Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် အောင်ပင်လယ်ကွင်း မိန့်ခွန်း(ရုပ်/သံ)

$
0
0



video...The voice weekly
ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးလူထုအားပြောကြားသော အမှာစကားမှ ကောက်နှုတ်ချက်များ by Eleven media group

ကျန်းမာရေးအခြေအနေအရ မန္တလေးလူထုအား ဒေါ်အောင်ဆန်းစုကြည် အချိန်အနည်းငယ်သာ အမှာစကားပြောကြားနိုင်ခဲ့သည်။ တံတားဦးလေဆိပ်မှ ဟောပြောပွဲကျင်းပမည့် အောင်ပင်လယ်ကစားကွင်းသို့ အချိန်ကြာမြင့်စွာကားစီးလာခဲ့ရခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသဖြင့် ၁၀ မိနစ်ခန့် အမှာစကားပြောပြီး အနားယူခွင့်တောင်းခံခဲ့သည်။ တရားဥပဒေစိုးမိုးရေးကို အဓိကထားပြောဆိုသွားခဲ့ပြီး ဦးဝင်းတင်အား ခေတ္တအမှာစကားပြောကြားပေးရန် အကူအညီတောင်းခံခဲ့သည်။

" လူတိုင်းလူတိုင်း လိုချင်တဲ့ကိစ္စကစိတ်လုံခြုံမှုပါပဲ။ စိတ်လုံခြုံမှုရှိဖို့ဆိုတာက အကြောက်တရားက ကင်းဝေးရမယ်။ ဆင်းရဲခြင်းမှ ကင်းဝေးရမယ်။ မလိုလားအပ်တဲ့ စိတ်ဆင်းရဲမှုမှန်သမျှကင်းဝေးမှ စိတ်လုံခြုံလာမှာဖြစ်ပါတယ်။ စိတ်လုံခြုံဖို့ဆို တာက ဥပဒေစိုးမိုးရေးက အင်မတန်အရေးကြီးပါတယ်။ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပြည်သူတွေကို ဘယ်သူ ကမှ မတရားလုပ်လို့မရဘူး။ ဥပဒေစိုးမိုးရေးကနိုင်ငံရေးသမားတွေနဲ့ပဲ ဆိုင်တဲ့အလုပ် မဟုတ်ပါဘူး။ လူတိုင်း နဲ့ဆိုင်ပါတယ်။ ဥပဒေစိုးမိုးရေး ဆိုတာ သာမာန်ပြည်သူတွေနဲ့လည်းဆိုင်တယ်။ ၀န်ထမ်းတွေနဲ့လည်းဆိုင်ပါတယ်။ အလုပ်သမားတွေနဲ့လည်းဆိုင်တယ်။ လယ်သမားတွေနဲ့လည်းဆိုင်တယ်။ နောက်ဆုံးတော့ အားလုံးဟာ ပြည် သူတွေပါပဲ။ လယ်သမားတွေဆိုလို့ရှိရင် မိမိရဲ့လယ်ယာမြေကို လုံခြုံဖို့အတွက် ဥပဒေရဲ့အကာအကွယ်ကို လို အပ်ပါတယ်။ အလုပ်သမားများကလည်းထိုနည်းလည်းကောင်းပါပဲ။ မိမိတို့ရဲ့အလုပ်တွေက မိမိတို့ဘ၀အသက် မွေးဝမ်းကျောင်းအတွက်လုံလောက်ဖို့ ဥပဒေစိုးမိုးရေး၊ ဥပဒေရဲ့အကာအကွယ် လိုအပ်ပါတယ်။ ၀န်ထမ်းများ ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ၀န်ထမ်းများဟာ ကိုယ့်ရဲ့အလုပ်ခွင်မှာလုံလုံခြုံခြုံနဲ့ ဘယ်အထက်အရာ ရှိ ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ မစိုးရိမ်ဘဲနဲ့နေဖို့ဆိုတာလည်း ဥပဒေစိုးမိုးရေးပါပဲ။ လူတိုင်းလူတိုင်းဟာ ဥပဒေထဲက မှန်မှန်လုပ်သွားရင် ဘယ်သူကမှ ကိုယ့်ကိုပြဿနာမရှာနိုင်ဖို့ဆိုတာ ဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်ပါတယ်။ ပြည်သူတွေ စိတ်လုံခြုံမှုမရှိလို့ရှိရင် ကိုယ့်ဘ၀ကို တိုးတက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဆင်းရဲခြင်းမှ လွတ်ကင်းခြင်း၊ ကြောက်ရွံ့ကြောင့်ကြခြင်းတို့မှ လွတ်ကင်းခြင်းတို့ကိုဦးတည်တဲ့ ဥပဒေစိုးမိုးရေး ကို ကျွန်မတို့ အားလုံး လိုလားတာဖြစ်ပါတယ် "

" ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်တဲ့အခါမှာ တစ်ဦးပေါ်တစ်ဦး နားလည်မှုဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီဆိုတာ အများရဲ့သြဇာလွှမ်းမိုးရေး၊ ပြည်သူရဲ့သြဇာလွှမ်း မိုးရေးပဲ။ ပြည်သူတွေဟာ ကိုယ့်သြဇာတွေ နိုင်ငံအပေါ်မှာ လွှမ်းမိုးစေချင် တယ်ဆိုရင် အချင်းချင်းနားလည် နိုင်ရမယ်။ အချင်းချင်း အပေးအယူလုပ်နိုင်ရမယ်။ အချင်းချင်း သဘောထားကြီးနိုင်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ဟာ တကယ်ကိုစစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်နိုင်မှာဖြစ်ပါတယ် "

" ကျွန်မတို့ ရှေ့ဆက်ရမယ့်ခရီးက အင်မတန်ကြမ်းပါလိမ့်မယ်။ အင်မတန်ခက်ခဲပါလိမ့်မယ်။ ဒါ ကျွန်မအခုကတည်းက ပြောထားတာပါ။ ဒီမိုကရေစီဆိုတာရဖို့လည်းမလွယ်ဘူး။ ရပြီးတဲ့အခါ တည်တံ့ခိုင်မြဲအောင် လုပ်ဖို့လည်း မလွယ်ဘူး။ အင်မတန်မှ အလုပ်တွေများများလုပ်ပြီးတော့ ထိန်းသိမ်းသွားရမှာဖြစ်ပါတယ် "
ကမ္ဘာကျော်မယ့် ဓါတ်ပုံ.... အံ့မခန်းလောက်စရာ လူထုထောက်ခံမှုပါပဲ...
Photo..News and Information Department of NLD



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>