Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ပါတီမဲဆွယ်စည်းရုံးရေးပုံစံ လုပ်ဆောင်ခဲ့သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ ခရီးစဉ်အပေါ် နိုင်ငံရေးပါတီများ ဝေဖန်

$
0
0
အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနဲ့ ကူညီစောင့်ရှောက်ရေးဥက္ကဋ္ဌ ဆိုတာပဲ ဖြစ်ရမယ်။ လူနာမည် မပါအပ်တော့ဘူးပေါ့။ လူပုဂ္ဂိုလ်က ဖန်တီးတဲ့ အလှူအတန်း ပုံသဏ္ဌာန် မျိုး ဖြစ်သွား တာပေါ့။ အဲဒီလိုမျိုး ဖန်တီးတယ်ဆိုရင် ရုပ်ပုံပါသွားရင် ရုပ်ပုံပါတဲ့သူရဲ့ မဲဆွယ်စည်းရုံးမှုလို ဖန်တီးနိုင်တာပေါ့။ ပါတီတစ်ခုရဲ့ တံဆိပ်ပါသွားရင် ပါတီတစ်ခုရဲ့ မဲဆွယ်စည်းရုံးမှုလို့ စွပ်စွဲခံရနိုင်တယ် . . .ပြည်ခိုင်ဖြိုးအလံ တလူလူလွင့်နေတာ အားလုံးအသိပါ။ တို့ပါတီက ကိုယ်စားလှယ်၊ တို့ပါတီရဲ့ စီမံချက်ဆိုပြီး စိတ်အားထက်သန်စွာ ကူညီရင် ပါတီရဲ့ဂုဏ်ပုဒ် အများကြီးတက်သွားတယ်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ ဒီဇင်ဘာ ၈

ကျောင်းဝတ်စုံ အဖြူ၊ အစိမ်း တူညီစွာ ၀တ်ဆင် ကာ ပြည်ခိုင်ဖြိုး အမှတ်တံဆိပ် ရင်ထိုးများ တပ်ဆင်ထားပြီး ပြည်ခိုင်ဖြိုး အမှတ်တံဆိပ်ပါ အစိမ်းေ ရာင် ဦးထုပ်များ ဆောင်းထားသော အလယ်တန်း အရွယ် ကျောင်းသူအချို့ ခန်းမအတွင်း ဟိုတစ်စုဒီတစ် စု နေရာယူလျက်ရှိသည်။

အစိမ်းရောင် အောက်ခံထောင့်ရှိ အနီရောင် အကွက် တွင် ကြယ်ဖြူတစ်လုံးအား ရိုက်နှိပ် ပုံဖော်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအလံများ ခန်းမပတ်ပတ်လည်နှင့် လမ်းတစ်လျှောက်တွင် လွှင့်ထူ ထားသည်။

ဤကား အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ကိုယ်တိုင် တက်ရောက်သည့် အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီ၏ အလှူငွေနှင့် အထောက်အပံ့ ပစ္စည်းများ ကူညီ ပေး အပ်ပွဲ မြင်ကွင်းဖြစ်သည်။

““ဒီအခမ်းအနားကြီးမှာ ပြည်ခိုင်ဖြိုးအလံ တလူလူလွင့်နေတာ အားလုံးအသိပါ။ တို့ပါတီက ကိုယ်စားလှယ်၊ တို့ပါတီရဲ့ စီမံချက်ဆိုပြီး စိတ်အားထက်သန်စွာ ကူညီရင် ပါတီရဲ့ဂုဏ်ပုဒ် အများကြီး တက်သွားတယ်””ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အဆိုပါ အခမ်းအနားအပြီး ရမည်းသင်းမြို့ရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ အစီအစဉ်ဖြင့် ပြုလုပ်သည့် ဒီဇင်ဘာလ ၆ ရက် နေ့နှင့် ၇ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ရမည်းသင်းမြို့နှင့် ပျော်ဘွယ် မြို့များသို့ အထူးကု ဆရာဝန်ကြီးများဖြင့် မျက်စိအခမဲ့ ခွဲစိတ်မှုများ၊ အလှူငွေနှင့် ထောက်ပံ့ပစ္စည်း များ သွားရောက် လှူဒါန်းမှုများ ပြုလုပ်ရာတွင် မဲဆွယ် စည်းရုံးမှုဆန်ဆန် မှတ်ချက်စကားများကို ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၏ အဆိုပါခရီးစဉ်အတွင်း ပျော်ဘွယ်မြို့ရှိ မျက်စိ စမ်းသပ်ကုသ လူနာပေါင်း (၁၄၀၀) ဦး၊ မျက်စိခွဲစိတ်ကုသ လူနာပေါင်း (၁၃၅)ဦး၊ အထွေထွေ ရောဂါကုသလူနာပေါင်း (၁၄၃၄)ဦးနှင့် ရမည်းသင်းမြို့ရှိ မျက်စိစမ်းသပ်ကုသ လူနာပေါင်း (၁၄၂၈)၊ မျက်စိခွဲစိတ်ကုသ လူနာပေါင်း (၁၇၁)ဦး၊ အခြား အထွေထွေ ရောဂါကု လူနာပေါင်း (၁၆၉၃)ဦးအထိ ကုသပေးနိုင်ခဲ့ပြီး အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများသို့လည်း အလှူငွေများနှင့် ထောက်ပံ့ပစ္စည်းများ အသီးသီး လှူဒါန်းနိုင်ခဲ့ပြီး အဆိုပါပွဲသည် ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ် စည်းရုံးပွဲ တစ်ခုဆန်ဆန်ပင် ပြီးမြောက်ခဲ့သည်။

