Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ငွေစက္ကူပုံစံ ပိုက်ဆံအိတ်များ ရဲတပ်ဖွဲ့များ လိုက်လံသိမ်းဆည်း

$
0
0
ပုံညွှန်းစာ - မြန်မာနိုင်ငံသုံး ငွေစက္ကူများအား တရားဝင် ခွင့်ပြုချက် မရှိဘဲ ဗွီနိုင်းဖြင့် ပြုလုပ် ထားသော ခေါက်ပိုက်ဆံ အိတ်များ သိမ်းဆည်းနေသည့် မှတ်တမ်းဓာတ်ပုံ

ရန်ကုန်၊ ဒီဇင်ဘာ ၉

မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည့်စုံဈေး ရှိ မြန်မာနိုင်ငံ သုံး ငွေစက္ကူပုံစံယူ ပုံနှိပ်ထားသော ပိုက်ဆံ အိတ် များ ရောင်း ချလျက်ရှိသော ဆိုင်များမှ ပိုက်ဆံအိတ်များကို ဒီဇင် ဘာလ ၅ရက်တွက် အရှေ့တိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မင်္ဂလာတောင်ညွန့် ရဲစခန်းမှ မြို့နယ်မှူး ဦးစီးသော တပ်ဖွဲ့ဝင်များ လိုက်လံ သိမ်းဆည်းခဲ့ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းမှရဲမှူး ဦးသိန်းအောင်က ဒီဇင်ဘာလ ၈ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

တရားဝင် ခွင့်ပြုချက် မရှိဘဲ ဗွီနိုင်း/သားရေစ များဖြင့် ပြုလုပ် ထားသော မြန်မာနိုင်ငံသုံး ငွေစက္ကူ ပုံစံယူ ရိုက်နှိပ်ထားသော ပိုက်ဆံအိတ်များ ရောင်းချလျက်ရှိကြောင်း သတင်းအရ ၀င်ရောက် ရှာဖွေရာ အလျား(၇.၆) လက်မ၊ အနံ(၃ . ၂)လက်မခန့်ရှိ တစ်သောင်း ကျပ်တန် ငွေစက္ကူပုံစံ ရိုက်နှိပ်ထားသည့် ခေါက်ပိုက်ဆံအိတ် (၂၀၂) လုံး၊ ၅ထောင်ကျပ်တန် ငွေစက္ကူပုံ ရိုက်နှိပ်ထားသည့် ခေါက်ပိုက်ဆံအိတ် (၁၃၈)လုံး အား ရွှေပြည့်စုံ ဈေးရှိ ရောင်းချ လျက်ရှိသော ဆိုင်တစ်ဆိုင်မှ သိမ်းဆည်း ရရှိခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

““ဗမာပြည် ပိုက်ဆံပုံစံတွေကို ပိုက်ဆံအိတ်မှာ ရိုက်နှိပ်ပြီးတော့ ရွှေလီကနေ ပို့တယ်လို့ သိရတယ်။ ဈေးရောင်းတဲ့ လူလည်း ချပြပြီးတော့ ပြောထားပြီးပြီလေ။ တွေ့ရင်တော့ သိမ်းမှာပဲ၊ ဈေးမှာတော့ အကုန်လုံးကို ပြောထားပြီးပြီ၊ ဒါမျိုးရောင်းချတာ (၄) (၅) ဆိုင်လောက်တော့ သတင်းရတယ်။ သူတို့ကလည်း ရွှေလီကနေ မှာယူတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ အထက်ကို တင်ပြလိုက်တယ်။ အထက်ကပဲ ဆက်လုပ် မှာပေါ့။ ဒါတွေက ထင်ယောင်ထင်မှား ဖြစ်စေတယ်လေ။ တစ်ဆိုင်တည်း သိမ်းတာ၊ တခြားဆိုင်တွေက ရောင်းလို့ ကုန်သွားပြီ””ဟု မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ရဲမှူးသိန်းအောင်က ပြောသည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံသုံး ငွေစက္ကူပုံစံ ရိုက်နှိပ်ထားသော ပိုက်ဆံအိတ်များကို စမ်းချောင်းမြို့နယ် တွင်လည်း လိုက်လံ သိမ်းဆည်းခဲ့ကြောင်း၊ ထပ်မံ မရောင်းချရန် သတိပေး ပြောဆိုခဲ့ကြောင်း စမ်းချောင်းမြို့နယ် ရဲစခန်းမှ ဒုရဲမှူး ဦးသိန်းအေးက ပြောကြားသည်။

““အဲဒါက ကျွန်တော်တို့ ညွှန်ကြားချက်အရခင်ဗျ၊ အကြောင်းအရာကတော့ အတိအကျ မသိသေးဘူး။ သိမ်း တာတော့ မဟုတ်ပါဘူး။ ခဏ မှတ်တမ်းတင်ထားတာပေါ့နော်။ အလုံးအရေအတွက်တော့ သေချာ မသိဘူး။ အဲဒီပုံနဲ့ ပတ်သက် ပြီးတော့ အိတ်တွေ နောက်မရောင်းဖို့ သတိပေးတာပါပဲ။ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး လုပ်တာပဲ””ဟု ၎င်းက ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသုံး ငွေစက္ကူပုံစံ ရိုက်နှိပ်ထားသော ပိုက်ဆံအိတ်များ လိုက်လံ သိမ်းဆည်းခြင်းကို အရှေ့ပိုင်း ခရိုင်နှင့် အနောက်ပိုင်းခရိုင်တွင်သာ လုပ်ဆောင်ခဲ့ပြီး တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်း ခရိုင်များတွင်မူ သီးခြား ညွှန်ကြားထားခြင်း မရှိကြောင်း တောင်ပိုင်းခရိုင် ဒုရဲမှူးကြီး ဦးကြည်လွင်နှင့် မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှ ရဲမှူးဦးဝင်းရွှေက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

သဉ္ဇာဆွေ၊ ရည်မွန်ဖြိုး

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>