ကြံ့ခိုင်ရေးဌာနချုပ် အစည်းအဝေးခန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ကြံ့ခိုင်ရေး ၀တ်စုံဓာတ်ပုံ ချိတ်ဆွဲလျှက် ဗဟိုအလုပ်အမှုဆောင်များနှင့်အစည်းအဝေးကျင်းပခဲ့စဉ်
စစ်အစိုးရလက်ထက်နယ်စပ်/စည်ပင်ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွန့် (ယခု နေပြည်တော် မြို့တော်ဝန်နှင့် သမ္မတရုံးဝန်ကြီး)
နေပြည်တော်ဥပ္ပါတ္တသန်္တိစေတီတော် အခမ်းအနားသို့ စစ်အစိုးရလက်ထက် ယဉ်ကျေးမှုဝန်ကြီးဗိုလ်ချုပ်ခင်အောင်မြင့် (ယခုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ) တက်ရောက်ခဲ့စဉ်
စစ်အစိုးရလက်ထက် သစ်တောဝန်ကြီး ဖြစ်လာခဲ့သူ ဗိုလ်မှူးချုပ်သိန်းအောင်(ယခု ဧရာဝတီတိုင်းဝန်ကြီးချုပ်)
စစ်အစိုးရလက်ထက် တိုင်းမှူးမှ ဒုချုပ်ဖြစ်လာခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အငြိမ်းစားယူပြီးနောက် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇတို့လိုက်ပါ၍ ကန့်ဘလူမြို့သို့ ရောက်ရှိခဲ့စဉ်
စစ်အစိုးရလက်ထက် စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာခဲ့သူ ဗိုလ်ချုပ်ဌေးဦး (ယခု ကြံ့ခိုင်ရေးပါတီ ဒုဥက္ကဋ္ဌ -၃)
စစ်အစိုးရလက်ထက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင
နယကအဖွဲ့ဝင် မဟာသရေစည်သူ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) အပါအ၀င် ကြံ့ခိုင်ရေး ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးများနှင့် ဆုံတွေ့ခဲ့ရစဉ် ပြောကြားချက်များကို ထုတ်နုတ်ကိုးကား၍ သုံးသပ်တင်ပြခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗိုလ်ချုပ်ကြီးမောင်အေးက ရိုးသားတယ်ကွ။ ဖြောင့်တယ်။ ဖြူစင်တယ်။ သူက ပြောစရာ ရှိ ပြောပစ်လိုက်တာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သိပ်ပြီးတော့ သိုသိပ်တယ်။ သူ့ဆီမှာဖြစ်တဲ့ ဥစ္စာကို သူများတွေကို မပြဘူး … သူဘာ ဖြစ်နေတယ်ဆိုတာကို လေ့လာလို့ မရဘူး။ ဗိုလ်ချုပ်ကြီး မောင်အေးက လျှို့ဝှက်ကိစ္စပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို သူက ပြောချင်တယ်။ ပေါ်လစီနဲ့ ပတ်သက်လို့ နည်းဗျူဟာနဲ့ ပတ်သက်လို့ကတော့ မြို့နယ်အလိုက် တာဝန်ပေးထားတဲ့ ၀န်ကြီးတွေရှိတယ်လေ။ ၀န်ကြီးတွေက လုပ်လိမ့်မယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီကောင်တွေက အရှိန်မကုန်ဘူး။ အရှိန်ကုန်လည်းကုန်ရော အဲဒီအခွင့်အရေး တွေပြန်ယူချင်တာပေါ့။ ခေတ် ကုန်ရင်သွား လုပ်လို့မရဘူး။
ခံယူချက်လေးမှန်ဖို့ပေါ့။ ခေတ်စနစ်နဲ့ ကိုက်ဖို့ ။နောက်ပြီးေ တာ့ လူထုစိတ်ဝင်စားတဲ့ဟာလေး ရေးနိုင်ဖို့။ လက်ရှိ ပေါ်လ စီနဲ့ ကိုက်ဖို့ ဒါတွေလုပ်ဖို့ပဲ။ ပုဂိ္ဂုလ်စွဲ၊ ပါတီစွဲ ပြင်းပြင်းထန် ထန်ရေးရင်တော့ မကောင်းဘူးပေါ့။ ဝေဖန် တာတော့ ဝေဖန်ရမှာပေါ့။ ဥပဒေအထက်မှာ လွှတ်တော်ရှိ တယ်လို့ ဒေါက်တာဆိတ်ဖွား က ဘာလို့ အရေးကြီး အဆိုတွေ တင်သွင်းပြီး ဒေါက်တာဆိတ်ဖွား လိုက်ရှာစရာလိုလဲ ဟုတ်တယ်မဟုတ်လား။ အဲဒါတော့ ဟုတ်တာ ပေါ့။ ဒီမိုကရေစီ ကျင့်သုံးပါမယ်ပြောပြီး ဝေဖန်တာ မခံနိုင်ဘူးဆိုတော့။ ဝေဖန်ပေါ့။ သူဝေဖန်ကိုယ် ချေရုံပဲလေ။ ကိုယ်က မဟုတ်ဘူးဆိုတာ ချေလိုက်ရုံပဲ။ သူများနည်းတူ မရေးရဲရင်တော့ ကိုယ့် ဂျာနယ်ကို ဘယ်သူမှ ဖတ်မှာ မဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ကိုယ့်ကို ဝေဖန်ခံနိုင်ရမှာပေါ့နော်။ လွှတ်တော်အနေ နဲ့ ပိုပြီးတော့ အဝေဖန် ခံနိုင်ရမှာပေါ့။ သူတို့လည်း ဝေဖန်နေတာပဲဟာ။ နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ ကို ဝေဖန်၊ နိုင်ငံတော်ရဲ့ စီမံကိန်း တွေကို ဝေဖန်၊ ၀န်ကြီးဌာနတွေ လျှော့ချတာတွေ တိုးသင့်တာတွေလည်း လုပ်နေတာပဲလေ။ သူတို့ဝေဖန် တာ ကျတော့ သူတို့မခံနိုင်ဘူး။ သူများဟာသူတို့ ဝေဖန်နေ တာပဲလေ။ ပြောနေတာပဲလေ။ မကောင်းရင် မကောင်း ဘူး၊ ကောင်းရင် ကောင်းတယ်။ ဘတ်ဂျက် တွေတင်တယ်။ ဘယ်ဟာမကောင်းဘူး ဖြုတ်သင့်တယ် ဆိုတာ ဒါ ဝေဖန်တာပဲလေ။ ဝေဖန် ဆန်းစစ်တာပေါ့။ ဒီကလည်းပြောရရင် မဟုတ်ဘူး ဆိုတဲ့အကြောင်း သူက ပြန်ဖြေရုံ ပဲလေ။ လွှတ်တော် အထက်ရှိ တယ်ဆိုရင်လည်း သူ့ကို ဘယ်သူမှ ဘာမှလုပ်မှာမှ မဟုတ် တာ။ လွှတ်တော်ကို။