ဆေးဝါးကုသသည့် လူနာများအား ထုတ်ပေးသော ဆေးစာအုပ်၏ အဖုံးတွင်လည်း ခြင်္သေ့ပုံပါ ပြည်ခိုင်ဖြိုး တံဆိပ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပုံတို့အား ရိုက်နှိပ် ဖော်ပြထားသည်ကို မြင်တွေ့ ရခြင်းက ယင်းအချက်မှာပင် ပါတီစည်းရုံးရေး လုပ်နေသည် ဆိုသည့်အချက်ကို ပိုမိုထင်ရှား သွားစေသည်။

““အမျိုးသားလွှတ်တော်ဆိုရင် အမျိုးသား လွှတ်တော်ရဲ့ တံဆိပ်ေ အာက်ကပဲ သွားရမှာပေါ့။ အဲဒါမျိုးဆိုရင် ရိုးဖြောင့်တဲ့ သဘောဆောင် တာပေါ့ဗျာ။ အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနဲ့ ကူညီစောင့်ေ ရှာက်ရေး ဥက္ကဋ္ဌဆိုတာပဲ ဖြစ်ရမယ်။ လူနာမည် မပါအပ်တော့ဘူးပေါ့။ လူပုဂ္ဂိုလ်က ဖန်တီးတဲ့ အလှူအတန်း ပုံသဏ္ဌာန်မျိုး ဖြစ်သွားတာပေါ့။ အဲဒီလိုမျိုး ဖန်တီးတယ်ဆိုရင် ရုပ်ပုံပါသွားရင် ရုပ်ပုံပါတဲ့သူရဲ့ မဲဆွယ်စည်းရုံးမှုလို ဖန်တီး နိုင်တာပေါ့။ ပါတီတစ်ခုရဲ့ တံဆိပ်ပါသွားရင် ပါတီတစ်ခုရဲ့ မဲဆွယ်စည်းရုံးမှုလို့ စွပ်စွဲခံရနိုင်တယ်။ အဲဒီဟာမျိုး ပါတီတစ်ခုရဲ့ တံဆိပ်ကို အသုံးပြုရင် အမျိုးသားလွှတ်တော်ရဲ့ ပုံရိပ်ကို ထိခိုက်နိုင်တာပေါ့”” ဟု ရခိုင် အမျိုးသားပါတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက် တာအေးမောင်က သုံးသပ်သည်။

ထိုမျှမက အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ကော်မတီ၏ ခရီးစဉ်တိုင်း၌ ဇေကမ္ဘာ ဦးခင်ရွှေ က မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ် စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းအား ဖွဲ့စည်းပေးခဲ့ခြင်းအပေါ် ဘာသာရေးအား အကြောင်းပြုကာ မဲဆွယ်စည်းရုံး သကဲ့သို့ ဖြစ်နေသည့်အတွက် မေးခွန်းထုတ်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

““သာသနာကို ခုတုံးလုပ်ပြီးတော့ မစည်းရုံးရ ဆိုပေမယ့် နိုင်ငံရေးမှာ လုပ်သင့် လုပ်ထိုက်တာတော့ လုပ်ရတယ်”” ဟု အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ကော်မတီဥက္ကဋ္ဌ လည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဥက္ကဋ္ဌလည်း ဖြစ် သူ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဇေကမ္ဘာ ဦးခင်ရွှေက ပြည်ခိုင်ဖြိုး ပါတီဝင် များနှင့် ရမည်းသင်းမြို့တွင် တွေ့ဆုံစဉ် ပြောကြားသည်။

““ဦးခင်ရွှေကတော့ သာသနာပြုရင်းနဲ့ နိုင်ငံရေး ကစားတာပေါ့ ဗျာ။ သေချာပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးနဲ့ ကင်းရမယ်ဆိုတာမျိုးက သူတို့ပဲ ချမှတ်ထားတာပဲလေ။ အဲ့ဒီအခြေအနေကနေ သူသွေဖည်နေတာကတော့ နှစ်နဲ့ ချီနေပါပြီ”” ဟု ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က သုံးသပ်သည်။

