန်ပြီး အခုလို ပြောကြား လိုက်တာပါ။

ကျောင်းသား သမဂ္ဂတွေရဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရတဲ့ ရည်ရွယ်ချက်တွေကို ဆရာဆရာမများအဖွဲ့ချုပ်အနေနဲ့ အပြည့်အ၀ထောက်ခံကြောင်း၊ အမျိုးသားပညာရေးဥပဒေမူကြမ်းဟာ ကျောင်းသားဆရာ၊ မိဘတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုပြီး ဒီမိုကရေစီစံနှုန်းတွေနဲ့ မညီညွတ်တာကြောင့် နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုနိုင်တဲ့ ဥပဒေ တခုလို့ ယုံကြည်ခြင်းမရှိတာကြောင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေးကွန်ရက် (NNER)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်နဲ့ ကျောင်းသားသမဂ္ဂတွေဟာ အဖွဲ့တခုနဲ့တခု အပြန်အလှန် လွှမ်းမိုးမှု ကင်းပြီး လွတ်လပ်စွာရပ်တည်နေတဲ့ အဖွဲ့အစည်းတွေဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64960

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>