သူတို့က ဆရာတွေပါကွာ။ သူတို့ကို မဆုံးမဘူး။ ငါတို့ထက်တတ်တယ်ကွ။
ဗိုလ်ချုပ်ကြီးမောင်အေးက ရိုးသားတယ်ကွ။ ဖြောင့်တယ်။ ဖြူစင်တယ်။ သူက ပြောစရာရှိပြောပစ်လိုက်တာ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သိပ်ပြီးတော့ သိုသိပ်တယ်။ သူ့ဆီမှာဖြစ်တဲ့ဥစ္စာကို သူများတွေ ကို မပြဘူးသူက။ သူဘာဖြစ်နေတယ် ဆိုတာကို လေ့လာလို့ မရဘူး။ ဗိုလ်ချုပ်ကြီး မောင်အေးက လျှို့ဝှက်ကိစ္စပဲဖြစ်ဖြစ်၊ ဘာ ကိစ်္စပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို သူက ပြောချင်တယ်။ ကိုသိန်းအောင်နဲ့ အဲလိုပဲ တစ်ခါသူကအဲဒီတုန်းက စွမ်းအင် ဒုဝန်ကြီးလေ။ ဧရာဝတီတိုင်းခရီးစဉ်နဲ့ ရောက်သွားတယ်။ သွားတော့ တိုင်းရုံးမှာ ညနေ ထမင်းစားပြီး စကားစမြည်ပြောနေ တုန်း သူကဘာမှမပြောဘဲနဲ့ ကောက်ခါငင် ခါနဲ့လေ ကိုသိန်းအောင်ကို၊ ကိုသိန်းအောင် မင်းဇလွန်ဘက်ကမဟုတ်လားတဲ့။ ဟုတ်တယ်ခင်ဗျ။ အဲဒီတုန်းက ဦးအောင်ဖုန်း ထွက်သွားပြီ။ မင်းတို့ဇလွန် ဘက်မှာ ကျွန်းတောတွေ ဘာတွေ မရှိဘူးလားတဲ့။ မထွက် ဘူးလားဆိုတော့ ရှိတယ်ခင်ဗျတဲ့။ ကျွန်းလည်း ထွက်ပါတယ်တဲ့။ —– တက် သွားတော့ ငါနဲ့ကိုသိန်းအောင်နဲ့ တွေ့တယ်လေ။ ကိုသိန်းအောင်ခင်ဗျား သစ် တောရေး ရာဝန်ကြီးဖြစ်တော့မယ်လို့။ ဟာ ဗိုလ်ချုပ်ကြီးကလည်း မဟုတ်တာတဲ့။ မဖြစ်နိုင်တာ တဲ့။ မဟုတ် ဘူးလို့ ခင်ဗျားဖြစ်မှာလို့စောင့် ကြည့်လို့။ ကျွန်တော်က သိလို့မဟုတ်ဘူး လို့။ ဒုချုပ်က အတိတ်စိမ်း ထွက်တယ် လို့ အတိတ်ကောက်ပြီးတော့ ခင်ဗျားကိုပြောတာလို့။မကြာခင်စောင့်ကြည့်ခင်ဗျား သစ်တောဝန်ကြီးဖြစ်ရင် ကျွန်တော့်ကို သစ်တွေပေးမလားလို့။ ဟာပေးမယ်တဲ့ ဗိုလ်ချုပ်ကြီးအဆောင် ဆောက်လို့ရအောင် — ။
ကိုဌေးဦးတို့ဆိုလည်း တပ်မမှူးကနေ တိုင်းမှူးဖြစ်၊ တိုင်းမှူးကနေ ၀န်ကြီးတန်း ပေးလိုက်တာ။ သူ့ကျတော့ တပ်မမှူးကနေ ပြီးတော့ ငါကအစကတော့ အဲလိုပေါ့ မင်း ကိုချန်ထားတာလို့။ တပ်မှာလူကြီးလျာ ထားလို့ဖြစ် မယ်လို့ ငါက အောက်မေ့ပြီး တော့ စိတ်ချမ်းသာနေတာလို့ ဒါပေမဲ့မင်း ကို ဒုဝန်ကြီးပဲပေးပြီးတော့ ပြောင်း လိုက် တော့ ငါစိတ်မကောင်းဖြစ်တယ်လို့။ ကျွန် တော်က ကိုသိန်းအောင်ကို ဒုဝန်ကြီးအဖြစ် နဲ့ မမြင်ချင်ပါဘူးလို့၊ ၀န်ကြီး လည်းဖြစ် စေချင်တယ်လို့။ အဲဒါကြောင့်ငါ့စိတ်ထဲမှာ ၀န်ကြီးဖြစ်စေချင်တဲ့ စိတ်လည်းရှိလို့ နောက် ဒုချုပ် က အတိတ်စိမ်းပေးလို့ ငါမှန်း ပြီးပြောတာလို့ ငါသိလို့မဟုတ်ဘူးလို့။ အဲလိုပြောတာ ၀န်ကြီးဖြစ် သွား တယ်။ဒုချုပ်က ဟန်မဆောင်ဘူး။ ရိုးတယ်သူက။ ဒါ ကြောင့်လည်း တိုင်းပြည်ကြီးကို စစ်အာဏာရှင် လက်ထဲကနေ ဒီမိုကရေ စီ ပြောင်းတယ် ဆိုတာ ဒီသမိုင်းမှာ လျှောက်ကြည့် ဘယ်သူ မှအေးအေးဆေးဆေး လွှတ်မပေး ဘူး။ တိုက်ခိုက်၊ လုယက်၊ အုံကြွပြီးတော့ ယူမှရတာနော်။ အခုဗမာပြည်ပဲ ဗိုလ်ချုပ် မှူးကြီးက အမြော်အမြင်ကြီးကြီးနဲ့ ကိုင် တွယ်ပြီးတော့ အနှစ်နှစ် အလလ လေးငါး ခြောက် နှစ်ခုနစ်နှစ် ကြံ့ခိုင်ရေးေ ထာင်က တည်းက သူရည်ရွယ် ချက်နဲ့ ထောင်တာ။ အမျိုးသားညီလာခံ Constitution ကို သူ တို့ဆွဲချင်တဲ့ Constitution ဖြစ်အောင် သူလုပ် ပြီးတော့ စိတ်ရှည် လက်ရှည်နဲ့ အဘက်ဘက်ကတွက်ပြီးတော့ သူလုပ်တာ။ သူလုပ်တဲ့ အခုဒီမိုကရေစီ process ကို ညင်ညင်သာသာနဲ့ Peacefully လွှဲပြောင်းပေးနိုင် အောင် လုပ်တယ်ဆိုတာတော်ရုံ တန်ရုံလူ မလုပ်နိုင် ဘူး။ အားလုံး အေးအေး ချမ်းချမ်းနဲ့ လေ။ ပြောင်းသွားတာလေ။ တစ်ကမ္ဘာလုံးကလည်း အဲဒါကိုချီးကျူးပါတယ်။ သံတမန် တွေနဲ့တွေ့လည်း ဒီအတိုင်းပဲပြောတယ်။ ဘယ်တိုင်းပြည်ကြည့်ကြည့် ဘယ်လို ပြောင်းလဲ။ အာရပ် နိုင်ငံတွေ ဘယ်လို ပြောင်းလဲ။ အီဂျစ်ဘယ်လို ပြောင်းလဲ။ ဆီးရီးယားလည်း အခုပြောင်းဖို့ လုပ်နေတာ အကြီး အကျယ်လူတွေ ထောင်နဲ့သောင်း နဲ့ချီသေကျေ။ နည်းပရိယာယ်ပေါ့နော်။ သိုသိုသိပ်သိပ်ရှိ တယ်။ ဉာဏ်ကစား ရတာပေါ့။
