Quantcast
Viewing all articles
Browse latest Browse all 32865

“ ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ နဲ့  ကျွန်စော်မနံစေဘို့ ”-မင်းကောင်းချစ်

“ ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ နဲ့  ကျွန်စော်မနံစေဘို့ ”

အာဏာရှင်နိုင်ငံ(သို့ ) ကွန်မြူနစ်နိုင်ငံတွေ ပြုပြင်ပြောင်းလဲဖို့  ဘဲဖြစ်ဖြစ်၊ စီးပွါးရေး ဖွံ့ဖြိုးတိုးတက် ဘို့အတွက်ဆိုဆို ဘယ်နိုင်ငံအတွက်မဆို Rule of Law-1 လို့ ခေါ်တဲ့ တရားဥပဒေစိုးမိုးမှု့ ( ဥပဒေ တွေဟာ တသမတ်ထဲရှိမှု့၊ ကျောသားရင်သား မခွဲခြားမှု့၊ အစိုးရကိုယ်တိုင်ကလည်း ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအပေါ် လေးစားလိုက်နာမှု့၊ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်း လွတ်လွတ်လပ်လပ် တရားစီ ရင်ခွင့်ပြုထားမှု့၊ အရေးပေါ် အာဏာတွေ မသုံးမှု့၊ ဥပဒေမဲ့ မချုပ်နှောင်မှု့) ဟာသိပ်အရေးကြီးတယ် မဖြစ်မနေ လိုအပ်တယ်ဆိုတာလူတိုင်းသဘောတူလက်ခံကြမှာပါ ။

ဒီနေရာမှာ ပြောခြင်တာက…Rule of Law-1 တရားဥပဒေစိုးမိုးမှု့ ဘယ်အတိုင်းအတာထိ ရှိသလဲ ဆိုတဲ့ အပေါ် မူတည်ပြီး အဆင့်သတ်မှတ်မှု့နဲ့ ဒီမိုကရေစီ အရည်အသွေးကို အကဲဖြတ်လက်ခံမှု့ အကြောင်းပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ထူထောင်နိုင်အောင်.. လျှောက်ရမဲ့လမ်းနဲ့  ပတ်သက်ပြီး ကွဲပြားနေတဲ့ အခြေခံအယူဆနှစ်ရပ်ရှိနေပါတယ် ။
 ပထမဆုံးအယူအဆကတော့ လက်ရှိစီးပွားရေးအောင်မြင်နေသူတချို့ နဲ့ အနည်းအကျဉ်းသော ပညာတတ်အကျော်အမော်(Elite) တွေအကြားမှာရေပန်းစားပါတယ်။ အရင်ဆုံး ဖွံ့ဖြိုးတိုးတက် လာအောင် တိုင်းပြည်ချမ်းသာလါအောင် လုပ်ဆောင်ရမည်။ ဒီမိုကရေစီဟာ ဖွံ့ဖြိုးတိုးတက်လာမှ ပေါ်ထွန်းလာလိမ့်မယ်။ လောလောဆယ် စစ်အာဏာရှင်တွေပေးတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဘဲခေါ်ခေါ်၊ အာရှဒီမိုကရေစီလို့ ဆိုဆို၊ အဲ့ဒီဖါးတစ်ပိုင်း ငါးတစ်ပိုင်း ဒီမိုကရေစီကို ရသလောက်အရင်လက်ခံပြီး အဲ့ဒီဘောင်အတွင်းကမှ ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေ တိုးတက်လါအောင် အကောင်းဆုံးလုပ်ဆောင်ရမယ်။ မြန်မာနိုင်ငံသားတွေရဲ့ အသိတရားတွေ ရင့်ကျက်လါအောင်.. ဒီမိုကရေစီ အပြည့်အ၀နဲ့ ထိုက်တန်လါအောင် အချိန်ယူ ဖို့ လိုတယ်ဆိုတဲ့အယူအဆပါ ။

