တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကိုဖီဆန်ကြတာလား။ဆင်းရဲသားနင်းပြား တောင်သူလယ်သမားတွေကို လိမ်လည်လှည့်ဖျားတာလား။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံတောင်သူလယ်သမားများနှင့်ပြေလည်အောင် ဆွေးနွေးညှိနှိုင်းရန် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များထံညွှန်ကြားထားကြောင်းသိရသော်လည်း၊ ဒေသခံကျေးရွာသူကျေးရွာသားများ ပိုမိုဒုက္ခရောက်စေရန် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များက တမင်ကြံရွယ်လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်။
အမှတ်(၁)ခဲယမ်းမီးကျောက်တပ်သည်ပဲခူးမြို့၊သာယာကုန်းကျေးရွာအုပ်စုမှ ကျေးရွာတောင်သူလယ်သမားများ ပိုင်လယ်ယာမြေဧက(၅၈၀၀)ကျော်ကိုအဓမ္မသိမ်းဆည်းထားပြီးနောက် ပြန်မပေးသေးသည့်အပြင်၊ သုံးမိုင်နီးပါးအရှည်ရှိသည့် အုတ်တံတိုင်းစည်းရိုး ကာရံလိုက်သဖြင့်ကျေးရွာသူကျေးရွာသားများ အလွန်ဒုက္ခရောက်လျက်ရှိပါသည်။
အုတ်တံတိုင်းစည်းရိုးသည် ကျေးရွာအ၀င်အထွက်လမ်းများအားလုံးကို ပိတ်ဆို့လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့်ကလေးငယ်များသာမက၊ကျောင်းသူကျောင်းသားများပါ အုတ်တံတိုင်းစည်းရိုးကို ၀ါးလှေကားဖြင့်ခက်ခက်ခဲခဲ ကျော်ဖြတ်သွားလာနေရပါသည်။ အဆိုပါ ၀ါးလှေကားလေးကိုပင်
မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိသေးသည်။
သုံးမိုင်နီးပါးအရှည်ရှိသည့် ထိုအုတ်တံတိုင်းစည်းရိုးကြောင့်ကျောင်းသားငယ်လေးများသည် အဆိုပါအုတ်တံတိုင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရသည့်အပြင်၊ နှစ်မိုင်နီးပါးဝေးသော
မူလတန်းကျောင်းလေးသို့ နှစ်နာရီကြာမျှ ခြေလျင်လျှောက်၍နေ့စဉ်ကျောင်းတက်နေရပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ရှိသလိုအမြန်ဆုံး အရေးယူဆောင်ရွက်ပေးသင့်ပါသည်။
ကျမတို့ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအနေဖြင့်လည်းသက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံသို့ မကြာမီတွင် တရားဝင်တင်ပြတောင်းဆို သွားမည်ဖြစ်ပါသည်။
Su Su Nway'