Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဓားစာခံ ပြင်သစ်နိုင်ငံသားကို Algeria အစွန်းရောက်တွေ ကွပ်မျက်

$
0
0

IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့နဲ့ ဆက်စပ်နေတဲ့ အယ်လ်ဂျီးရီးယားနိုင်ငံ စစ်သွေးကြွအဖွဲ့က အခုသီတင်းပတ် စောစောပိုင်းမှာ ဖမ်းဆီးသွားတဲ့ ပြင်သစ်လူမျိုး အပျော်ခြေလျှင် ခရီးသွား တယောက်ကို ခေါင်းဖြတ် သတ်လိုက်ကြပါတယ်။

Soldiers of the Caliphate လို့ အမည်ပေးထားတဲ့ အဖွဲ့က ဗုဒ္ဓဟူးနေ့ အင်တာနက် အွန်လိုင်းမှာ ပြသလိုက်တဲ့ ဗွီဒီယိုထဲမှာ အသက် ၅၅ နှစ်အရွယ် ပြင်သစ်လူမျိုး Herve Gourdel ရဲ့ ခေါင်းပြတ်ကြီးကို ကိုင်ပြီး ပြသထားပါတယ်။ သူ့ကို တနင်္ဂနွေနေ့တုန်းက အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ တောင်ပေါ်ဒေသတခုမှာ မိတ်ဆွေတစုနဲ့ ခြေလျှင် ခရီးသွားနေစဉ်မှာ ဖမ်းဆီးသွားတာပါ။

ဒီလုပ်ရပ်ဟာ အလွန်ရက်စက်ပြီး သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြင်သစ်သမ္မတ Francois Hollande က ပြောဆိုပြီး ရှုတ်ချလိုက်ပါတယ်။

ပြင်သစ်နိုင်ငံဟာ အီရတ်မှာရှိတဲ့ IS အစွန်းရောက် စစ်သွေးကြွတွေကို ဗုံးကြဲတဲ့နေရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးထားတဲ့ ပြင်သစ်လူမျိုးကို သတ်ပစ်မယ်လို့ သီတင်းပတ် စောစောပိုင်းတုန်းက ခြိမ်းခြောက်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း မိန့်ခွန်းပြောဆိုရာမှာ သမ္မတ Francois Hollande က ခြေလျှင်ခရီးသွားကို သတ်ဖြတ်လိုက်ပေမဲ့ ပြင်သစ်နိုင်ငံဟာ အီရတ်နိုင်ငံအတွင်းက အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ ကတိပြုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>