ခေါင်းအရင်စ၀င်ပြီး.. နောက်ကနေကိုယ်လိုက်ဝင်… တဖြေးဖြေးခြင်းချဲ့ယူမယ်ဆိုတဲ့ အယူအဆပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအကြောင်းပြပြီး စစ်အာဏာရှင်ဟောင်းတွေကိုချော့ပေါင်း၊ စစ်ဗိုလ်ကြီးတွေ စိတ်မဆိုးအောင်နေ ပြီးဒီမိုကရေစီကိုတောင်းစားခိုင်းတဲ့သဘောပါဘဲ ။ ပုဒ်မ(၄၃၆) ၅၉(စ)အပါအ၀င်…(၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးကို လည်း.. အာဂတံပါဂတံ ပြင်ပေးပြီးရွေးကောက်ပွဲလုပ်ရင်လည်းဘဲလက်ခံစေခြင်တဲ့သဘောမျိုးပါ ။
ရှေ့မှာနေရာဦးထားပြီးသားလုပ်ငန်းရှင် ခရိုနီတွေ..ဖျာခင်းထားပြီးသား အာဏာရှင်ဟောင်း ဗျူရိုကရက်တွေ ဒီအယူအဆကိုကြိုက်တာမဆန်းသလို၊ မစွန့် လွှတ်မစွန့် စားလိုတဲ့ ပညာတတ် အကျော်အမော်တွေ၊ မပေးဆပ်ရဘဲလွယ်လွယ်ရလိုသူတွေကြိုက်တာလည်းမဆန်းပါဘူး။ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာပြောင်းလည်းရေး၊ သွေးထွက်သံယိုမှု့မရှိတဲ့ ကတ္တီပါတော်လှန်ရေးလို့ သူတို့ ကဆိုခြင်ဆိုမှာပါ ။

အဲ့ဒီအယူအဆကို..စာရေးသူကတော့ကတော့ ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ လို့ အမည်ပေးခြင်ပါတယ်။ ဓါးမြတိုက်ခံရတဲ့ပြည်သူတွေက…ကိုယ်ပိုင်ပစ္စည်းကို.. အကုန်ပြန်မရဘဲ နဲနဲဖဲ့ပြီးပြန်ရတာကိုဘဲ..ဓါးမြတိုက်ယူခဲ့တဲ့စစ်အာဏာရှင်တွေကို ကျေးဇူးတင်ရအုံးမဲ့သဘောမို့ ပါ။ စစ်အာဏာရှင်ပေးကမ်းစွန့် ကြဲသမျှ ဒီမိုကရေစီလေး… လက်ဖြန့် ခံ ယူရတာမို ကျွန်စော်နံလွနုးတယ်လို့  လည်း ပွင့်ပွင့် လင်းလင်းပြောပရစေ။

တရုပ်နိုင်ငံဟာ ၁၉၉၀ ကနေစပြီး… ဈေးကွက်စီးပွားရေးစနစ်နဲ့ ပြုပြင်ပြောင်းလည်းရေးလုပ်ပြီး တိုးတက်ချမ်းသာ လါအောင်လုပ်နိုင်ခဲ့ပေမဲ့…ဒီနေ့ အချိန်ထိ လူတန်းစားကွာဟမှု့ အလွန်ကြီးမား နေတာ အလွန်အန္တရာယ် များနေပါပြီ ။ လူနည်းစုလက်ထဲမှာ ပိုင်ဆိုင်မှု့တွေအကုန်လုံးနီးပါး ရှိနေ တဲ့အပြင်ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ဆိုတာကလည်းတရုပ်ကွန်မြူနစ်ပါတီနဲ့  ဗဟိုစစ်ကော်မရှင် ပေးသမျှ၊ စွန့် ကြဲသမျှလေးတွေနဲ့  ရှင်သန်နေရတာ မဟုတ်လါး ။
ထို့ အတူပါဘဲ အရှေ့တောင်အာရှရဲ့သက်တော်ရှည်အာဏာရှင်ကြီးဖြစ်တဲ့ စင်ကာပူနိုင်ငံရဲ့ဖခင်… လီကွမ်ယူး ကျင့်သုံးတဲ့ ပါတီစုံဒီမိုကရေစီစနစ်ဟာ… အာရှဒီမိုကရေစီလို့  သူတို့ ခေါ်တဲ့… အာဏာရှင် ခွင့်ပြုထားတဲ့ ဘောင် ထဲကဒီမိုကရေစီပါဘဲ ။