ဗိုလ်ချုပ်ကြီး မောင်အေး ကတော့ ရိုးရိုးသားသားပဲ ဒါပေမဲ့သူက နိုင်ငံရေးတွေ ဘာတွေ သိပ်မမြင်ဘူး ဗိုလ်ချုပ်မှူးကြီး လောက် သိပ်လည်းစိတ်မပါဘူး သူက။နေပြည်တော်လည်း မသွားဘူး။ သူ့ ဆီလည်းမရောက်ဘူး။သူက ဒီလည်းမလာ ဘူးကွ။ ဒုချုပ်ဆီပဲရောက်တယ်။ ဒုချုပ်ပြန် လာ။ သူကလာလည်း ရန်ကုန်လာလည်း တို့ကိုခေါ်တယ်။ ဂေါက်တွေဘာတွေရိုက် တယ်။ ဗိုလ်ချုပ် မှူးကြီးတော့ မသိဘူးငါက။ ဒုချုပ်က စကားလည်း ပြောနိုင်တယ်။ ဒီဘက်ခြေထောက်လှုပ်နိုင်တယ်။ ဒီလက် လှုပ်နိုင်တယ်။ စကားလည်းကောင်းကောင်း ပြောနိုင်တယ်။
ထမင်းစားလို့ရတယ်။ငါနဲ့ဦးကိုလေးတုန်းက ငါလုပ်ခဲ့တာ က ကြံ့ခိုင်ရေး ဒီလောက်အများကြီးဖြစ် လာအောင်လေ။ ပြည်နယ်နဲ့ တိုင်း တွေ အားလုံးထဲမှာ ကြံ့ခိုင်ရေးအင်အား အများ ဆုံးဖြစ်အောင် ငါလုပ်ခဲ့တာ။ အဲတော့ ဗိုလ်ချုပ်ညွှန့်တင်က ကြံ့ခိုင်ရေးညီလာခံမှာ ငါတို့ရန်ကုန်တိုင်းက အများဆုံး ဧရာဝတီက ဒုတိယအများဆုံးဖြစ်နေတော့ စာတမ်း ဖတ်တဲ့ အခါမှာ တို့ကစောတယ်။ သူကနောက်မှာ ဖတ်ရတယ်။ အဲတော့ သူ့ လူတွေက ရန်ကုန်တိုင်းက အင် အားတွေ များနေတယ်ဆိုပြီးပြောတဲ့အတွက် မင်းတို့ အစီရင်ခံစာကိုတဲ့ ရန်ကုန်ထက်များအောင် ဖြည့်လိုက် တဲ့။ ဖြည့် လိုက်ပြီးတော့ ဖတ် တဲ့ပြောတယ်။ အဲလိုပြောပြီး နောက်နှစ် ရက်သုံးရက်ကစပြီးတော့ မြို့နယ်လုံးကျွတ် အသင်းဝင်အဆိုပြုလွှာပေးအပ်ပွဲ၊ ရွာလုံး ကျွတ် အဲဒါတွေလာတယ်။ အထွေထွေ အတွင်းရေးမှူးက ဦးသန်း အောင်ပြောတယ်လေ ခင်ဗျားတို့ ပထမတင်တဲ့စာစောင်နဲ့ နောက်ဆုံးဖတ်တဲ့စာစောင် အင်အားမှန် မမှန်ကြည့် ကြည့် သူအဲလိုလုပ်နေတယ်။ အဲဒါဆိုရင် ကြံ့ခိုင်ရေးပျက်လိမ့်မယ်။ ဟုတ်လားဗိုလ်ချုပ်တဲ့။ကျွန်တော် လက်မခံ ဘူးတဲ့အဲဒါမျိုးကိုတဲ့။ အဲလိုသာ လုပ်ကြတာ။သူလုပ်တော့ဦးဝင်းစိန်ကတဲ့ စစ်ကိုင်း တိုင်းမှာ ဆက်လုပ်တယ်။ အများကြီးပဲလုပ်တယ်။ တစ်ပတ်တစ်ခါ လုပ်တယ်လေ။ ငါထပြောတာပဲ ဦးဝင်းစိန်က မြို့နယ်လုံး ကျွတ်တွေ လုပ်တယ်ဆိုတဲ့အကြောင်း မုံရွာမှာဆိုရင် တစ်ချို့မြို့နယ်လုံးကျွတ် ကြံ့ခိုင်ရေးဝင်ပြီးတော့ ဒီလိုလုပ်တယ်။ ပြောတော့ ငါထပြောတယ်။ ဗိုလ်ချုပ်မှူး ကြီးလို့ ဒီဥစ္စာကတကယ် ၀င်တာဆိုရင် တော့ ကောင်း ပါတယ်လို့။ တကယ်ဝင်တာ မဟုတ်ဘူးဆိုရင်တော့ မကောင်းဘူးလို့။ဒါပေမဲ့ ရန်ကုန်တိုင်းကတော့ နယ်ကနဲ့မတူ ဘူးလို့။ ရန်ကုန်ကလူတွေက အမြင်ကျယ် တယ်လို့။ ကျွန်တော်တို့က မြို့နယ်လုံး ကျွတ်လုပ်ရမယ် တို့ဘာတို့ဆိုရင် ရန်ကုန်ကလူတွေက ခံမှာမဟုတ်ဘူးလို့။ နောက်ပြီးတော့ ကျွန်တော်တို့က NLD ဆိုင်းဘုတ် တွေ၊ NLD ရုံးတွေ လည်း ဖျက်မပစ်နိုင်ဘူးလို့။ NLD ရှိနေရဲ့သားနဲ့ ဒီမြို့နယ်မှာ NLD ရုံးကြီး အလံတလူလူနဲ့ ရှိနေပြီးတော့ ကျွန် တော်တို့က တစ်မြို့နယ်လုံး ကြံ့ခိုင် ရေးဖြစ်ပြီ ပြောရင်ရီမှာပေါ့လို့။ အဲတော့ ဒီဥစ္စာက မလုပ်သင့်ဘူး ထင်တယ် လို့။ အဲလိုဆိုရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လို ဖြစ်သွားလိမ့်မယ်လို့။ အဲလိုထပြောတာ။ ဒုချုပ်ကတော့ —– ကွာတဲ့ အဲဒါက တော့ အခုတို့အင်အားတောင့်ဖို့ပဲ အရေး ကြီးတာပါတဲ့။ လုပ်ပါစေကွာတဲ့။ အခုက တော့ အရေ အတွက် ပေါ့တဲ့။ နောက်မှ ဖြည်းဖြည်းနဲ့ အရည်အချင်း လုပ်တာပေါ့ ကွာတဲ့။ အဲလိုပြောတယ်။ ငါတို့မူက မင်းတို့ လည်း သိတာပဲ။ ငါတို့ ဘဏ်စာရင်း ဖွင့်သလိုပဲလေ။ အသင်းဝင် တစ်ယောက် ဖြစ်ဖို့ကို အသင်းသား တစ် ယောက်ကို တာဝန်ပေးတာပဲလေ။ အသင်းသားဖြစ်ပြီ ဆိုတာနဲ့တာဝန်ပေး သူကနေပြီးတော့ တစ်လကို နှစ် ယောက် နှစ်ယောက်စည်းရုံးရမယ်။ စည်းရုံးတဲ့ လူနှစ်ယောက်က