ပုံစာ - ဒီကနေ့ မြို့နယ်တရားရုံးရှိတဲ့ ဦးအောင်ဇေယျ လမ်းမှာတွေ့တဲ့ ချိန်ကိုက်မိုင်း ။
ဒီနေမနက်မြ၀တီက မြို့နယ်တရာရုံးနားမှာ မနေ့ကတွေ့တဲ့ ချိန်ကိုက်မိုင်းမျိုး နောက်တလုံးထပ်တွေ့တယ်။
အမျိုးအစားတူညီပြီး နေ့လည် ၁၂ နာရီအချိန်ကို ချိန်ကိုက်ထားတယ်လို့ ဒီမိုင်းကိုလာရောက်ရှင်းလင်းခဲ့တဲ့ စစ်ပြေပြင်အင်ဂျင်နီယာတပ်စပ်က တပ်ကြပ်ကြီးသိန်းကျော်က ဆိုပါတယ်။
နေ့လည် ၁၂ နာရီဆိုတော့ တရားရုံးမှာ အမှုသည်တွေ ရှေ့နေရှေ့ရပ်တွေ အမှုပွဲစားတွေ ရုံးနားကစားသောက်ဆိုင်တွေမှာ လူစုံတတ်တဲ့အချိန်ဆိုတော့ ဒီမိုင်းသာကွဲခဲ့ရင်တော့ ဘာပြောကောင်းမှာလဲဆိုပြီး မြို့ နယ်အဆင့်တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုပါတယ်။
နှစ်ရက်ဆက်တိုက်တွေတဲ့ ချိန်ကိုက်မိုင်းကတော့ ပင်မယမ်းအုံ အရှည် ၆လက်မ အချင်း ၂ လက်မ အလေးချိန် ၁.၈ ကီခိုခန့်ရှိပြီး ဓာတ်ခဲအသုံးပြုထားတဲ့ စားပွဲတင်နာရီနဲ့
ထောင်ထားတာဆိုတော့ ဒီယမ်းရဲ့ ပြင်းအားကကြီးတယ်ဆိုပြီး စစ်အင်ဂျင်နီယာတပ်က အငြိမ်းစားတပ်ကြပ်ကြီး တဦးကဆိုပါတယ်။
အာဏာပိုင်တွေကတော့ ဒီမိုင်းရဲ့လက်သည်က မောင်ဖြူ မောင်မဲ ဆိုပြီးတော့ ပြောဆိုတာတွေမရှိသေးပါဘူး။
ပြည်တွင်းပြည်ပက အဖျက်အမှောက် ဆောင်ရွက်လိုတဲ့အဖွဲ့တွေ ဆောင်ရွက်ခဲ့တာ ဖြစ်နိုင်တယ်လို့ဘဲ ကနဦးသုံးသပ်ခဲ့တယ်လို့ သိရပါတယ်။
ချိန်ကိုက်မိုင်းနဲ့ပတ်သက်ပြီး မြ၀တီကလူတွေ စိုးရိမ်စိတ်တွေနဲအတူ့ အထူးစိတ်ဝင်စားနေတာကတော့ နောက်ဆက်တွဲဘာတွေထပ်ဖြစ်အုံးမှာလဲ ဘာတွေထပ်ပြီးရူတ်ထွေးလာအုံးမှာလည်း ဆိုတာပါဘဲလို့ မြို့ ခံတဦးက ပြောဆိုပါတယ်။
သူပြောတဲ့အထဲမှာ"မြ၀တီမှာအေးချမ်းလာတာ ဘာမှမကြာသေးဘူး ဒါကိုဘယ်သူမှအရောင်မဆိုးပါနဲ့ဗျာ" ဆိုတာပါဘဲ။
ကရင်အမျိုးသား- မီဒီယာ