Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သမ္မတနှင့်ဌာန ဂုဏ်သိသမ္မတနှင့်ဌာန ဂုဏ်သိက္ခာကာကွယ်ရန် ဂျာနယ်နှစ်စောင်ကို တရားစွဲမည်ဟုဆိုက္ခာကာကွယ်ရန် ဂျာနယ်နှစ်စောင်ကို တရားစွဲမည်ဟုဆို

$
0
0
နိုင်ငံတော်သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ−ငြိမ်းချမ်းနိုင်/အီးပီအေ)

http://www.7daydaily.com/
ပြည်တွင်းထုတ်မြန်မာ သံတော်ဆင့်ဂျာနယ်နှင့် Weekly Eleven သတင်းဂျာနယ်တို့တွင် သမ္မတ၊ စာပေနှင့် စာနယ်ဇင်း လုပ်ငန်းတို့နှင့်ပတ်သက်၍ ရေး သားမှုများကို စာနယ်ဇင်းကောင်စီသို့ တိုင်ကြားထားရာညှိ နှိုင်းဖြေရှင်းမှုမအောင်မြင်သည့် အတွက် သမ္မတနှင့်ဌာန၏ဂုဏ်သိ က္ခာကာကွယ်ရန်တရားဥပဒေအ ရ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရဲထွဋ်က ပြောကြားသည်။

အဆိုပါဂျာနယ်နှစ်စောင်ကို တရားစွဲဆိုရန် ဥပဒေအကြံပြု ချက်များ တောင်းခံထားပြီး သမ္မတကိုယ်စား တရားစွဲမည့် သူကိုလည်း ဥပဒေအကြံပြုချက် အတိုင်းသာ ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာသံတော်ဆင့်ဂျာနယ် ကလည်းတိုင်ကြားခံရမှုအတွက် လုပ်သင့်လုပ်ထိုက်သည်ကိုလုပ် ဆောင်ပြီးဖြစ်၍ ၀န်ကြီး၏တရားဥပဒေအရ ဆောင်ရွက်ချက်အပေါ်ပြန်လည်ရင်ဆိုင်သွားမည်ဖြစ် ကြောင်းပြောကြားခဲ့သည်။

Elevenကမူ ယခု ကိစ္စအတွက် သတင်းအချက်အလက်အတိအကျကို စုဆောင်းနေပြီး လတ်တလောတွင် မှတ်ချက် ပေးရန်မရှိကြောင်း Eleven Media အယ်ဒီ တာချုပ်ဦးဝေဖြိုးက ပြောကြား သည်။

မြန်မာသံတော်ဆင့်ဂျာနယ် တွင်ဒေါက်တာမျိုးရန်နောင်သိမ်း နှင့် သံတော်ဆင့်ဒုတိယအယ်ဒီ တာချုပ်အံ့ခေါင်မင်းတို့တွေ့ဆုံ မေးမြန်းမှုတွင် ‘‘သမ္မတဦးသိန်းစိန် ဗလောင်းဗလဲလုပ်နေတယ်’’ဟု ဖော်ပြချက်နှင့် ပတ်သက်၍ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးပိုက်ထွေးက စာနယ်ဇင်းကောင်စီယာယီထံ တိုင်ကြားခဲ့ခြင်းဖြစ် သည်။

Weekly Elevenမှာ ပြန် ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ ပုံနှိပ်စက် ၀ယ်ယူမှုတွင် ဈေးနှုန်းကွာဟချက် ကိုဖော်ပြခဲ့မှုနှင့်ပတ်သက်၍ ပြန် ကြားရေးဝန်ကြီးဌာနက စာနယ် ဇင်းကောင်စီသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ကို တိုင်ကြား မှုနဲ့ ပတ်သက်လို့ စာနယ်ဇင်း ကောင်စီမှာ နှစ်ခါသွားညှိနှိုင်း တယ်။ ဘာတွေညှိနှိုင်းတယ်ဆို တာတော့ အသေးစိတ်ပြောလို့မ ရသေးဘူး။ ပြန်ကြားရေးကသမ္မ တကိုတောင်းပန်ဖို့ပြောတယ်။ ကျွန်တ်ာတို့က တောင်းပန်နိုင်တဲ့ အနေအထားကိုကောင်စီကတစ် ဆင့် အကြောင်းပြန်တယ်။အဲဒါ ကို ဒီနေ့(စက်တင်ဘာ ၂၂ရက်) မနက်မှာ ပြန်ကြားရေးက စာပြန် ပို့တယ်။ ကျွန်တော်တို့တောင်းပန် တဲ့အနေအထားကို သဘောမတူ တဲ့အတွက်၊ လက်မခံနိုင်တဲ့အ တွက် ဥပဒေအရလုပ်မယ်လို့ ဦး ပိုက်ထွေးလက်မှတ်ထိုးပြီးပို့တာ။ ကျွန်တော်တို့လုပ်သင့်လုပ်ထိုက် တာလုပ်ပြီးပြီ။ ဥပဒေအရရင်ဆိုင် ဖို့ပဲရှိတော့တယ်’’ဟု မြန်မာသံ တော်ဆင့်ဂျာနယ် တာဝန်ခံ အယ်ဒီတာကိုအောင်ထွန်းလင်း ကပြောသည်။

Weekly Elevenအား ပြန် ကြားရေးတိုင်စာနှင့်ပတ်သက်၍ ကောင်စီ၏ခေါ်စာပေးပို့ခဲ့သော် လည်း ပြန်ကြားရေးနှင့်ပတ်သက် ၍ ကောင်စီမှ ခေါ်ယူစာများထပ် မံမပို့ရန်သာ အကြောင်းပြန်ကြား ခဲ့ကြောင်း ကောင်စီအတွင်းရေး မှူးဦးကျော်မင်းဆွေက ပြော သည်။

‘‘ဒီကိစ္စကတော့ နှစ်ဦးနှစ် ဖက်သဘောထားနဲ့ဆိုင်တယ်။ ကောင်စီက တတ်နိုင်သရွေ့ညှိ ပေးတယ်။ မပြေလည်တာတစ်ခု၊ နှစ်ခုပေါ့။ နှစ်ဖက်လုံးပြေလည် အောင်လုပ်မယ်။ အခုကိစ္စက အ စိုးရဖြစ်နေလို့ ပုဂ္ဂလိကဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတာလည်း စဉ်းစားကြည့်ဖို့လိုတယ်။ တရားစွဲ တဲ့အဆင့်မရောက်အောင် အတတ်နိုင်ဆုံးညှိပေးနိုင်တယ်။ နှစ်ဖက်မကျေနပ်တဲ့အခါမှာတော့ သူတို့ ဆန္ဒအရ တရားရုံးသွားကြတာ ပေါ့’’ဟု စာနယ်ဇင်းကောင်စီယာ ယီအတွင်းရေးမှူးဦးကျော်မင်း ဆွေကပြောသည်။

မကြာမီက ပြဋ္ဌာန်းလိုက် သော မီဒီယာဥပဒေတွင် ကောင်စီ က အငြင်းပွားမှုများကိုတိုင်ကြား အသိပေး၍ ညှိနှိုင်းဖြေရှင်းနိုင်ပြီး နစ်နာသူက မကျေနပ်ပါကတရား ရုံးသို့ သွားရောက်တိုင်ကြားနိုင် ကြောင်းဖော်ပြထားသည်။

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>