Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သယံဇာတနဲ့ လောဘ -ပုရစ်

$
0
0
(၁)

ဒီနှစ် တွေမှာ...
ထူးထူးခြားခြာသတိထားမိတာကတော့
ရာသီဥတုပူတာပဲဖြစ်ပါတယ်..

ကျွန်တော်တို့နိုင်ငံဟာ..
ကျွန်တော်တို့ငယ်ငယ်က..
တစ်ခါမှ မကြားဘူးခဲ့တဲ့...
နွေရာသီတွေမှာ အပူလွန်ကဲပြီး...
ခရမ်းလွန်ရောင်ခြည် လွန်ကဲလာတဲ့
သတိပေးမှုတွေကိုလဲ
မကြာခဏကြားလာရတာကို
သတိထားမိလာတယ်.၊

အခုမိုးတွင်းမှာလဲ..
တစ်သက်လုံးရေမကြီးဖူးတဲ့ဒေသတွေမှာ
ရေကြီးတာတွေဖြစ်နေပါတယ်၊

တိုင်းပြည်ရဲ့ သယံဇာတတွေ..
ရေမြေတောတောင်တွေ
သိသိသာသာဆုတ်ယုတ်လာတဲ့အတွက်
ရာသီဥတုတွေ ဖေါက်ပြန်လာတာပေါ့ဗျာ..

----------------

ကမ္ဘာမှာ မြန်မာဟေ့လို့..
စတင်ပေါ်ပေါက်လာတဲ့အချိန်ကတည်းက
ကျွန်တော်တို့နိုင်ငံရဲ့ ရာသီဥတုကို
အဓိက ထိန်းညှိပေးတာကတော့..
တစ်ချိန်က...နိုင်ငံအနှံ့စိမ်းလန်းခဲ့တဲ့
သစ်တောကြီးတွေပဲဖြစ်ပါတယ်..၊

အင်္ဂံလိပ်တွေမြန်မာနိုင်ငံကို
နှစ် ၁၀၀ လောက်အုပ်ချုပ်တဲ့အချိန်မှာ
တိုင်းပြည်ရဲ့ သယံဇာတဖြစ်တဲ့
ကမ္ဘာ့နံပါတ် (၁) မြန်မာ့ကျွန်းသစ်ကို..
စီးပွားဖြစ်ထုတ်လုပ်ခဲ့ပေမဲ့
မြန်မာ့သစ်တောတွေဟာ နှစ်ပေါင်းတစ်ရာအတွင်းမှာ
အလွန်အမင်း ပျောက်ကွယ်သွားတာမျိုးမရှိခဲ့ပါဘူး..၊

ဘာကြောင့်လည်းဆိုတော့
သစ်တောထိန်းသိမ်းနည်းစနစ်တွေ
သစ်တောပညာတွေနဲ့
အသုံးပြုထိန်းသိမ်းနိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်..
သစ်တောမွေးမြူတဲ့စနစ်တွေ..၊
သစ်တောစိုက်ပျိုးမှုနည်းပညာတွေကိုပါ
အဲဒီခေတ်က ပညာရှင်တွေထွန်းကားခဲ့တဲ့
အင်္ဂံလိပ်တွေဟာ..
ကျွန်တော်တို့ မြန်မာလူမျိုးတွေကိုပါ
လက်ဆင့်ကမ်းခဲ့ပါတယ်..၊

အဲဒီသစ်တောထိန်းသိမ်းနည်းပညာတွေဟာ..
မဆလလက်ထက်အထိ စနစ်တကျဖြစ်ခဲ့ပါတယ်.
မဆလ အာဏာရှင်ဦးနေ၀င်းဟာ...
သစ် ၊ ကျောက်မြက် ၊စွမ်းအင်စတဲ့ သယံဇာတတွကို
လွန်ကဲစွာထုတ်ယူသုံးစွဲခြင်းမရှိတာကိုလည်း
တွေ့ရပါတယ်..၊

