Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လေးပွင့်ဆိုင် ဆွေးနွေးပွဲအတွက် တစ်ကိုယ်တော်ဆန္ဒပြသူ အဖမ်းခံရ

$
0
0
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းတို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ လေးပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ အတွက် ပျဉ်းမနားမြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြပွဲ တစ်ရပ် ဖြစ်ပွါး ခဲ့ပါတယ်။

တစ်ကိုယ်တော်ဆန္ဒပြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၂၀၇ က ကျောင်းသားဟောင်းဖြစ်တဲ့ ကိုဇော်မြင့်က အခုလိုပြောပါတယ်။

"လက်နက်ကိုင် တိုင်းရင်းသားရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်သလို လက်နက်မဲ့ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ငြိမ်းချမ်းရေးစားပွဲမှာ ဘာလို့တွေ့ဆုံ မဆွေးနွေးနိုင်ရမှလဲ၊ အရင်တုန်းက စစ်သီချင်းရှိပါတယ်၊ ရန်သူနဲ့တွေ့ရင် မီးလို၊ ပြည်သူနဲ့တွေ့တော့ ပန်းလို၊ အခုက ဖြစ်ပျက်နေတာက လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ကျ ပန်းလိုဆက်ဆံပြီး ပြည်သူနဲ့ထိပ်တိုက်တွေ့တဲ့အချိန်ကျုတော့ မီးလိုဆက်ဆံနေတာ၊ အဲ့ဒါတွေကို ရပ်ပါလို့ပြောချင်ပါတယ်၊ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဒီနေရာကနေပြီးတော့ တောင်းဆိုရခြင်းဖြစ်ပါတယ်"

ကိုဇော်မြင့်ဟာ ပျဉ်းမနားမြို့ ဗိုလ်တောက်ထိန်လမ်းကနေ ဗိုလ်ချုပ်ကြေးရုပ်ရှေ့အထိ လမ်းလျှောက်ဆန္ဒပြနေတုန်းမှာ မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf

Viewing all articles
Browse latest Browse all 32865

Trending Articles