သူ တာဝန်ခံရမယ်။ ဒီလူဟာ တကယ့်ကို တို့ ပါတီကို ကြိုက်နှစ်သက်လို့ ၀င်တာလား။ အကျိုးကိုမျှော်ကိုး ပြီးတော့ ၀င်တာလား။ အတွင်းသိအစင်းသိလူကိုပဲ အဲဒါကိုတော့ လက်ခံတယ်။ စည်းရုံးတာတော့ လက်ခံ တယ်။ ငါတို့လုပ်လာတယ်။ လုပ်တော့ ကြံ့ခိုင်ရေး လျှောက်လွှာတွေကိုလည်း ဖရီးပေးလိုက်တယ်။ မင်းတို့တက်ရမယ်။ မြို့နယ် အလိုက်ပြိုင်ပြီးလုပ်ရမယ် ဆိုပြီး တော့ အဲလိုလုပ်တာ။ အဲလိုလုပ်တယ်။ နောက်အသင်းတွေလည်း ရန်ပုံငွေများ အောင်ဆို ပြီးတော့ ဦးကိုလေး ကိုပြော တယ်။ ဦးကိုလေးကဒီမှာ ကြံ့ခိုင်ရေးရုံး တွေဖြစ်အောင် ဦးကိုလေးလုပ်ပေး။ ဦးကို လေး ဘာမှ အပင် ပန်းခံစရာလည်း မလိုဘူး။ ကန်ထရိုက်တိုက်တွေ၊ တိုက်ကြီးေ တွ ဆောက်မယ်ဆိုတစ်ခန်းပေးလိုက်။ ကန်ထ ရိုက်ကို ဦးကိုလေးပြောလိုက်ရင် ပြီးတာပဲ။ ဦးကိုလေးအိတ် ထဲကလည်း စိုက်ရတာ မဟုတ်ဘူး။ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းမှာ ကြံ့ခိုင်ရေးရုံးရအောင်လုပ်ဖို့ ဦးကိုလေးတာ ၀န်ယူ။ ကျွန်တော် ကြံ့ခိုင်ရေးရုံးတွေ ၀င် ငွေ ကောင်း အောင်ရယ် အင်အားတွေ တိုး တက်လာအောင်ရယ် ကျွန်တော်လုပ်မယ်။ နောက်တစ်ခါ ပေါ်လစီနဲ့ ပတ်သက်လို့ နည်းဗျူဟာနဲ့ပတ်သက်လို့ကတော့ မြို့ နယ် အလိုက်တာဝန်ပေးထားတဲ့ ၀န်ကြီး တွေရှိတယ် လေ။ ၀န်ကြီးတွေကလုပ် လိမ့်မယ်။
ကျွန်တော်ကတော့ အသင်း သားတွေ တိုးလာအောင်၊ အသင်းသားတွေ လှုပ် ရှားနိုင်အောင် ၀င်ငွေကောင်းအောင် ကျွန်တော်လုပ်ပေး မယ် ဆိုပြီးတော့ ငါက အသင်းတိုင်း၊ အသင်းတိုင်းကို ကားတွေ ထောင်ပေးလိုက်တာ။ ဆယ်စီး၊ ဆယ်စီးနဲ့။ အဲဒီတုန်းက အသင်းဝင်ရင်လည်း တစ် သိန်းတို့၊ နှစ်သိန်း တို့ ပေးရတယ်လေ။ လစဉ် သုံးသောင်းသွင်း၊ ကားတွေလုပ်၊ အဲဒါတွေကိုမင်းတို့အသင်း ၀င်တဲ့ပိုက်ဆံ တွေ ဘဏ်စာအုပ်ထဲထည့် အတိုးကိုမင်းတို့ သုံး။ အရင်းကိုမထိရဘူးဆိုပြီး ငါလုပ်တာ။ လှည်းကူးတို့ဘာတို့ အဲဒီငွေ တွေနဲ့ တီဗွီ တွေဘာတွေ လှူနေတာ။မင်းတို့ ကြံ့ခိုင်ရေးငွေထဲကတော့ မလုပ်ရဘူးဆိုပြီးတော့ အဲဒါဆိုဒီကောင် တွေတော့ မရပါဘူးကွာဆိုပြီးတော့ အကုန်လုံးသိမ်းပြီးတော့ ကိုအေးမြင့်ကိုပြော ကိုအေးမြင့် အဲဒါတွေ အကုန်လုံးသိမ်းပြီးတော့ ကြံ့ခိုင်ရေး ဘဏ် ထဲမှာလေအကုန် သွားထည့်လိုက်လို့၊ အဲဒီထဲက အတိုးပဲ ဒီကောင်တွေ သုံးပါစေလို့။ ဒါမှ ထုတ်လို့ မရအောင် လို့လို့။ အဲလိုလုပ်လိုက်တာ။ လုပ်လိုက်တော့ ရန်ကုန်တိုင်း ကြံ့ခိုင်ရေး အသင်းက ကိုတင်ထွတ်က အဲဒီတုန်းက ဘဏ်လားမသိဘူးလုပ်တယ်။ ဦးမောင်မောင်သိမ်းက မွေး/ရေ ဘဏ်လုပ်တယ်။ နောက်တော့ သူတို့က ရန်ကုန် တိုင်းကို အထည့်မခံတော့ဘူး။ ကို မောင်မောင်သိမ်း ဘာလို့လဲမေးတော့မဟုတ်ဘူးတဲ့ ရန်ကုန် တိုင်းကြံ့ခိုင်ရေး က ငွေကတဲ့ ကျွန်တော်တို့ အသင်းကြီးထက် တောင်မှများနေလို့တဲ့။ အဲလိုဆိုရင် မြို့နယ်၊ခရိုင် ခေါင်းစဉ်ခွဲပြီး တော့ ခွဲထည့်မယ်ဆိုတော့မှ လက်ခံတာ။ ငါအဲဒီတုန်းက ဒုချုပ်နဲ့လစာတွေ ပေးတာ။ ဥက္ကဋ္ဌ ဆိုရင်ဘယ် လောက်။ အတွင်းရေးမှူး ဆိုရင်ဘယ်လောက်။ အဖွဲ့ဝင်ဆိုရင်ဘယ် လောက်ဆိုပြီးတော့တိုင်းဆိုတစ်မျိုး၊ ခရိုင် ဆိုတစ်မျိုး၊ မြို့နယ်ဆို တစ်မျိုး။ တခြားပြည် နယ်တိုင်းတွေဆိုရင် ၀င်ငွေရတဲ့ မြို့နယ်က ပိုက်ဆံရတယ်။ မရ တဲ့လူ၊ ရတဲ့လူတွေနဲ့ ရန်ကုန်တိုင်းမှာ တပြေးညီရတယ်။
ဘာလို့လည်းဆိုတော့ ငါတို့ကလည်း စစ်မှုထမ်းဟောင်းဖြစ်သွားတော့ စစ်မှုထမ်း ကလည်း ဘယ်ပါတီမှ မ၀င်ရ ဘူးလေ။