အဲဒီအတွက်ကြောင့်လည်း ၁၉၈၈ ခုနှစ်အထိ..
မြန်မာနိုင်ငံဟာ..ကမ္ဘာက မျက်စိကျနေတဲ့.
ဆင်းရဲတဲ့အပျိုစင်နိုင်ငံတစ်ခုအဆင့်မှာ..
ရပ်တည်ခဲ့သေးပါတယ်...၊

မြန်မာ့ သစ်တောတွေ..၊ ကျောက်မျက်တွေ..၊
စွမ်းအင်တွေကို ကမ္ဘာက သွားရည်တမြားမြားနဲ့
မျက်စေ့ကျနေကြတာပေါ့ဗျာ...။

---------------------------

(၂)

အဲဒီနောက်ပိုင်း စစ်အာဏာရှင်
နအဖအစိုးရတက်လာတဲ့အချိန်မှာ
နအဖအစိုးရရဲ့ ညံ့ဖျင်းတဲ့အတွေးအခေါ်နဲ့
စုတ်ပြတ်နေတဲ့အမျှော်အမြင်ကြောင့်..
ကမ္ဘာ့က အော့ကြောလန်ဘ၀ကို ရောက်ခဲ့ပြီး...
စစ်အာဏာရှင်တွေ ရဲ့ မသမာမှုတွေကြောင့်
ကမ္ဘာကစီးပွားရေးပိတ်ဆို့တာကို
ခံခဲ့ရပါတယ်..၊

စီးပွားရေးပိတ်ဆို့တဲ့ ရည်ရွယ်ချက်က..
လူ့အခွင့်ရေးနဲ့ ဒီမိုကရေစီရေးကို..
နကန်းတစ်လုံးမှ မသိတဲ့ အာဏာရှင်တွေကို
နောင်ကျဉ်သွားအောင်လုပ်တာ
ဖြစ်ပါတယ်...၊၊

၁၉၉၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့
NLD ကို နှိပ်ကွပ်လို့ဖြစ်ပါတယ်..၊

တိုင်းပြည်စီးပွားရေးပိတ်ဆို့ခံရရင်
ပြည်သူတွေမခံမရပ်နိုင်ဖြစ်လာမယ်
အဲဒီအခါကြရင် အာဏာရှင်အကြပ်ရိုက်ပြီး
ပွင့်လင်းမြင်သာတဲ့ဒီမိုကရေစီစနစ်ကို
ပြည်သူတွေကို ဖေါ်ဆောင်ပေးမယ်..လို့ယူဆပြီး
စီးပွားရေးပိတ်ဆို့ခဲ့တာဖြစ်ပါတယ်..

ဒါပေမဲ့ စစ်အစိုးရဟာ..
စီးပွားရေးပိတ်ဆို့မှုအတွက်
ပြည်သူကိုသာထိခိုက်အောင်
လုပ်ခဲ့ပြီး သူတို့ကျတော့
သယံဇာတတွေအကုန်လုံးကို ထုတ်ရောင်းစားကာ..
သူတို့အာဏာအသက်ကို
ဖြစ်တဲ့နည်းနဲ့ သက်ဆိုးရှည်အောင်လုပ်ခဲ့ပါတယ်..။

သက်ဆိုးရှည်တယ်လို့ဆိုရာမှာ..

တိုင်းပြည်ရဲ့ စီးပွားရေးလည်ပတ်မှုအတွက်
သယံဇာတထုတ်သုံးတာမျိုးဟာ
လက်ခံနိုင်စရာရှိပေမဲ့...
သူတို့ရဲ့ Personal ပိုင်ဆိုင်မှုတွေအတွက်
သယံဇာတတွေကို
ထုတ်ယူရောင်းစားခဲ့တာမျိုးဖြစ်နေတဲ့အတွက်..
.လောဘမသတ်နိုင်အောင်ဖြစ်ပြီး
တိုင်းပြည်က ဆင်းရဲတွင်းနက်သည်ထက်နက်ပြီး
အာဏာရှင်မိသားစုတွေကတော့
ချမ်းသာပြီးရင်းချမ်းသာခဲ့ပါတယ်..၊