စင်ကာပူနိုင်ငံသားတယောက်ဟာ…၀န်ကြီးချုပ်(သို့ )သမ္မတဖြစ်ခြင် တယ်ဆိုရင်… ပီအေပီလို့  ခေါ်တဲ့…လီကွမ်ယူး တည်ထောင်ထားတဲ့ ပြည်သူ့ အက်ရှင်ပါတီထဲမ၀င်ဘဲနဲ့ ၊ သူတို့ လမ်းစဉ် မလိုက်ဘဲ မပူးပေါင်းဘဲနဲ့ မဖြစ်နိုင်ပါဘူး ။ အတိုက်အခံဆိုတာ…ရှင်သန်နေသေးတယ် ရှိသေးတယ်လို့  ပြောနိုင်ယုံသာသာလေးပါဘဲ ။ သူတို့ဟာစင်ကာပူနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ စားဝတ်နေရေး နဲ့ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေ (Physiological needs )၊ အလုပ်အကိုင်နဲ့ ဥစ္စာပစ္စည်းပိုင်ဆိုင်မှု ဘ၀လုံခြံစိတ်ချရမှု့ (Job Safety & Property needs)၊ မိသားစုနဲ့မိတ်ဆွေ ချစ်ခင်ပေါင်းသင်းဆက်ဆံမှုလူမှုရေးရာကိစ္စ(Social/Love/Belonging needs) စတာတွေအထိ လူတန်းစေ့အောင်အတိုင်းအတာတစ်ခုထိဖြည့်ဆီးကြတယ်။

လွတ်လပ်ခွင့် ပေးထားတယ်။ ဒါပေမယ့် နိုင်ငံတော်အာဏာကိုတော့ ဘယ်သူ့ကိုမှခွဲဝေမပေးဘူး။ သူတို့နဲ့သူတို့ရဲ့မျိုးတူအုပ်စုဝင် တွေကပဲ တောက်လျှောက်ချယ်လှယ်မင်းမူခဲ့ကြတာအာရှတိုက်သမိုင်းမှာအထင်အရှားကျန်ရစ်ခဲ့တယ်။ သူတို့ရဲ့ တိုင်းပြည်ကိုလည်းစီးပွားရေးအရ အောင်မြင်အောင်လုပ်ဆောင်ပေးရင်း၊ သူတို့နဲ့ဆွေမျိုးသားချင်းတွေ ကောင်းစားရေးကိုလည်းလက်ကုန်နှိုက်ပြီးယူကြတယ်။
တနည်းပြောရရင်အာရှတိုက်သားလူလည်ကြီးများရဲ့အဆင့်မြင့်ခေတ်သစ်ဗိုလ်ကျစိုးမိုးရေးဝါဒပဲဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်လူလည်ကျမှုလို့ပြောရင်မှားမယ်မထင်ပါဘူး။ ဒို့တိုင်းပြည်က စစ်အာဏာရှင် တဖြစ်လည်း စည်းကမ်းပြည့်ဝသောဒီမိုကရေစီလူလည်ကြီးတွေလည်း အဲ့ဒီလမ်းကိုအားကျနေပုံ ရတယ် ။

ဒါပေမဲ့...လီကွမ်ယူးတို့ နဲ့ ဗမာပြည်ကစစ်ဗိုလ်ချုပ်ကြီးတွေ မတူတဲ့အချက်က လီကွမ်ယူးဟာ.. စင်ကာပူနိုင်ငံကို..ဇီးရိုး ကနေ ဟီးရိုးအဆင့်ရောက်အောင်ဆွဲတင်ခဲ့တဲ့အပြင် သူ့ ပြည်သူတွေ အလိုမတူဘဲ…အာဏာကိုလုယူခဲ့သူမဟုတ်ဘူး ။