အဲဒါမျိုးက ငါတိုင်းမှူးတုန်းကလည်း ပါရမီတံတားကြီးဆောက်တုန်းက ပါရမီ တံတားမှာ ခြေပြတ်လက်ပြတ် တွေက စားစရာမရှိလို့ ဆိုပြီးတော့ ၀င်တောင်းတယ်။ တောင်းတော့ နည်းနည်းပေးတယ်။ နည်းလို့ဆိုပြီးတော့ မချေမငံတွေ ဖြစ်လို့တိုင်တော့ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ ငါနဲ့တိုင်ပင်ပြီးတော့ ငါတို့ ခြေပြတ်၊ လက်ပြတ်တွေ ကို ထောက်ပံ့ကြေး တစ်လတစ်ကြိမ် မြို့တော်ခန်းမမှာ လုပ်သေးတယ်ကွ။ လုပ်ပြီးတော့ တစ်ယောက်ကို ငါးသိန်း ထည့်ပေးတယ်။ ဦးပိုင်မှာလေ။ ဦးပိုင်က ၃၀ရာခိုင် နှုန်းရမှာလေ။ တစ်သိန်းထည့်ရင် သုံးသောင်းပေါ့နော်။ ငါး သိန်းဆိုတော့ တစ်သိန်းခွဲလောက်ရမှာပေါ့။ အဲဒါကို အလှူ ရှင်တွေပေါ့နော်။ လှူကြ တယ်တော်တော်။ ငါတို့ အဲလိုထည့်ထည့်ပေးတယ်။ နောက် ကျငါတို့လူကြီးတွေက ငါနဲ့ဦးတင်ဦးကို ခေါ်ဆူတယ်။ မင်းတို့လုပ်နေတာ ထားပါ တော့ကွာ သူများပေးမှ ကမ်းမှစားရမယ့် သူတွေကို ငါတို့ထောက်ပံ့ကြေးပေးထား တာ အလုံအလောက် ပေးထားတာ ရပ်ဆိုပြီးတော့။ ငါတို့ရပ်ရတယ်။ ငါအဲဒီဟာ သာရပ်တာပါ။ ရန်ကုန်တိုင်းအတွင်းမှာရှိ တဲ့ ခြေပြတ်၊ လက်ပြတ်တွေကို အဲဒီတုန်း က —- ရယ်၊ငါရယ် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ခြေပြတ်၊ လက်ပြတ်တွေကို လုပ် ပေး တယ်။
ဗိုလ်ချုပ်ကြီးသိန်းစိန် စစ်ရေးချုပ်လုပ်တုန်းကလည်း ကိုသိန်းစိန် ခင်ဗျား စစ်ရေးချုပ်ရုံးမှာ မစွမ်းမသန် စစ်သည် ထောက်ပံ့ကြေးဆိုပြီးတော့ ပိုက်ဆံအများ ကြီးရှိတယ်။
အဲဒါ ခင်ဗျားအဲလိုလုပ်ပေးပါလား။ ကျွန်တော်တို့တုန်းက အဲလိုလုပ်တယ်။ နိုင်ငံတော်က ပေးတယ်ဆိုတာ လည်း လူကြီးတွေက များလှပြီ ထင်နေတာ။ အပြင်က ကုန်ဈေးနှုန်း သူတို့ကမသိဘူး။ မိန်းမ တွေပဲသိတာ ပေါ့နော်။ သူတို့က မသိတော့ နောက်တယ်လို့ပဲ ထင်နေတာ။ ကျွန်တော် တို့ အဲလိုလုပ်ခဲ့ဖူးတယ်။ အဲတော့ ခင်ဗျား ငါးသိန်း၊ ငါးသိန်း ဦးပိုင်မှာ ထည့်ပေးပြီး တော့လို့ ဒီဟာ ခင်ဗျားငွေလျော့သွားတာမှ မဟုတ်ဘဲလို့။ စာရင်းခေါင်းစဉ် တစ်ခုပဲ။ ခြေပြတ်လက်ပြတ် ထောက်ပံ့ရေး ရန်ပုံငွေဆိုပြီး ခေါင်းစဉ်တစ်ခုပဲ။ ဒီစာရင်းထဲမှာ ရှိ နေမယ်။ ပျောက်လည်းမသွားဘူး။ စာရင်းလည်း မပျောက်ဘူး။ အဲဒီကရတဲ့အတိုးကို သူတို့ စားပါစေပေါ့။ အဲလိုလုပ်ရင်ရတယ် ပေါ့။ သူပြောတယ်။ ကျွန်တော်လည်းလုပ် ချင်ပါတယ်တဲ့။ ဒါပေမဲ့ ကျွန်တော့် တစ် ယောက်တည်းလုပ်လို့မရဘူးတဲ့။ လူကြီး တွေက ခွင့်ပြုမှလုပ်လို့ရမယ်တဲ့။
အဲလို မပေးနိုင်ရင်တောင် ကစထမှူး ကို နယ်မှာကတော့ မြေတွေက ပေါတာ ပဲကွ ကိုယ့်နယ်ထဲမှာရှိတဲ့ ခြေ ပြတ်၊ လက် ပြတ်တွေကို နေဖို့ထိုင်ဖို့ လုပ်ကိုင်စား သောက်ဖို့မြေလေးတွေပေး၊အိမ်မဆောက် နိုင်လို့ရှိ ရင်လည်း အိမ်ဆောက်ပေးဆိုပြီး တော့ အဲဒါတွေကိုလည်းလုပ်တော့ လုပ် တယ်။ ဒါပေမဲ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ် ဘူး။ နောက်ပိုင်းဆက်မလုပ်ကြတော့ဘူး။ နည်းနည်းတော့ လုပ်လိုက်သေးတယ်။ နောက်ပိုင်းတော့ မလုပ်ဖြစ်တော့ဘူး။ ခြေ ပြတ်၊ လက်ပြတ်တွေက အခုထောက်ပံ့ ကြေးတို့၊ရာနှုန်းပြည့်တို့တော့ ပေးတယ်ကွ။ ဒါပေမဲ့ ဟိုတုန်းကနှုန်းတွေ နောက်ပြီးတော့ နှုန်းတွေက နည်းတာပေါ့နော်။ ပေးတော့ ပေးပါတယ်။ တစ်ဖက် ပြတ်ဆိုရင် ၅၀ ရာခိုင်နှုန်း၊ နှစ်ဖက်ပြတ်ဆိုရင် မစွမ်း မသန်ထောက်ပံ့ကြေး အဲလိုသတ်မှတ်ထား တယ်။ နှစ်ဖက်ဆိုရင်တော့ ၁၀၀ရာခိုင် နှုန်းမျက်စိမမြင်ဘူးဆိုရင် အကူတစ် ယောက်အတွက် အဲလိုတော့ပေးပါတယ်။ ဒါပေမဲ့ အဲဒါတွေကနည်းတာပေါ့။ နည်း တော့ အကူကလည်းကိုယ့်သားသမီးပဲခန့် လို့ရမယ်။ အပြင်လူက လစာနည်းတော့ မလုပ်ဘူးပေါ့။ သားသမီးထဲကလူ မကူရင် အကူအညီ မရှိတော့ဘူး။
ဒီအတိုင်းသွားရင် ၂၀၁၅မှာ ရင်လေး တယ်ပေါ့။ နောက်ကျရင်တစညလို ဖြစ် သွားမယ် ကြံ့ခိုင်ရေးပါတီက။
တိုင်းပြည်ဆိုတာကတော့ တိုင်းပြည် မှာ ကိုယ့်သယံဇာတရှိတော့ သယံဇာတ ထုတ်ယူသုံးစွဲပြီး တိုင်းပြည် ဖွံ့ဖြိုး တိုးတက် အောင်တော့ ဘယ်တိုင်းပြည်ဖြစ်ဖြစ် လုပ်ရမှာပဲ။ မလုပ်ရဘူးဆိုတာက အဓိပ္ပာယ်မရှိဘူး။ ဒါပေမဲ့ လုပ်တဲ့နေရာမှာ လုပ်နည်း လုပ်ဟန်လိုတာပေါ့နော်။ ပြည်သူကို အခု အခြေအနေထက်ကောင်းေ အာင်၊ ကျေနပ် အောင် လုပ်ပေးရမယ်။ ကျေနပ်အောင်လုပ် ပေးပြီးတော့မှ အခုက မကျေနပ်လို့ဖြစ်တာလေ။ ဒီပြင်ဟာတွေ ဘာမှ မဟုတ်ဘူး။ သူတို့မကျေနပ်လို့ ဖြစ်တာ။ သူတို့လက်ရှိ အခြေအနေထက် နိမ့်ကျသွားလို့ စားရမဲ့ သောက် ရ မဲ့ဖြစ်သွားလို့ မကျေနပ်လို့ဖြစ် တာ။အဲဒီဥစ္စာကိုတို့ လိုတာပေါ့နော်။ ဧရာ ၀တီကြီးလည်းရပ်၊ လက်ပံတောင်း တောင်လည်း ရပ်ဆိုရင် တရုတ်ကခံမှာ မဟုတ်တော့ဘူး။ တစ်ခုခုတော့တုံ့ပြန်မှာပဲ။ ဧရာဝတီကိုဘာမှ မတုံ့ပြန် တာ ပိုက်လိုင်းကြောင့် ပိုက်လိုင်း ပြဿနာတက်နေလို့ ငြိမ်နေတာ။ ပိုက်လိုင်းက အကျိုးကျေးဇူး အများ ကြီးရှိ တာကိုး။ ပိုက်လိုင်းက သူ့အတွက် စိုးရိမ်စရာ ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် သူလည်းကြည့်နေတာ။ KIA ၊ ၀ တို့လည်း သူမီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်ထား ပုံရတယ်”” ဟူ၍ ပြောကြား ခဲ့သည်။
မြန်မာသံတော်ဆင့် အနေဖြင့်အဆို ပါ ပြောကြားချက်များအား လက်ရှိမြန်မာ့ နိုင်ငံရေးသမိုင်း လိုအပ်ချက် အချို့နှင့် ပြင် သင့်သည်များ ပြုပြင်ကြရန် စေတနာထား ပြောကြားခဲ့သည့် ပုဂိ္ဂုလ်ကြီးအပေါ် ၎င်းတို့၏ ဖြတ် သန်းခဲ့ရသော နိုင်ငံရေး၊ စစ်ရေး အတွေ့အကြုံကောင်းများကို လေးစား၍ နိုင်ငံရေး စိတ်ဝင်စားသော စာဖတ် ပရိသတ်များအတွက် ပြန်လည် တင်ပြခြင်းသာ ဖြစ်ပါသည်။ အမှန်တကယ်ဆိုရပါလျှင် လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းနှင့် အစိုးရ၊ လွှတ်တော် အကြီးအကဲများ တာဝန်ရှိသူများသည် ယခင် တပ်မတော်အစိုးရ အဖွဲ့ဝင်များသာ ဖြစ်ကြရာ အများပြည်သူ လိုလားတောင့် တလျက်ရှိသော ဒီမိုကရေစီ အရပ်သား အစိုးရစစ်စစ်အသွင်သို့ ရောက်ရှိစေရန် အချိန်ကာလ တစ်ခုမျှ စောင့်ဆိုင်းဖွယ်ရာ ရှိပေသည်။ အာဏာရ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးတင်ထွတ်နှင့် တွေ့ဆုံစဉ်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု-ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင် အေးတို့ကို အိမ်ထောင်စုတစ်ခု၏ ဖခင်နှင့် မိခင်တို့သဖွယ် သားသမီးများ အား တစ်ဦးက တင်းကျပ်လျှင် တစ်ဦးက အလျှော့ပေး တတ်သောသဘော၊ ဒု-ချုပ်သည် လွန်စွာ စိတ်ထား သဘောထား ကောင်းမွန်သူတစ် ဦးဖြစ်ကြောင်း — စသည်ဖြင့် ၎င်း၏ အတွေ့အကြုံအချို့ကို သုံးသပ် ပြောကြား ပေးခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြံ့ခိုင်ရေးပါတီတွင် သြဇာကြီးသော နေရာတွင်ရှိသည့် ပါတီဗဟိုအတိုင်ပင်ခံ၊ ပြည်ထောင်စုလွှတ်တော် လယ်မြေ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွတ်(ယခင် တိုင်းမှူး/ ဗိုလ်ချုပ်)နှင့် မြန်မာသံတော်ဆင့် အယ်ဒီ တာအဖွဲ့ ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ အတွင်း မအူပင်မြို့သို့ သွားရောက်ခဲ့စဉ် ဦးတင်ထွတ်က ကြံ့ခိုင်ရေးပါတီ၏ ယနေ့ နိုင်ငံရေး အခြေအနေများနှင့် စပ်လျဉ်း၍ ၎င်းင်း၏ အတွေ့အကြုံများကို ပြောကြားခဲ့ ရာတွင် -
““သတင်းသမားက သတင်းတော့ ထည့်မှာပေါ့။ မှားမှားမှန်မှန်။ မှားတဲ့ဘက် လည်း မှားတဲ့အတိုင်းပဲ၊ မှန်တဲ့ ဘက်လည်း မှန်တဲ့အကြောင်းပေါ့။ သတင်းသမားက သတင်းသမားပဲလေ။ ငါကတော့ အားပေး တယ်။ ငါတို့ မဟုတ်တာ လုပ်လည်း ဘာဖြစ်လဲ မဟုတ်တာရေးပေါ့။ လူတွေက ကိုယ့်အားနည်းချက်ကိုကျတော့ ဝေဖန် ခံရမှာ သိပ်ကြောက်ကြတာ။ အကောင်းလေးတွေ အညွှန့်လေးတွေပဲ၊ ဟိုတုန်းကလည်း ဒါပဲ ပေါ့ကွာ။ ရွှေဘုန်း တော် တိုးပါလို့ ရွှေမိုးတွေ အကြီးအကျယ်ရွာဆိုတဲ့အသံ သိပ်အမြင်ကပ်တယ်။ ဟုတ်တယ် ရှင်ဘုရင်ခေတ် တုန်းက နိုင်ငံ့သမိုင်းတွေ၊ ရာဇ၀င်တွေ ပြန်ကြည့်လိုက်။ ဒီလိုပဲ ၀န်ကြီးဆိုတဲ့ကောင် တွေ ရှင်ဘုရင်ဘေးနား ကပ်ဖားရပ်ဖားနဲ့ ဘုန်းတော်ကြောင့်၊ မှန်ပါ့ဘုရား၊ ဘုန်းတော်ကြောင့်နဲ့။ ဒီဘုန်းတော်ကြောင့်တွေ နဲ့ပဲ နောက် ဆုံးတော့ တိုင်းပြည်ပျက်၊ ကျွန်ဖြစ်တယ် မဟုတ်ဘူးလား။ မဟုတ်ရင် မဟုတ်ဘူးပေါ့။ ပြောရဲရမယ်၊ လုပ်ရဲရ မယ်။ ငါတို့ကတော့ မကြိုက်ဘူး၊ ငါကတော့ လက်မခံဘူး။ မလုပ်ရရင် ထွက်တယ်ကွာ ဘာဖြစ်လဲ။ မပြောရဲကြ ဘူး။ မဟုတ်တာတွေ သိနေတာပဲ။
