Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဘီကီနီမှတ်ချက်ပေးစကားကို ထိုင်းဝန်ကြီးချုပ် ပြန်လည်တောင်းပန်

$
0
0

ဘီကီနီဝတ်၍ စွဲဆောင်မှု ရှိနေသော နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ အနေဖြင့် ပိုမို၍ အကြမ်းဖက် ခံရဖွယ်ရှိကြောင်း မှတ်ချက်ပေး ပြောဆိုမိသည့် အပေါ် ထိုင်းဝန်ကြီးချုပ် ဖရာယုချန်အိုချာက ပြန်လည် တောင်းပန်လိုက်ကြောင်း သိရသည်။

ခိုတောင်းကျွန်း ကမ်းခြေတွင် အားလပ်ရက်အပန်းဖြေ ခရီးထွက်လာသော ဗြိတိန်နှစ်ဦး အသတ်ခံရပြီးနောက် ရက်ပိုင်းအကြာတွင် ၀န်ကြီးချုပ်၏ မှတ်ချက်ပေးစကား ပေါ်ထွက်လာခြင်းဖြစ်သည်။

အဆိုပါ မှတ်ချက်ပေးစကားက လူအများအကြား လွန်စွာ ဂယက်ရိုက်သွားခဲ့ပြီး ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးကလည်း ပြန်လည် ဖြေရှင်းချက်ထုတ်ပြန်ပေးရန် ထိုင်းအစိုးရ အရာရှိများအား ဆက်သွယ်ပြောဆိုခဲ့သည်။

"လူအများကို ထိခိုက်သွားစေတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်"ဟု ကြာသပတေးနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ၀န်ကြီးချုပ် ချန်အိုချာက ဆိုသည်။

ဝန်ကြီးချုပ်သည် ဗုဒဟူးနေ့က အစိုးရအရာရှိများနှင့်တွေ့ဆုံစဉ် အငြင်းပွားဖွယ် မှတ်ချက်ပေးစကားကို ပြောဆိုခဲ့ခြင်းဖြစ်သည်။ "သူတို့တွေ (ကမ္ဘာလှည့် ခရီးသည်တွေ) ထင်ကြတာက၊ ကျွန်တော်တို့ရဲ့ နိုင်ငံဟာ အရမ်းလှတယ်၊ ဘေးကင်းလုံခြုံတယ်၊ ဒါကြောင့် သူတို့ လုပ်ချင်ရာ လုပ်လို့ရတယ်၊ ဘီကီနီဝတ်ပြီး သွားချင်ရာ သွားလို့ရတယ်၊ အဲဒီလိုထင်ကြတာဗျ" ဟူသော ၀န်ကြီးချုပ်၏ပြောစကားကို ကိုးကားကာ သတင်းမီဒီယာများက ဖော်ပြကြခြင်း ဖြစ်သည်။

လက်ရှိဖမ်းဆီးထားသော သံသယရှိသူများနှင့် အခင်းဖြစ်သည့် နေရာတွင် တွေ့ရှိရ သော DNA မှာ ကိုက်ညီမှုမရှိသည့်အတွက် ထိုင်းရဲများအနေဖြင့် ဗြိတိန်နှစ်ဦးအား သတ်ဖြတ်သွားသူများကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းနေရဆဲဖြစ်ကြောင်း ရဲများက ၀န်ခံထားသည်။

အသက် ၂၃ နှစ်အရွယ် ဟာနာ့ဝစ်သ်ရစ်ဂ်ျနှင့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မီလာတို့၏ အလောင်းကို ခိုတောင်းတွင် တနင်္လာနေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဗြိတိန်ညီအစ်ကိုနှစ်ဦးဖြစ်သော ခရစ္စတိုဖာနှင့် ဂျိမ်းစ်ဝဲတို့အား မေးမြန်းစစ်ဆေး ခဲ့သော်လည်း ၄င်းတို့ကို စွဲချက်တင်ရန် သက်သေအထောက်အထား တစ်စုံတစ်ရာမတွေ့ရကြောင်း ရဲများက ဆိုသည်။

ထို့ပြင် လူသတ်သည်ဟု သံသယရှိသော မြန်မာများနှင့်လည်း DNA မှာ ကိုက်ညီမှု မရှိပါကြောင်း ရဲများက ဆိုထားသည်။

ဗိုလ်ချုပ်ကြီးဖရာယုသည် မေလအတွင်းက စစ်တပ်အာဏာသိမ်းပွဲကို ဦးဆောင်ခဲ့သူဖြစ်ပြီး လွန်ခဲ့သည့်လမှစ၍ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် စစ်တပ်အာဏာသိမ်းမှု၊ ကာဖျူး ထုတ်ပြန်မှုနှင့် ယာယီမာရှယ်လော ထုတ်ပြန်မှုတို့ကြောင့် ထိခိုက်နစ်နာမှုများ ရှိခဲ့သည်ဟု သိရသည်။

Ref: BBC

စည်သူကျော်စွာ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>