Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

တရုတ်အရေးကျွမ်းကျင်သူ အထူးကိုယ်စားလှယ် ဒဲရစ်မစ်ချယ်လ်အား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ခန့်အပ်မည်

$
0
0

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခံရသော သံအမတ်ကြီးအဖြစ် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ဖြစ်သူ မစ္စတာဒဲရစ်မစ်ချဲလ်ကို ခန့်အပ်တော့မည် ဖြစ်ကြောင်း သံတမန်အသိုင်းအ၀န်းမှ သိရှိရသည်။

ဧပြီ ၁ရက် ကြားဖြတ်ရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံအတွက် အမေရိကန်သံအမတ်ကြီး နာမည်ပေးခန့်အပ်တော့မည်ဟု ပြောဆိုကြေငြာအပြီး ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကိုမူ မည်သူ့ကိုခန့်အပ်မည် မသိရှိရသေးသော်လည်း အင်္ဂလိပ်စာကျွမ်းကျင်ပြီး စီးပွားရေးတတ် ကျွမ်းနားလည်သူတစ်ဦးဦးထားသင့်ကြောင်း၊အဘယ်ကြောင့်မူ အမေရိကန်၏ စီးပွားရေးအသိုင်းအ၀န်းတွင်ဝင်ဆံ့ရန်လိုပြီး နှစ်နိုင်ငံအကြား စီးပွားရေးမြှင့်တင်ရန် အထူးလိုအပ်ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူပညာရှင်တစ်ဦးကသုံးသပ်ပြောကြားသည်။

၁၉၆၄ခုနှစ် စက်တင်ဘာ ၁၆ရက်တွင်ဖွားမြင်ပြီး အသက်၄၈နှစ်ရှိပြီဖြစ်သည့် ဒဲရစ်မစ်ချယ်လ်သည် အာရှမူဝါဒကိုအထူးကျွမ်းကျင်သည့် သံတမန် တစ်ဦးဖြစ်သည်။ သူသည်ဗာဂျင်းနီးယားတက္ကသိုလ်မှ B.A (Foreign Affair) ဘွဲ့ရရှိခဲ့သည်။ ၁၉၉၁တွင် ဥပဒေနှင့်ဒီပလိုမေစီဖြင့် M.A ဘွဲ့ထပ်ရရှိသည်။

၁၉၈၉တွင် တိုင်ဝမ်ရှိ ချိုင်းနားပို့စ်သတင်းစာတွင် အင်္ဂလိပ်ဘာသာ ကော်ပီအယ်ဒီတာအလုပ်လုပ်ခဲ့သည်။ သူသည် တရုတ်မင်ဒရင်းဘာသာကို အထူးလေ့လာခဲ့ပြီး ဘာသာစကားကျွမ်းကျင်လက်မှတ်ရရှိခဲ့သည်။

သူသည် တရုတ်နိုင်ငံနှင့်ပတ်သက်ပြီး အထူးလေ့လာထားသူဖြစ်ပြီး တရုတ်နှင့်ပတ်သက်သည့်စာအုပ်များစွာ ရေးခဲ့သည်။ထင်ရှားသောစာအုပ်မှာChina’s Rise: Challenges and Opportunities ဖြစ်သည်။

ဒဲရစ်မစ်ချယ်လ်သည် စန္ဒယားအတီးကောင်းသူတစ်ဦးဖြစ်ပြီး ဆိုရှယ်ပါတီများတွင် တီးခတ်ဖျော်ဖြေလေ့ရှိသူ လည်းဖြစ်သည်။

သူ့ကို သံအမတ်အဖြစ် မြန်မာနိုင်ငံတွင် ခန့်အပ်လိုက်ခြင်းသည် မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုများကို စိုးရိမ်နေသည့် အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရာသဘောထားများကို ထင်ဟပ်လိုက်ခြင်းဖြစ်ကြောင်း သံတမန်တစ်ဦးကပြောသည်။

ရန်ကုန်တိုင်းမ်



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>