အဲဒါနဲ့ပဲ တိုင်းပြည်ကဒုက္ခရောက် တော့တာ။ အခုဒီဟာတွေက ဒါတွေပဲပေါ့ ကွာ။ အခုနေဝေဖန်ရင် ငါ့တော့ Anti ကြီး လို့ သူများတွေပြောမှာစိုးလို့ အသာလေး မပြောဘဲနေတာ။ အေး အမှားတွေပေါ့။ ရေနက်ကွင်း ကိစ္စတွေ။ အရင်တုန်းက ထဲထဲဝင်ဝင် ရှိနေတဲ့အလုပ်။ သိနေတာပဲဟုတ်မှ မဟုတ်တာ။ ဘာပြောလို့ရမလဲ၊
တို့က န .ယ .က နဲ့ထွက်တာလေ။ လွှတ်တော်ကိုယ်စား လှယ်လည်းဖြစ်။ ဒီနေ့ အာဏာလွှဲပေးပြီး နောက် တစ်နေ့ ငါတို့ခေါင်းထဲမှာ အကုန်ထုတ်ပစ်လိုက်ပြီ။ ဘာမှမရှိဘူး၊ ပြီးသွားပြီ။ လွှတ်တော်မှာ တရားဝင် အာဏာ လွှဲပေးလိုက်ပြီလေ။ အစိုးရအဖွဲ့ကို အာဏာလွှဲပေးလိုက်တယ်။ ဗိုလ်ချုပ်မှူးကြီးတို့ငါတို့ အတူတူပဲထွက် သွား ကြတာ။နားကြ တာပေါ့လေ၊သားသမီး တွေ မိသားစုတွေနဲ့ပေါ့။
ငါကလည်းပြောသင့်ပြောထိုက်တာ ကို ပြောတော့မှ သစ္စာရှိတယ်လို့ ထင်တာ။ ငါ့အောက်လက်ငယ် သားတွေ လည်း ငါ့ကို အဲဒီလိုပြန်ပြောရင် ငါကြိုက်တယ်။ ပြော စမ်း မင်းအမြင်အရင်ပြော၊ မှားမှားမှန်မှန် ပြော။ ငါ့ကို ကြောက်လို့ မပြောရဲဘူးဆို တာကို မကျေနပ်နိုင်ဘူး၊ လက်မခံနိုင်ဘူး။ ငါပျက်စီးသွားမယ်။ တိုင်းပြည်လည်း နာ တာပေါ့ကွာ၊ မဟုတ်တာကြီး မြင်နေရင်။ ငါမမြင်ပေမယ့် သူမြင်တာရှိမှာပေါ့။ ငါ မမြင်ပေမယ့်မင်းမြင် တာရှိမှာပဲ။ မင်းမြင် တာ မင်းပြောမှာပဲ၊ မှားမှားမှန်မှန်ပေါ့။ လက်ခံတာ၊ မခံတာ ကိုယ့်အလုပ်လေ။
သူတို့လည်းမသိဘဲ နေပါ့မလား။ ဒီ လောက် ဒီခေတ်ကြီးမှာ တယ်လီဖုန်းတွေနဲ့ ဒီလောက်ခေတ်မီနေတာ။ အင် တာနက် တွေ၊ အီးမေးလ်တွေနဲ့။ ဒါပေမယ့် သူတို့ မြုံနေတာပေါ့နော်။ အရှက်ကွဲမှာ စိုးလို့ မြုံပြီးတော့၊ ကျိတ်ပြီး တော့ လုပ်နေတာ။ အဲဒါဘယ်ဟုတ်မလဲ။ အမှန် အမှန်အတိုင်း ပေါ့။ မင်းဟာ ဘယ်သူ့ဘက်မှမလိုက်ဘူး ငါ ပြောတယ်။ မှန်လျှင်မှန် မမှန်လျှင်လျှာ ထွက်မည်ဆိုတဲ့ ချိန်ခွင်ပေါ့ကွ။ တို့ပါတီမ ကောင်းရင်ရေးပေါ့၊ ဘာဖြစ် လဲ။ တို့က ဘာမှမပြောဘူး။ ကိုယ့်ပါတီ အားနည်း နေရင် မင်းတို့ထောက်ပြ။ ၀မ်းသာတယ်၊ welcome ပဲ။ ဒါမှန် တယ်။ ဒီလိုဖြစ်ရမယ်။ လူတွေကကိုယ့် ဝေဖန်တာကျမခံချင်ဘူးကွ၊ ဘယ်လိုကြီးလဲ။
တို့ ကြံ့ခိုင်ရေးကိုတွယ်လို့။ အဲဒီတုန်းက ကိုရွှေမန်းကနေပြီးတော့ စာလေးနဲ့ရေး ပေးကြပါဆိုတော့ တစ် ယောက်မှ မရေးဘူး။ ငါတစ်ယောက်ပဲရေးတာ။ ငါ ၂ ရက်လား ပဲ။ မောင်ကျော်စွာနဲ့ ပြောသလိုပဲ။ ငါရေး ပြီး ငါပို့လိုက်တာ၊ မှန်နေပြီးသား။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဆုံတွေ့စဉ်ကလည်း ၂၀၁၅ ရွေးကောက်ပွဲသို့ ကြံ့ခိုင်ရေး ပါတီမှ ဆက်လက်ယှဉ်ပြိုင်ရန် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က တိုက်တွန်း ပြောကြား ခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် တွေ့ဆုံစဉ်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွား ရောက်တွေ့ဆုံ ဂါရ၀ပြုခဲ့ခြင်းအကြောင်းများ ပြောကြားခဲ့ခြင်း၊ လက်ရှိ ကြံ့ခိုင်ရေး ပါတီဥက်္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီး)နှင့် တွေ့ဆုံစဉ်ကလည်း တာဝန်ပေး၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်ခဲ့ရကြောင်း ပြောကြားချက်များ ပြန်လည် သုံးသပ် ကောက်နုတ်ရပါလျှင် မြန်မာ့နိုင်ငံရေးလောက၌ ဗိုလ်ချုပ်မှူး ကြီးများ၏ နိုင်ငံရေးသြဇာနှင့် စီနီယာများအပေါ် ရိုသေလေးစား လေ့ရှိသော တပ်မတော်အစဉ် အလာများကြောင့် မည်သည့်နိုင်ငံရေးအင်အားစု၊ မည်သည့် လှုံ့ဆော်မှုများကြောင့် မြန်မာ့နိုင်ငံရေး အပြောင်း အလဲ၊ သိသာထင်ရှားစွာ ဖြစ်ပေါ်လာနိုင်ခြင်း မရှိဘဲ ယခင်တပ်မတော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူခဲ့ သူများကြောင့်သာလျှင် အများပြည်သူအပေါ် သက်ရောက်နိုင်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲ များ ပြုပြင် ပြောင်းလဲရေးများ၊ ပွင့်လင်း မြင်သာမှုများ အမှန်တကယ် ဖြစ်ပေါ်လာနိုင်မည်ဟု ယူဆ. . .