အဲဒီလို လုပ်ခဲ့ကြတဲ့အချိန်မှာ
အဓိက ဒဏ်ခံရတာကတော့
မြန်မာ့ကျွန်းသစ်များနဲ့သစ်တောတွေဖြစ်ပါတယ်.၊

--------------------

(၃)

မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုဧရိယာဟာ
ခရိုနီတွေကို သစ်ထုတ်ပိုင်ခွင့်တွေ
ပေးလိုက်ရတဲ့အချိန်ကစပြီး...
မျက်လှည့်ပြလိုက်သလို လျော့ပါးလာတာကို
တွေ့ရပါတယ်...၊

တစ်ခေတ်မှာ တစ်ချက်ကောင်းဆိုသလို..
ပညာဥာဏ်မဲ့ ခုတ်ထွင်ခဲ့ကြလို့
မြန်မာ့သစ်တောတွေဟာ..
တစ်တိတိပြုန်းတီးနေပြီး...
ကမ္ဘာက ပါးစပ်အဟောင်းသား
ဖြစ်သွားလောက်အောင်ကို..
ပြောင်စင်ခဲ့ရပြီ ဖြစ်ပါတယ်..၊

သစ်တောကိုထုတ်ရာမှာ
တရားဝင်ရောတရားမ၀င်ရော
နည်းမျိုးစုံနဲ့ထုတ်တဲ့အပြင်
"သစ်တောထိန်းသိမ်းမှုပညာဆိုတာ ဂျိုနဲ့လား" ..လို့ကို
မေးရမလိုဖြစ်တဲ့အထိ..စည်းကမ်းမဲ့ခဲ့ကြပါတယ်..
ဒါကို ဗိုလ်ချုပ်တွေကိုယ်တိုင်ကိုက
မသိချင်ယောင်ဆောင်ပေးခဲ့ကြပါတယ်..။

အဲဒီလိုမျိုးနဲ့ အပြိုင် ဆက်စပ်တဲ့ ဆိုးကျိုးတွေကတော့..
တရုတ်တွေရဲ့ အာဏာရှင်တွေနဲ့ပေါင်းပြီး တရုတ်ပြည်ရဲ့
စွမ်းအင်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့အနေနဲ့.
မြစ်တွေကို ပိတ်ပြီးရေအားလျှပ်စစ်အတွက်..
ဆည်တွေ တာတမံတွေတည်ဆောက်ခြင်းပါပဲ...၊

အဲဒီလိုဖြစ်နေတာကို ထပ်ပြီး ပိုမိုဆိုးဝါးစေတာကတော့..

ပြည်သူတွေမှီခိုအားထားနေရတဲ့ မြစ်ကြီးတွေရဲ့
မြစ်ညာဒေသတွေမှာ....သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေကို
စုတ်ပြတ်သတ်နေအောင် လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်..၊

ရွှေလိုသတ္တုမျိုးကိုတူးဖေါ်ရင်..
ဆိုင်ယာနိုက်လို အဆိပ်ပါတဲ့ ဓာတုရည်တွေကို
အသုံးပြုရတဲ့အတွက် တစ်ချို့ဒေသတွေမှာ..
ကြည်လင်လှတဲ့မြစ်ချောင်းတွေ အဆိပ်ဖြစ်ခဲ့ကြပါတယ်၊

ပြီးတော့
တစ်ချိန်တုန်းက ဂျပန်တွေလက်နက်ချတာကို
တစ်နှစ်လောက် နောက်ကျပြီးမှသိခဲ့တဲ့အထိ
ဂျပန်စစ်တပ်တစ်တပ်လုံး
တစ်နှစ်လောက်မျက်စိလည်စေခဲတဲ့ ပဲခူးရိုးမဟာ...
ရိုးမလို့ ခေါ်စရာမရှိလောက်အောင်ကို
ပျောက်ကွယ်သွားပြီး..ကျန်တဲ့ ၇ိုးမတွေဟာလည်း..
ကတုံးပြောင်တွေဘ၀ရောက်ရှိသွားပါပြီ..၊