ဇေကမ္ဘာဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော အမျိုးသား လွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီ စောင့်ေ ရှာက်ရေး ကော်မတီတွင် အဖွဲ့ဝင်(၁၀)ဦး ပါရှိကာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တစ်ဦးပါသည်မှအပ ကျန်အဖွဲ့ဝင်များမှာ ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည်။

““အခွင့်အရေးကို ပိုသုံးတာပေါ့။ ရှိတဲ့ အခွင့်အရေးထက် ပိုသုံးတာပေါ့။ မျှတမှုမရှိတဲ့ လုပ်ဆောင်ချက် တစ်ခုပါပဲ”” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဝေဖန်လိုက်သည်။

နိုင်ငံရေးပါတီများအနေဖြင့် ဘာသာရေးအား နိုင်ငံရေးအတွက် အလွဲသုံးစား ပြုလုပ်ပါက ဆက်လက် ရပ်တည်ခွင့် မရှိဘဲ နိုင်ငံရေးပါတီအဖြစ်မှ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်မည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခန်း (၁၀) တွင် ပြဋ္ဌာန်းထားသည်။

သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်ရာတွင် ဘာသာရေး ကိုသော်လည်းကောင်း၊ လူမျိုးရေးကို သော်လည်းကောင်း အကြောင်းပြု မဲဆွယ် စည်းရုံးမှု ပြုလုပ်ပါက လွန်လွန်ကဲကဲ ဖြစ်လာမှသာလျှင် ၀င်ရောက်ပြော ဆိုမည် ဖြစ်ေ ကြာင်းနှင့် ရွေးကောက်ပွဲ ပြီးဆုံး၍ ဘာသာရေး၊ လူမျိုးရေးကို အကြောင်းပြု၍ အနိုင်ရသွားသည်ဟု ကန့်ကွက် လွှာတင်ပါက အနိုင်ရပါတီအနေဖြင့် ဥပဒေအရ အရှုံးပေးရမည် ဖြစ်ကြောင်းနှင့် ကန့်ကွက်လာပါက အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။

““ရွေးကောက်ပွဲ ကော်မရှင်ကတော့ သူတို့က ဒိုင်လူကြီး လုပ်ပေးမယ်။ တိုင်တဲ့သူ ရှိလာမှပဲ အရေးယူတဲ့ ဟာမျိုးကျတော့လည်း ဒါကလည်း သူတို့ရဲ့ ရပ်တည်ချက်က ကျွန်တော် စိတ်တိုင်းမကျပါဘူး။ ဒါတွေက ဘယ်သူက တိုင်မှာလဲ။ မျှတမှု မရှိတဲ့ဟာကြီး။ တရားမျှတမှု မရှိတဲ့ကိစ္စတွေ မှန်သမျှကတော့ ကျွန်တော်တို့က ကော်မရှင် ကပဲ ဖြစ်ဖြစ်၊ အစိုးရ အနေနဲ့ပဲဖြစ်ဖြစ် တားမြစ်ရမယ့်ကိစ္စပါ””ဟု ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောသည်။

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ဇေကမ္ဘာ ဦးခင်ရွှေတို့သည် အမျိုးသားလွှတ်တော် ကယ် ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီ အမည်ဖြင့် ဒေသ အတော်များများတွင် လိုက်လံ လှူဒါန်းမှု များ ပြုလုပ်ခဲ့ပြီးဖြစ် သည်။

ဝိုင်းမော်

ပုံညွှန်းစာ (၁) - မျက်နှာဖုံးတွင် ကြံ့ခိုင်ရေးပါတီတံဆိပ်နှင့် နောက်ဖုံးတွင် ကြံ့ခိုင်ရေးပါတီ ဗဟိုအတွင်းေ ရးမှူး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ သီရိပျံချီ ဦးခင်အောင်မြင့်ပုံ ရိုက်နှိက် ဖော်ပြထား သည့် ဆေးကုသမှု မှတ်တမ်းစာအုပ်

ပုံညွှန်းစာ (၂) - ကြံ့ခိုင်ရေးပါတီ အလံလွှင့်ထူ၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လမ်းညွှန် မှုဖြင့် ပြုလုပ်သည် ဆိုသည့် တိပိဋကစက္ခုပါလ အဖွဲ့၏ မျက်စိအလင်းအလှူပွဲ အခမ်း အနားဆိုင်းဘုတ်

ပုံညွှန်းစာ (၃) - ကြံ့ခိုင်ရေးရင်ထိုး တပ်ဆင်ထားသည့် အလယ်တန်းအရွယ် ကျောင်းသူ နှစ်ဦးအား အမျိုးသားလွှတ်တော် ကယ်ဆယ်ရေးနှင့် ကူညီစောင့်ရှောက်ရေး ကော်မတီအလှူငွေနှင့် အထောက်အပံ့ပစ္စည်းများ ကူညီပေးအပ်ပွဲ တွင် တွေ့ရစဉ်

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>