Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဝန်ကြီးဟောင်းဦးအောင်သောင်းသားပိုင် IGE ကုမ္ပဏီက တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းအကြောင်း အစိုးရကထိမ်ချန်ဖြေကြား

$
0
0
ဝန်ကြီးဟောင်းဦးအောင်သောင်းသားပိုင်သည့် IGE ကုမ္ဗဏီက တည်ဆောက်မည့် သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း (တာဆန်း)နှင့်ပတ်သက်၍ ကွန်ဟိန်းမဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏မေးမြန်းချက်ကို အစိုးရကထိမ်ချန်ဖြေကြားခဲ့ကြောင်းသိရသည်။ 

“ကျွန်မက မေးခွန်း(၅)ချက်မေးခဲ့တာ။ ကျွန်မမေးခွန်းကို နံပါတ်(က)တခုလောက်ပဲဖြေတယ်လို့ သဘောထားလို့ရတယ်။ ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြပေးဖို့ သင့်တယ်”ဟု ဒေါ်နန်းဝါနု က News Watch ဂျာနယ်ကိုပြောသည်။ 

၁၆-၉-၂၀၁၄ ရက်နေ့ ဒေါ်နန်းဝါနုက ရှမ်းပြည်နယ်၊ မိုင်းတုံမြို့နယ်အတွင်း အဆိုပါစီမံကိန်းအကြောင်းမေးမြန်းရာတွင် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေ၊ ဆောင်ရွက်ချက် မည်သည့်အဆင့်သို့ရောက်ရှိနေမှု၊ EIA.SIA နှင့်ပတ်သက်၍ ပြည်သူ သိရှိရန်ဆောင်ရွက်ထားရှိမှု နိုင်ငံတော်နှင့်ဒေသခံများ လျှပ်စစ်တိုက်ရိုက်သုံးစွဲခွင့်ရရှိမှု အခြေအနေနှင့် အခွင့်အလမ်းများ၊ အစိုးရနှင့်ပြည်သူတို့၏ အကျိုးအမြတ်ခံစားခွင့် စသည်တို့ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။ သို့သော်လည်းလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးဦးမော်သာထွေးက အဆိုပါစီမံကိန်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Three Gorges Corporation၊ ထိုင်းနိုင်ငံ EGAT International နှင့် တိုင်းရင်းသား လုပ်ငန်းရှင်ဖြစ်သော International Group of Entrepreneures Company Ltd (IGE) တို့နှင့် ၁၀-၁၁-၂၀၁၀ ပြည့်နှစ်က MOU ထိုးခဲ့ကြောင်း ပြန်လည်ဖြေကြားချက်တွင် ထည့်သွင်းပြောကြားသည်။

ယင်းအပြင် အဆိုပါစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၄၇၁၇ ထွက်မည်ဟုခန့်မှန်းထားကြောင်း၊ ကွန်ဟိန်းမြို့နယ်တာကော် တံတားသည် ရေ၀ပ်ဧရိယာအတွင်းကျရောက်နေ၍ တံတားအသစ်ပြန်ဆောက်ပေးမည်ဖြစ်ကြောင်း ဖြေကြားချက်တွင်ပါရှိသည်။ ၎င်းစီမံကိန်းမှထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည်တွင်းတွင် အဓိကသုံးစွဲသွားမည်ဖြစ်ပြီး ပိုလျှံမှသာအိမ်နီးချင်းနိုင်ငံများကို ရောင်း ချမည်ဟုဖြေကြားထားသည်။ 
“IGE က သံလွင်မြစ်ပေါ်မှာ ဆောက်မယ့်ဆည်တွေနဲ့တော်တော်ပတ်သက်နေ တယ်၊ အစိုးရကဘယ်လောက်အကျိုးအမြတ်ရှိမလဲ မေးတယ်။ သူတို့ကမဖြေဘူး။ တာ ကော်တံတားအသစ်လုပ်ပေးမယ်ဆိုတာ လုံးလုံးမြုပ်မယ့်သဘောပေါ့။ ဒီအကျိုးဆက်ကို ဘယ်လိုလုပ်မလဲဆိုတာမဖြေဘူး”ဟု ဒေါ်နန်းဝါနုက အဆိုပါစီမံကိန်းကိစ္စနှင့် ပတ်သက်၍ မေးမြန်းခဲ့သည့်အတွေ့အကြုံကိုပြောပြသည်။ 

သံလွင်မြစ်အတွင်း တည်ဆောက်မည် ဆိုသည့် ယင်းရေအားလျှပ်စစ်စီမံကိန်းမှာမစတင်သေးဟု အစိုးရဘက်ကပြောနေသော်လည်း ဒေသခံတို့ကစီမံကိန်းလုပ်နေပြီဖြစ်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်လာမည်ကိုတွေးကာ စိတ်ပူနေကြကြောင်းသိရသည်။ 
“နိုင်ငံခြားသားတွေလာလာနေတာတွေ့တယ်။ စစ်တပ် ကလည်းအထပ်ထပ်စောင့်နေတယ်။ RCSS နယ်မြေမှာလည်းဖြစ်နေတော့ သွားကြည့် ရမှာမသွားရဲဘူး”ဟု ဒေသခံတဦးက ပြောသည်။ 

မေငယ်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>