---------------------

(၄)

အာဏာရှင်ဟာ...
"မြန်မာ့ ရေ.မြေ..တော..တောင်..."လို့ ခေါ်တဲ့အချက်တွေထဲက
ရေ ကော.. မြေကော.. တောကော.. တောင်ကော..ကို
ဗြောင်းဆန်အောင်အပြောင်ရှင်းခဲ့တာပါ...၊

ဥပမာပြောရရင်..မြစ်ဆုံဆည်အတွက်
ဧရာဝတီကိုတောင်ပိတ်ဆို့ခဲ့ကြသလို
မြစ်ဆုံစီမံကိန်းဒေသရဲ့ ရေ၀င်ဧရိယာတွေက
သစ်တောနဲ့ သဘာဝတောရိုင်းတွေကို
တရုတ်တွေက တစ်ရက်ကို ကားအစီး တစ်ရာကျော်နဲ့
ညစဉ် သယ်ထုတ်ခဲ့ကြတာက
ခိုင်မာတဲ့သက်သေတွေဖြစ်ပါတယ်..

အဲဒီလိုပဲ.. စီမံကိန်းတောင် ဖြစ်မဖြစ်မသေချာတော့တဲ့
ထမံသီဒေသကသစ်တောဧရိယာ ဧက (၃)သိန်းကျော်ကို..
စီမံကိန်းအကြောင်းပြကာ..ကြိုတင်အပြောင်ရှင်းပြီး
အမြတ်ထုတ်ခဲ့တာတွေက သက်သေပဲဖြစ်ပါတယ်..၊

ရင်နာစရာကောင်းလိုက်တဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်..။

တိုင်းပြည်တစ်ခုလုံး နှစ်ထောင်ချီ တည်ရှိခဲ့တဲ့
သဘာဝ ဂေဟစနစ်တစ်ခုလုံးကို
ဇောက်ထိုးဖြစ်အောင် လုပ်ခဲ့ကြပါတယ်..

နောင်အနှစ် လေးငါးရာအတွင်းမှာ
ဒီလိုမျိုးသစ်တောတွေကိုပြန်မွေးမြူဖို့..
လုံးဝမလွယ်ပါဘူး..

တိုင်းပြည်မှာ လက်ရှိကျန်ရှိနေတဲ့
သစ်တောဧရိယာ အစစ်အမှန်
ဧကဘယ်လောက်ကျန်သေးသလဲ
ဆိုတာကို လက်ရှိအစိုးရအဖွဲ့ဝင်တွေ
ပြည်သူကို တရားဝင်မကြေငြာရဲတာကို
တွေ့ရမှာဖြစ်ပါတယ်.။

ရင်းနှီးတဲ့ သစ်တောပညာရှင်တွေပြောအရတော့..
အစိုးရကိုယ်တိုင်က Paper work ထဲမှာ
နစ်မြုတ်နေဆဲဖြစ်တဲ့အတွက်..
လက်ရှိ သစ်တောဧကဟာလည်း..
အပြင်မှာထက်..စာရွက်ထဲမှာ အများကြီး
ပိုပြထားတယ်...လို့ မှတ်သားရဖူးပါတယ်။

၂၀၁၄ Google Map မှာတော့ မြန်မာနိုင်ငံဟာ..
ထိုင်းနိုင်ငံထက်ကို အစိမ်းရောင်အကွက်တွေ
သိသိသာသာ...နည်းသွားတာကို
တွေ့ရမှာဖြစ်ပါတယ်..၊

