Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

" မော်လမြိုင်မြို့ သံလွင် ဥယျာဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် ဟောပြောပွဲ ပြုလုပ်ရန် တင်ပြ ချက်အပေါ် မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြု "

$
0
0
မော်လမြိုင်မြို့ သံလွင် ဥယျာဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် ဟောပြောပွဲ ပြုလုပ်ရန် တင်ပြ ချက်အပေါ် မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲရုံးက ခွင့်မပြု ဟု အကြောင်းပြန်ခဲ့ကြောင်း ပြည်နယ်အောင်နိုင်ရေး တာဝန်ခံက ပြောသည်။

... ... သံလွင်ဥယျာဉ်အား မတ်လ ၁၁ ရက်နေ့ နံနက် ၉ နာရီမှ ၁၁ နာရီအထိအသုံးပြုခွင့်လျှောက်ထား
ခြင်းနှင့် ပတ်သက်၍ စည်ပင်တာဝန် ရှိသူများနှင့်ညှိနှိုင်းခဲ့ရာ ယင်းဥယျာဉ် သည် စည်ပင်ဌာန
ပိုင်မြေဖြစ်နေခြင်း၊ အဆင့်မြင့်ဥယျာဉ်တည်ဆောက်ရန် လုပ်ငန်းအစပျိုးနေခြင်းနှင့် အလှပန်းပင်
ပျိုးထောင်ခြင်းတို့ကြောင့် အသုံးပြုခွင့်မပေးနိုင်ဟု မတ်လ ၁ ရက်နေ့တွင် မွန်ပြည်နယ် ကော်မရှင် အဖွဲ့ခွဲက ထုတ်ပြန်ခဲ့သည်။

''ကျွန်တော်တို့ကတော့ အသင့်လျော်ဆုံးနေရာကိုတောင်းခံ တာပဲ။ မပေးတော့ ဘယ်တတ်နိုင် မလဲ''ဟု ဒီချုပ်ပြည်နယ်အောင်နိုင် ရေး တာဝန်ခံ နိုင်သောင်းညွန့်က ပြောသည်။
မွန်ပြည်နယ် ကော်မရှင်အဖွဲ့ ခွဲ၏ ထုတ်ပြန်ချက်ထဲတွင် အခြား မြေနေရာပြန်လည်တင်ပြပေး
ပါဟု ဖော်ပြထားသည်။

သံလွင်ဥယျာဉ်သည် မော်လ မြိုင်မြို့ ဘိုကုန်းရပ်တွင် တည်ရှိပြီး ဈေးရောင်းပွဲတော်များ ကျင်းပခြင်း နှင့် ငှားရမ်းထားသော ဆိုင်ခန်းများ လည်းရှိကြောင်း မော်လမြိုင်သား တစ်ဦးက ပြောသည်။
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်သည် မတ်လ ၁ဝ ရက်နေ့ တွင် မော်လမြိုင်သို့ရောက်ရှိပြီး ၁၁ ရက်နေ့တွင် စည်းရုံးဟောပြောမည် ဟု နိုင်သောင်းညွန့်က ပြောသည်။


Popular Myanmar News Journal



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>