တို့ တိုင်းပြည်ကဗိုလ်ချုပ်ကြီးတွေကတော့..အာဏာကိုအကြိမ်ကြိမ်..ပြည်သူတွေအလိုမတူဘဲ ဇွတ်လုယူခဲ့သူတွေဖြစ်ယုံမက…တိုင်းပြည်ကိုဟီးရိုးဘ၀ကနေ..ဇီးရိုးဘ၀ကိုဆွဲချခဲ့သူတွေဖြစ်တယ်။
အဲ့ဒါတွေအပြင်…ရာစုနှစ်ဝက်ကျော်..ရာဇ၀တ်မှု့ကုဋေကုဋာကျုးလွန်ပြီးသွေးစွန်းနေသူတွေလည်းဖြစ်တယ် ။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေစိတ်ကြိုက်ဖေါက်စား၊ ဥပဒေအထက်မှာ ဗြောင်ကျကျနေယုံမက… ခုချိန်ထိလည်း…ကျုးလွန်ခဲ့တဲ့ပြစ်မှု့တွေ၊ အမှားတွေအတွက်… ၀န်ခံခြင်းတောင်းပန်ခြင်း အလျှင်းမရှိ သေးဘဲ တိုင်းပြည်ရဲ့ကယ်တင်ရှင်၊ ကျေးဇူးရှင်ပါအဆစ် ဖြစ်ခြင်နေသူတွေဖြစ်တယ် ။

ဒုတိယအယူအဆကတော့ စစ်မှန်တဲ့ဒီမိုကရေစီ (သို့ ) ကမ္ဘာလုံးဆိုင်ရာဒီမိုကရေစီကို အရင်ရအောင် လုပ်ပြီးမှသာတိုင်းပြည်စီးပွား ဖွံ့ ဖြိုးတိုးတက်မှု့လုပ်ရမယ်၊ဒါမှသာ ရေရှည်ခံတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ် ပေါ်လာမယ်။ ဒါကြောင့် ဒီမိုကရေစီ အရင်ရအောင် လုပ်ရမယ်ဆိုတဲ့အယူအဆပါ။ စစ်မှန်တဲ့ ဒီမို ကရေစီနိုင်ငံ ထူထောင် နိုင်ဖို့ အတွက် ပြည်တွင်းစစ်မီးကို အပြီးတိုင်ငြိမ်းသတ် ဖို့ ငြိမ်းချမ်းရေး ရဖို့ လိုပါတယ်။ ဒါပေမဲ့ လက်ရှိ (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ က..အဟန့် အတားဖြစ် နေတယ်။ ဒီဥပဒေနဲ့ ငြိမ်းချမ်းရေး ဘယ်လိုမှ မရနိုင်ဘူး ။ အချိန်မရွေးစစ်အာဏာသိမ်း ပိုင်ခွင့်ပြုထား တဲ့အပြင်…အခြေခံလူ့ အခွင့်အရေးတွေကိုအာမခံမထားတဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အနှစ်သာရရှိရှိမပြင်ဘဲ ဒီမိုကရေစီစနစ်ကို ထူထောင်ခြင်းဟာ…အောက်ခြေဆွေးနေတဲ့ မခိုင်မာတဲ့ မြေပေါ်မှာ ကြီးမားခန့် ထည်တဲ့ အိမ်ကြီး ဆောက် သလိုဖြစ်နေတာမို့ …အချိန်မရွေးပြိုကျနိုင် တယ် ဆိုတဲ့အယူအဆပါ။