အစိုးရဟာသစ်အလုံးလိုက်တင်ပို့ရောင်းချမှုတွေကို
တားမြစ်ထားတယ်လို့ လူကြားကောင်းအောင်
ပြောပြီးတဲ့နောက်မှာ.
သစ်အတွေကိုအလုံးလိုက်ခုတ်ကြပြီးမှ..
မြစ်ရိုးအတိုင်း မျောလာပြီါ် မြစ်ကမ်းနဖူးတွေမှာရှိတဲ့
သစ်ခွဲစတ်ကတွေဆီအမြန်ပို့ ခွဲစိတ်ဖြတ်တောက်ပြီး
နြိုင်ငံခြားကို ပို့ကြမှာဖြစ်တဲ့အတွက်..

ခရိုနီတွေဟာ..မြစ်ကမ်းစပ်ဘေးတွေမှာ
ကြီးမားတဲ့သစ်ခွဲစက်ကြီးတွေထောင်နေကြတယ်
ဆိုတဲ့ သတင်းတွေလဲ ကြားလာရပါတယ်..၊

ပြည်သူကို နားလှည့်ပါးရိုက်လုပ်တာ
ဖြစ်ပါတယ်..၊

အံ့ကြိတ်ရုံမှတပါး..အခြားမရှိပါဘူးဗျာ.။

---------------

(၅)

နိုင်ငံခြားရုပ်ရှင်တွေကို
စွဲစွဲမြဲမြဲ ကြည့်တတ်တဲ့ ကျွန်တော်ဟာ
နိုင်ငံခြားကာတွန်း ရုပ်ရှင်ကားကြီးတွေကို
အရင်က မကြည့်ဖူးပါဘူး..

နောက်ပိုင်းမှာ...
ဒီအသက်အရွယ်ရောက်မှ
ကမ္ဘာကျော်.ကာတွန်းကားအချို့ကို..
စွဲစွဲမြဲမြဲ နှစ်သက်လာပါတယ်

ဘာလို့လဲဆိုတော့...
ကျွန်တော်ဟာ..သူငယ်ပြန်သွားလို့တော့မဟုတ်ပါ..

နိုင်ငံတကာအဆင့်မီ
ကမ္ဘာကျော်ကာတွန်းရုပ်ရှင်ကြီးတွေမှာ..
အများစုဟာ..
ကမ္ဘာကြီးရဲ့ ရေမြေတောတောင်
သယံဇာတ ထိန်းသိမ်းချင်လာအောင်..၊
တိရစ္ဆန်မျိုးစိတ်တွေကို
ထိန်းသိမ်းစောင့်ရှောက်ချင်လာအောင်..၊
သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်စေမဲ့အပြုအမူတွေကို
ရှောင်တတ်လာအောင်.၊
ပင်လယ်သမုဒ္ဒရာ သယံဇာတတွေကို
မညစ်နွမ်းအောင် နေထိုင်တတ်လာအောင်.၊
ဇာတ်အိမ်တည်ထားသလို..

ရှားပါးပြီး မျိုးတုံးပျောက်ကွယ်တော့မဲ့
တောရိုင်းတိရစ္ဆာန်လေးတွေကို
ဇာတ်ကောင်အဖြစ် ရိုက်ကူးပြသထားလို့ပါပဲ

သဘာဝသယံဇာတကို
ထိန်းသိမ်းဖို့အတွက်..
ပညာတွေအများကြီးပေးထားတဲ့
ဇာတ်လမ်းတွေဖြစ်လာလို့ပါပဲ..၊

ကလေးသူငယ်တွေသာမက
လူကြီးတွေကို ဒီလိုအသိကို ရိုက်သွင်းပေးခဲ့တဲ့
ကာတွန်းဇတ်ကားတွေပေါ့ဗျာ..

ကို ဖြစ်နိုင်ရင်..
စစ်အာဏာရှင်တွေကိုစုပြီး
ဒီကာတွန်းကားတွေတောင်
ပြချင်စိတ်တောင်ဖြစ်လာပါတယ်...၊

---------------

(၆)

ပြီးတော့..
ကျွန်တော်ငယ်ငယ်က..ဖတ်ခဲ့ဖူးတဲ့..

