Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

KDDI နှင့် ပူးပေါင်းထားသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများ ဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်နေ......

$
0
0
ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ပူးပေါင်းပြီးနောက် MPT က ၎င်းတို့၏ အမှတ်တံဆိပ်သစ် ဆင်းမ်ကတ်များကို ပထမဆုံးစတင် ရောင်းချမှုများ ပြုလုပ်လာသော်လည်း MPT မိုဘိုင်းအင်တာနက် အမြန်နှုန်းများသည် ယခုရက်ပိုင်းအတွင်း ယခင်ကထက် ပိုမိုကျဆင်းလျက်ရှိကြောင်း မိုဘိုင်းဖုန်းအသုံးပြု သူအများစုထံမှ စုံစမ်းသိရသည်။
ယခုလ ၁ ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း၌ Ooredoo ဆင်းမ်ကတ်များနှင့် အပြိုင်ရောင်းချမှုများ ပြုလုပ်လာသည့် MPT ၏ မိုဘိုင်းအင်တာနက် မြန်နှုန်းများသည် ယခင်ကထက် ပိုမိုကောင်းမွန်လာရန် အဆင့်မြှင့်တင် ဆောင်ရွက်မှုများကို ပြုလုပ်နေကြောင်း အဆိုပါကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တစ်ချိန်တည်းတွင်မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ချိတ်ဆက်ထားသည့် SE-ME-WE3 ရေအောက်ကေဘယ် ဆက်ကြောင်းသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြတ်တောက်ခဲ့ပြီး ၁၉.၉.၂၀၁၄ မှ အင်ဒိုနီးရှား ရေပိုင်နက်အတွင်းသို့ ဝင်ရောက်ပြုပြင်ခွင့် ရကြောင်းသိရသည်။

“မိုဘိုင်း အင်တာနက်တွေ ပိုကောင်းလာအောင် လုပ်နေပါတယ်။ အခုလည်း ဆက်သွယ်ရေး ကွန်ရက်တွေ တိုးတက်နေပါတယ်။ ဒီထက်ပိုပြီး အဆင့်မြင့်လာဖို့ ဂျပန်ကုမ္ပဏီနဲ့အတူ ဆောင်ရွက်နေပါတယ်။ အပြည့်အဝ ဆက်သွယ်ရေး ဝန်ဆောင်မှုတွေကို ပေးသွားမှာပါ" ဟု MPT ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပုဂ္ဂလိက ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအဖြစ် တရားဝင်စတင် လုပ်ကိုင်လာပြီ ဖြစ်သော်လည်း MPT ၏ဆက်သွယ်ရေး ဝန်ဆောင်မှုများသည် ယခုအချိန်ထိတိုင်အောင် သုံးစွဲသူများ၏ ကျေနပ်မှုကို မရရှိသေးဟု သိရသည်။

“ဂျပန်နဲ့ပေါင်းထားတယ် ဆိုတော့အရင်ကထက် ပိုပြီးကောင်းလာမှာပဲ၊ Ooredoo ထက်တော့သာမှာပဲ။ သူတို့မှာအခြေခံ တာဝါတိုင်တွေကလည်း ရှိပြီးသားဆိုတော့ မျှော်လင့်ချက် ထားခဲ့သေးတာပဲ။ အခုအရင် MPT ဆင်းမ်ကတ်တွေရော၊ အခုအသစ်ထွက်တဲ့ ဆင်းမ်ကတ်တွေရော အင်တာနက်က ဘာမှမထူးဘူး" ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းအသုံးပြုသူ လူငယ်တစ်ဦးက ပြောသည်။
MPT သည် ၎င်းတို့၏ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များနှင့် ရုပ်သံမီဒီယာများမှ တစ်ဆင့်ကြော်ငြာ ခြင်းများကို ပြုလုပ်လာပြီး အစောဆုံး ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ရောင်းချနေသည့် ကာတာဆက်သွယ်ရေး ကုမ္ပဏီကို ယှဉ်ပြိုင်မှုများ ပြုလုပ်လာနေပြီ ဖြစ်သည်။
“MPT ကကြော်ငြာတဲ့ သူတို့ရဲ့ဝက်ဘ်ဆိုက် အသစ်နဲ့ကြော်ငြာ ဗွီဒီယိုဖိုင်တွေကို MPT အင်တာနက်နဲ့ ကြည့်လို့မရဘူး။ Ooredoo ဆင်းမ်ကတ်နဲ့ ကြည့်တော့မြန်တယ်" ဟု ရန်ကုန်မြို့နေ မိုဘိုင်းအင်တာနက် အသုံးပြုသူ လူငယ်အမျိုးသမီး တစ်ဦးကဆိုသည်။

ပြည်တွင်းမိုဘိုင်း ဆက်သွယ်ရေး ကဏ္ဍတွင် သြဂုတ်လ ၂ ရက်နေ့မှ စတင်ခဲ့သည့် ကာတာဆက်သွယ်ရေး ကုမ္ပဏီ၏ Ooredoo ဆက်သွယ်ရေး ကွန်ရက်များသည်လည်း ရာခိုင်နှုန်းပြည့် မလွှမ်းခြုံနိုင်သေးဘဲ တစ်ခါတစ်ရံတွင် အင်တာနက် ပြတ်တောက်မှုများ ရှိနေသေးပြီး တစ်ချိန်တည်းမှာပင် MPT အင်တာနက်မြန်နှုန်း များသည်လည်း ကျဆင်းနေသည်။
==============
Internet Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>