အမှန်ကတော့ ဒုတိယအယူအဆအတိုင်းလုပ်နိုင်ရင်…အမှန်ကန်ဆုံးနဲ့ အကောင်းဆုံးပါဘဲ၊ သားရွှေအိုးထမ်းကိန်း လို့  ဆိုရမှာပါ ။ ဒါပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ မျက်မှောက်ပစ္စုပ္ပန်တဲ့တဲ့ ကိုရှု့ကြည့်တဲ့အခါ…ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နိုင်ငံဟာ…စစ်အာဏာရှင်စိတ်ကြိုက်ရေးဆွဲထားတဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ (သို့ ) ကျားသနားမှာ့…နွားချမ်းသာ ဒီမိုကရေစီ(သို့ )ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲ သာဒီမိုကရေစီ (သို့ ) (၂၀၀၈) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဆိုတဲ့ သံပိုက်ကွန်ကြီးအောက် ကျရောက်လို့ နေပါပြီ။ မခိုင်မာတဲ့မြေပေါ်မှာ ကြီးမားခန့် ထည်တဲ့ အိမ်ကြီးကို မကျွမ်းကျင်သူတွေ နားမလည်သူတွေဦးဆောင်ပြီးဆောက်ဖို့ ကျိုးစားနေကြပါပြီ ။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်းရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်၊ တိုင်းပြည်တခုလုံးပေါ်ဖုံးလွှမ်းအုပ်မိုးထားတဲ့ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ သံပိုက်ကွန်ကြီး ကိုဖယ်ရှားဖို့ ၊ မခိုင်မာတဲ့မြေပေါ်မှဆောက်နေတဲ့အိမ်ကြီးကို ဖြိုချဖို့ လွှတ်တော်နိုင်ငံရေး ကိုဝင်လုပ် နေတာလို့ ဆိုပါတယ် ။ တပြိုင်ထဲမှာဘဲ…သူမနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကိုပါပူးတွဲလုပ်ရင်း ပြည်သူလူထုကို ဦးဆောင်လမ်းပြလက်တွဲခေါ် ယူနေပါတယ် ။

ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီထမ်းဆောင်ရမဲ့ အမျိုးသားရေးတာဝန်တရပ်ကတော့ (၂၀၀၈ ) ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ထိထိရောက်ရောက်ပြင်နိုင်အောင်၊ အောက်ခြေမခိုင်တဲ့မြေပေါ်မှာ ဆောက်နေတဲ့အိမ်ကြီးကို ဖြိုချနိုင်ဖို့ ကိုယ့်အထွာနဲ့ ကိုယ်၊ မိမိမှာပေးလါတဲ့အခြေအနေ၊ မိမိတတ်နိုင် တဲ့စွန့် လွှတ်နိုင်မှု့၊ မိမိမှာရှိတဲ့ကိုယ်စွမ်း ဥာဏ်စွမ်းတွေ အသုံးချလို့ ညီညီညွှတ်ညွှတ် ၀ိုင်းဝန်းပါဝင် လုပ်ကိုင်ကြဖို့ ပါဘဲ ။ စစ်အာဏာရှင်တွေပေးသမျှလေးနဲ့ တင်းတိမ်နေလို့ မရပါဘူး၊ ကိုယ်ပိုင်တဲ့အရာ တွေကိုရဲရဲဝံ့ဝံ့ပြန်ယူတတ်ဖို့ လိုပါတယ် ။ ဘာကြောင့်လည်းဆိုတော့..ဒီကိစ္စကြီးဟာ..နိုင်ငံသား အားလုံးရဲ့ လက်တွေ့ ဘ၀ နဲ့ အနာဂါတ်ဘ၀တွေကောင်းကျိုးချမ်းသာရအောင်၊ လူတိုင်းလူတိုင်း အတွက် အမိမြန်မာပြည်ဟာ ခွင့်တူညီမျှ … ဝါဒဖြူစင်တဲ့မြေ ဖြစ်စေနိုင်တဲ့ တခုတည်းသော အရင်းခံအကြောင်းဖြစ်လို့ ပါဘဲ ။ ။

လေးစားစွာဖြင့်
မင်းကောင်းချစ်
စက်တင်ဘာလ ၁၃ရက် ၂၀၁၄ ခုနှစ်

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>