ကချင်ပြည်နယ် မြောက်ဖျားက..
.ကြံပစ်တဲ့မုဆိုးအကြောင်း၊
ကချင်မြောက်ဖျားက လူသူမရောက်တဲ့
တောအုပ်ကြီးတွေ ကိုလေ့လာပြီး ရေးတဲ့
ကာတွန်းမောင်ငြိမ်းချမ်းစိုင်းဗေဒါ စတဲ့ရုပ်ပြတွေ..၊

ရိုးမတောထဲက
ဆင်ဖမ်းတဲ့အကြောင်း ၀တ္တုတိုတွေ.၊

ရိခိုင်ရိုးမ မုဆိုး တွေရဲ့
တောလည်ထွက်တဲ့အကြောင်း ၀တ္တုတွေ.၊

မြန်မာ့ရေခဲတောင်တွေအကြောင်း..
လှို့ဝှက်ဆန်းကျယ်တဲ့ ရိုးမတောတွေအကြောင်း..
စာအုပ်တွေဟာလည်း..

ကွယ်ပျောက်သွားတဲ့ သစ်တောတွေနဲ့အတူ...
တစ်ပါတည်း..ပျောက်ကွယ်သွားပြီဖြစ်ပါတယ်..၊

-------------

(၇)

ဒေါ်စုရဲ့ စကားတစ်ခွန်းကို ..လက်ဆောင်ပေးချင်ပါတယ်..

" " တကယ့်နိုင်ငံရဲ့ရတနာကတော့ ..
နိုင်ငံသူ နိုင်ငံသားတွေပဲ။
နိုင်ငံသူ နိုင်ငံသားတွေအရည်အချင်းမရှိရင်
မြေအောက်သယံဇာတတွေပဲဖြစ်ဖြစ်၊
မြေပေါ်သယံဇာတတွေပဲဖြစ်ဖြစ်၊
ဘယ်လောက်များများ အချည်းနှီးပဲ။

ဥပမာ ကျွန်မတို့ သစ်တောတွေ ပြုန်းတီးသွားပြီ။
အင်မတန်မှကမ္ဘာကတန်ဖိုးထားတဲ့
ကျွန်းသစ်တွေဆို ပြုန်းတီးသွားပြီ။
ပျောက်ကွယ်သွားပြီ။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့
တကယ့်ရတနာတွေဖြစ်တဲ့
ပြည်သူပြည်သားတွေက မကာကွယ်နိုင်ခဲ့လို့ ....၊

ကျွန်မတစ်ခါတလေ စဉ်းစားကြည့်တယ်။
ဒီလိုတာဝန်မဲ့လုပ်တဲ့ အာဏာရှိတဲ့လူတွေ၊
နေရာရှိတဲ့လူတွေ ဘယ်လိုမိသားစုတွေမှာ
ကြီးပြင်းလာသလဲလို့။

သူတို့ရဲ့မိဘတွေက ဘယ်လိုများ
သွန်သင်ဆုံးမခဲ့သလဲ ဆိုတာကို ကျွန်မစဉ်းစားမိတယ်။

ဒီတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ
ငယ်ရွယ်တဲ့ သားသမီးတွေရှိ တဲ့
ပြည်သူတွေကို စဉ်းစားစေချင်တယ်။

ငါတို့ သားသမီးတွေသာ နိုင်ငံမှာ
အင်မတန် သြဇာရှိတဲ့ရာထူးတွေ ရခဲ့ရင်
ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်စေချင်လဲဆိုတာ စဉ်းစားပါ။
စဉ်းစားပြီး သားသမီးတွေကို ပြုစုပျိုးထောင်ပါ " "

( ၉-၁၂-၂၀၁၂ ၊ မကွေးမြသလွန်ဘုရားတွင်ပြောကြားချက်)
--------------

( Pa Yit)

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>