တို့ကသွားလာနေတဲ့သူပဲကွာ၊ ကလေးတွေ ကြားထဲနေတာ။ သူတို့က ဘယ်မှသွားတာ မဟုတ်ဘူး။ အပေါ်မှာ ရွှေမှုန်ကြဲနေတာ။ ဒီမှာကလက်နှီးစုပ်၊ ခြေနင်းဖက်ကွ။ ငါတို့ ကဖုန်တထောင်းထောင်းထဲ သွားနေတဲ့ ကောင်။ အခြေအနေကြည့် သိတာပေါ့။ သူတို့က အဲဒါလုပ်တာမှမဟုတ်ပဲ။ ရေးပါဆိုတော့ သူတို့လည်းမရေးဘူး။ သုံး သပ်ပါဆိုတော့ သူတို့လည်းမသုံးသပ်ဘူး။ သုံးသပ် ရင်ဘာသုံးသပ်မလဲမင်းသိလာ။ အကောင်း တွေ။ ဟာအဲဒီ လို ညာတဲ့အတွက် တိုင်းပြည် ပျက်တာ။ ငါပြောချင်တာ ညာတဲ့အတွက် အဲဒီ အဖွဲ့အစည်းကွဲတယ်။ မှတ်ထား ဘယ်တော့မှ မလုပ်ဘူး ငါ။
(ဦး)အောင်သိန်းလင်းကွာ လွှတ်တော် ကိုယ်စားလှယ်အတွက် ပါတီအင်အားဖြည့်ဖို့ လူစုပါဆိုတော့ ဆိုက် ကားသမားတွေ၊ အလုပ်သမားခေါင်းတွေဆိုပြီး ခေါ်လာတယ်။ အနှေးယာဉ်လုပ်သားကွာ အဲဒါ ဆိုက်ကား သမားပဲလေ။ အလုပ်သမား ခေါင်းကွာ အဲဒါ ကူလီခေါင်းတွေပဲပေါ့။ တော်သေးတာပေါ့ ငါကြည့်လိုက်လို့ တို့ လွှတ်တော်ထဲကို အဲဒီလိုကိုယ်စားလှယ်တွေ ရောက်မလာတာ။ ငါကြည့်ပြီး အကုန်လဲခိုင်းရတယ်။ မြို့နယ် လူထုက တို့ပါတီကို ဘယ်လိုထင်သွားမလဲ၊ ဘယ်လိုမဲပေးမလဲ …””ဟူ၍ သုံးသပ်ပြောကြားခဲ့သည်။
မြန်မာသံတော်ဆင့် အယ်ဒီတာများ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့်ဆုံတွေ့စဉ်ကလည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၎င်းနှင့် တွေ့ဆုံ၍ ပြောကြားခြင်းများ ရှိကြောင်း၊ ၂၀၁၅ ရွေး ကောက်ပွဲသို့ ကြံ့ခိုင်ရေးပါတီမှ ဆက်လက်ယှဉ်ပြိုင်ရန် ဥက္ကဋ္ဌဦးခင်အောင် မြင့်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက် တွန်း ပြောကြားခဲ့ကြောင်း၊ ကြံ့ခိုင်ရေးပါ တီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းနှင့် တွေ့ဆုံစဉ်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သွားရောက်တွေ့ဆုံ ဂါရ၀ ပြုခဲ့ခြင်း အကြောင်းများ ပြောကြားခဲ့ခြင်း၊ လက်ရှိ ကြံ့ခိုင် ရေး ပါတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ် တော်နာယကသူရဦးရွှေမန်း (ဗိုလ်ချုပ်ကြီး) နှင့် တွေ့ဆုံစဉ်ကလည်း တပ်မတော်အစိုးရ လက်ထက်မှ ဒီမိုကရေစီအစိုးရသို့ အကူး အပြောင်းတွင် ရွေးချယ်ခံရခြင်းထက် တာ ၀န်ပေး ၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့ရကြောင်း ပြောကြားချက်များ စသည်ဖြင့် မြန်မာသံတော်ဆင့်မှ တပ်မတော် အစိုးရ အကြီးအကဲတာဝန်ယူခဲ့သူများကို တွေ့ဆုံ ခွင့်ရ၍ နိုင်ငံရေးဆွေးနွေး ပြောကြား မှုများ ကို ပြန်လည်သုံး သပ် ကောက်နုတ်ရပါလျှင် မြန်မာ့နိုင်ငံရေးလောက၌ တပ်မတော်အစိုး ရ အကြီးအကဲများ၊ ဗိုလ်ချုပ်မှူးကြီး များ၏ နိုင်ငံရေးသြဇာနှင့် စီနီယာများအပေါ် ရို သေလေးစားလေ့ရှိသောတပ်မတော်အစဉ် အလာများကြောင့် မည်သည့် နိုင်ငံရေး အင်အားစု၊ မည်သည့်အတိုက်အခံများ၊ မည်သည့် ပြည်တွင်း၊ ပြည်ပလှုံ့ဆော် မှုများ ကြောင့် မြန်မာ့နိုင်ငံရေး အပြောင်း အလဲ၊ အာဏာပိုင်အပြောင်းအလဲများ သိသာထင်ရှား စွာ ဖြစ်ပေါ် လာနိုင် ခြင်းမရှိဘဲ ယခင်တပ်မတော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူခဲ့သူများကြောင့်သာလျှင် အများပြည် သူ အပေါ် သက်ရောက်နိုင် သော မြန်မာ့ နိုင်ငံရေး အပြောင်းအလဲများ ပြုပြင်ပြောင်းလဲရေးများ၊ ပွင့်လင်းမြင်သာ မှုများ အမှန်တကယ် ဖြစ်ပေါ်လာနိုင်မည်ဟု ယူဆမိပါသည်။