မလေးရှားနိုင်ငံ ပီနန်ဒေသတွင် ယခုနှစ်အတွင်း အသတ်ခံရသော မြန်မာနိုင်ငံ သား ၂၀ ဦး သည် မြန်မာနိုင်ငံမှ ပဋိပက္ခများကြောင့် ဖြစ်လာရသည်ဟု ယုံကြည် ကြသည်။
နောက်ဆုံးဖြစ်ခဲ့သည့် ဖြစ်ရပ်မှာ အသက် ၃၀ အရွယ် အမျိးသား ၂ ဦးအား လည်ပင်းဖြတ်ပြီး ခန္ဓာကိုယ်များကို ဆီအုန်းတောထဲတွင် ပစ်ထားခဲ့သော ကန်ပေါင်မန်ဂစ် အရပ်က လူသတ်မှုဖြစ်သည်။
မြန်မာနိုင်ငံက ဘာသာဝင်နှစ်ခု အကြား ဘာသာရေးနှင့် လူမျိုးရေး ပြဿနာများကြောင့် မလေးရှားတွင် သေဆုံးမှုများ အကျိုးဆက် ရလာ သည့်အတွက် စိတ်ပူပန်ကြောင်း မလေးရဲများကဆိုသည်။ ၎င်းတို့အနေဖြင့် ဆက်ဆံရေး အခက်အခဲကြောင့် အကြမ်းဖက်မှုများကို မတားဆီးနိုင်ပါ ဟု ဆိုသည်။
ပြည်နယ်ရဲအကြီးအကဲ ဒါတောင် အေထီဗီဂန်က အဆိုပါသေဆုံးမှုများ ကို ဖော်ထုတ်ရန်အတွက် အထူးအဖွဲ့ ဖွဲ့စည်းမည်ဟု ပြောကြားခဲ့သည်။
“ဘာသာရေးပြဿနာတွေ ပတ်သက်နေသလား ကျွန်တော်တို့ စုံစမ်းနေတယ်။”
ဆီဘရမ်ပရိုင်ဒေသမှာ လောလောလတ်လတ်ဖြစ်ခဲ့သော လူသတ်မှုများတွင် ရခိုင်ဒေသမှ ရိုဟင်ဂျာမွတ်ဆလင် များကို သတ်ဖြတ်သူများအဖြစ် အဓိက သံသယ ရှိနေသည်။
လူသတ်ရာတွင် အသုံးပြုသော ဓားများအပါအ၀င် လက်နက်များကို ဖမ်းဆီး မိသော် လည်း လူသတ်မှုနှင့် ပတ်သက်ပြီး မည်သူ့ကိုမှ ဖမ်းဆီး ခြင်း မရှိသေးကြောင်း၊ အဘယ်ကြောင့် သတ်ရသည်ဆိုသော အကြောင်းကို မသေချာသော်လည်း အုပ်စုအချင်းချင်း တစ်ဦးကို တစ်ဦး တင်းတင်းမာမာ အပြစ်တင်နေကြကြောင်း၊ အသတ် ခံရသူအများစုသည် စက်ရုံအလုပ်သမား များဖြစ်ပြီး ရက်ရက်စက်စက် လည်ပင်းဖြတ် အသတ်ခံရသည်ကို တွေ့ ရကြောင်း ရဲများကပြောသည်။
ဆီဘရမ်ပရိုင်ဒေသအလယ်ပိုင်း တွင် ဖြစ်ပွားခဲ့သည့် သီးခြားလူသတ်မှု ၃ မှု တွင် လူ ၆ ဦးသေဆုံးခဲ့ပြီး ဒေသ တောင်ပိုင်းတွင် အခြားရုပ်အလောင်း ၂ ခု အား ပြီးခဲ့သည့် ၄ လ ကတွေ့ရှိခဲ့သည်။ မြောက်ပိုင်းဒေသတွင်လည်း လူသတ်မှု များဖြစ်ပွားခဲ့ကြောင်း အစီရင်ခံမှုများရှိပြီး ကျွန်းပေါ်တွင် အခြားအမှုများ လည်း ဖြစ်ပွားခဲ့သည်ဟုဆို သည်။
သေဆုံးသူအားလုံးမှာ အသက် ၂၀ မှ ၄၀ ကြား အမျိုးသားများဖြစ်ပြီး နေအိမ် များမှ ဖမ်းခေါ်ခံရကာ အခြားနေရာတစ်ခုတွင် အသတ်ခံရခြင်းဖြစ် သည်။ သေဆုံးသူ အများစုတွင် စာရွက်စာတမ်းများ မပါသဖြင့် လုပ်ဖော်ကိုင် ဖက်နှင့် သူငယ်ချင်းများ၏ အကူအညီဖြင့် အတည်ပြုခဲ့ရသည်ဟု ဆိုသည်။
သတ်ဖြတ်သူများသည် သားကောင်အား လုပ်ငန်းခွင်မှတစ်ဆင့် ရွေးချယ်ခဲ့ပြီး ထိုဒေသတွင် ရောက်ရှိနေသည် မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော လူမှု အဖွဲ့အစည်းများမှ သတင်းအချက်အလက်များရယူခဲ့သည်ဟု ရဲတပ်ဖွဲ့ က ယူဆထားသည်။
တနင်္လာနေ့ နံနက် ၈း၅၀ ခန့်က စိုက်ပျိုးရေးလုပ်သားတစ်ဦးသည် လူ ၂ ဦး၏ ရုပ် အလောင်းအား ခလုတ်တိုက် မိကာ တွေ့ရှိခဲ့သည်။ ထိုရုပ်အလောင်းများမှာ လည်ပင်းဖြတ်ခံထားရသည့်အပြင် ဓားဖြင့်ထိုးထားသည့် ဒဏ်ရာ များတွေ့ ခဲ့ရသည်။ ၎င်းတို့မှာ အခြားနေရာတစ်ခုတွင် အသတ်ခံရပြီး စိုက်ခင်းအတွင်း ယူဆောင်စွန့်ပစ်ခံထားရ ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကက ယူဆထား သည်။ သေဆုံးသူ တစ်ဦးအား ၎င်း၏ ခရီးသွားစာရွက်စာတမ်းများပေါ် အခြေခံ ၍ အတည်ပြုနိုင်ခဲ့သော်လည်း အခြား တစ်ဦးမှာ မည်သူမှန်းမသိရသေးပေ။
လင်းလင်း
The Ladies News Journal