Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

မြေပုံမှ နိုင်ငံသားဖြစ်ခွင့်ရ ဘင်္ဂါလီများမနက်ဖြန်ကျမ်းကျိန်တော့မည်

$
0
0
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှ ဘင်္ဂါလီများကို နိုင်ငံသားအဖြစ် မနက်ဖြန် စက်တင်ဘာ ၂၂ ရက်နေ့တွင်ကျမ်းကျိန်ခွင့် ပြုတော့မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌါန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့က မြန်မာ့ငြိမ်းချမ်းရေးစင်တာ တွင်ပြောသည်။

"၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်သင့်တဲ့သူတွေကို စိစစ်လိုက်တာဖြစ်ပါတယ်။မြေပုံကို ပိုင်းလော့ ဧရိယာအနေနဲ့ လုပ်လိုက်တာပါ။အဲဒီဒေမှာနေသူတွေက လူဦးရေစာရင်းကောက်တာတွေမှာ လည်းပူးပေါင်းဆောင်ရွက်မှုလည်းရှိတယ်"ဟု ယင်းကပြောသည်။

ပြီးခဲ့သည့် ဇွန်လက စတင်ကာ နိုင်ငံသားစိစစ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အိမ်ထောင်စုတိုင်းက စိစစ်မှုကို ကြည်ကြည်ဖြူဖြူခံ ယူကြကြောင်း၊လူမျိုးနေရာတွင် ဘင်္ဂါလီဟု ထည့်ရေးသူများရှိသကဲ့သို့ လူမျိုးအမည်ထည့်မရေးဘဲ ကွက်လပ် ထားသူများလည်းရှိကြောင်း ၀န်ကြီးကပြောသည်။

စိစစ်မှုများအနက်မှ လူဦးရေ ၂၀၉ ဦးကို တင်ပြလာရာတွင် ၄၀ ဦးမှာ နိုင်ငံသားဖြစ်ခွင့် ရမည်ဖြစ်ပြီး ၁၆၉ ဦးမှာ နိုင်ငံသား ပြုခွင့်ရသူ များဖြစ်ကြောင်း၊ယင်းတို့မှ မွေးဖွါးထားသော သားသမီးများ ၆၆၅ ဦးခန့်မှာ အလိုအလျောက် နိုင်ငံသားနှင့် နိုင်ငံသား ပြုခွင့် ရသူများ ဖြစ်ကြမည် ဖြစ်ကြောင်း သိရသည်။

"စိစစ်မှုတွေကို လုပ်တဲ့အခါ ရခိုင်တိုင်းရင်းသားဖက်က တာဝန်ရှိသူတွေ၊ဘင်္ဂါလီဖက်က တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် စစ်ဆေးမှုတွေလုပ်ပြီးမှ အတည်ပြုနိုင်တာ ဖြစ်ပါတယ်။သူတို့ဟာ ဥပဒေအရ နိုင်ငံသား ဖြစ်ကြပေမယ့်လို့ ဘယ်တော့မှ တိုင်းရင်းသား မဖြစ်ပါဘူး။ကျန်တဲ့သူတွေကိုလည်း ဆက်လက်စိစစ်ပါအုံးမယ်"ဟု ဦးခင်ရီက ပြောကြားခဲ့သည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>