ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်တရားရုံးက စားကျက်မြေပြန်လည်ရရှိ့ရေးအတွက် ဆန္ဒထုတ်ဖေါ်သူ လူ့အခွင့်အရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးအား ပုဒ်မ ၁၈ သုံးမှုကို တစ်မှုစီအတွက် ၂ လစီဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၆ လ ကိုချိုလွင်၊ ကိုမျိုးလွင်နှင့် ဦးခင်ရွှေတို့ကို ပုဒ်မ ၁၈ နှစ်မှုအတွက် တစ်မှု ၂ လဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၄ လ ကျခံစေရန် ယနေ့ စက်တင်္ဘာလ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်နေ့တွင် အမိန့်ချမှတ်လိုက်ပါသည်။
၎င်းအမှုကို ရုတ်သိမ်းပေးရန် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျွန်းရှိ့ ကျောင်းထိုင် ဆရာတော်ကြီးများက လက်မှတ်ရေးထိုးပြီး စက်တင်္ဘာလ ၂၂ ရက် ၊ ၂၀၁၄ ခုနှစ်နေ့စွဲဖြင့် သမ္မတကြီး ဦးသိန်းစိန်ထံ စာရေးတောင်းဆိုခဲ့ပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးဟာ ဒေးဒရဲမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၄၇ နှစ်မှု ပုဒ်မ ၆/၁ တစ်မှုကို ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်ပါတယ်။
============
ကိုစိန်သန်း
စက်တင်္ဘာလ ၂၃ ရက်၊ ၂၀၁၄ ခုနှစ်