Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

အမျိုးသမီးတစ်ဦး လျှို့ဝှက်စွာရိုက်ကူးခဲ့သော ဗီဒီယိုတစ်ခုအရ IS များ ထိန်းချုပ်ထားရာ နယ်မြေတွင် အမျိုးသမီးများပါ လက်နက်ကိုင်ဆောင်ကာ သွားလာလျက်ရှိ (ရုပ်-သံ)

$
0
0

IS ထိန်းချုပ်ထားရာနယ်မြေမှ အမျိုးသမီးများ၏ဘ၀ကို ကမ္ဘာသို့သိစေလိုသော ဆီးရီးယားအမျိုးသမီးတစ်ဦးက IS များထိန်းချုပ်ထားပြီး လွန်ခဲ့သည့် မေလ မှစတင်ကာ အစ္စလာမ်မစ် ဥပဒေပြဌာန်းထားသော ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ရပ်ကာ မြို့အတွင်းမှ အခြေအနေများကို လျှု့ဝှက်ရိုက်ကူးထားသော ဗီဒီယိုတစ်ခုထွက်ပေါ်လာရာ ၎င်းဒေသရှိ အမျိုးသမီးများမှာ လူ့အခွင့်အရေးများဆုံးရှုံးလျက်ရှိပြီး မိမိတို့၏အသက်အန္တရာယ်နှင့်အခြားအန္တရာယ်များမှ ကာကွယ်နိုင်ရန်အလို့ငှာ သေနတ်ကိုယ်စီဖြင့် လမ်းလျှောက်ထွက်နေရကြောင်း တွေ့ရသည်။

လျို့ဝှက်ဗီဒီယိုကိုရိုက်ကူးခဲ့သည့်အမျိုးသမီးမှာ အစ္စလာမ်ဥပဒေအရ၀တ်ဆင်ရသည့် မျက်နှာထိဖုံးအုပ်ထားရသည့်အ၀တ်အစား 'နီကတ်' ကိုဝတ်ဆင်ကာ လျို့ဝှက် ကင်မရာ သယ်ဆောင်ပြီး မြို့အတွင်းရှိ အခြေအနေများကိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။ သူမရိုက်ကူးခဲ့သော ဗီဒီယို၏ဖော်ပြချက်အရ မြို့အတွင်းရှိ လမ်းများမှာ သေနတ်ကိုင် ဆောင်ထားသော အမျိုးသား၊ အမျိုးသမီးများဖြင့် ပြည့်နှက်လျက်ရှိပြီး အချို့အမျိုးသမီးများမှာ ' နီကတ်' ၀တ်စုံကိုဝတ်ဆင်ထားပြီး နောက်ကျောတွင်လည်း ရိုင်ဖယ်သေနတ်များကို ချိတ်ဆွဲထားကြသည်။ ဗီဒီယိုပြကွက် တစ်ခုတွင် 'နီကတ် ' ၀တ်စုံဝတ်ဆင်ထားပြီး AK 47 မောင်းပြန်သေနတ်ကို ကျောသိုင်းလွယ်ထားသော အမျိုးသမီးတစ်ဦးမှာ သူမ၏ သားဖြစ်သူကိုလက်ဆွဲလျက် ကလေးကစားကွင်းအတွင်းသို့ဝင်ရောက်သွားခဲ့သည်။

သူမ ဗီဒီယို ရိုက်ကူးနေစဉ်အတွင်းမှာပင် သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက ကားဖြင့် သူမအနားသို့ရောက်ရှိလာပြီး " ' နီကတ် ' ၀တ်စုံကို သေချာ ၀တ်ဆင်ရန်၊ သူမ၀တ်ဆင်ထားသော ၀တ်စုံမှာ မျက်နှာအနည်းငယ်ပေါ်နေသောကြောင့် သေချာဝတ်ဆင်ရန်၊ အရှင်က မျက်နှာကို ဖုံးထားသော အမျိုးသမီးကိုသာ ချစ်တယ်" ဟုပြောဆိုကာ ဆူပူကြိမ်းမောင်းသွားခဲ့သည်။ လျှို့ဝှက်စွာရိုက်ကူးခဲ့သည့် ၎င်းဗီဒီယိုကို ပြင်သစ်သတင်းရုပ်သံလိုင်း "France 2" တွင်ထုတ်လွှင့်ပြသသွားခြင်းဖြစ်ပြီး၊ ဖျော်ဖြေရေး၊ ပညာရေးနှင့် အစစအရာရာကို ခံစားခွင့်မရှိသော အစ္စလာမ်မစ် ဥပဒေအောက်မှ ဆီးရီးယားအမျိုးသမီးများ၏ဘ၀အခြေအနေများကို ဖော်ပြသွားခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>