Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သန္ဓေသားအတွက် အသက်ပေးသွားသော ရင်သားကင်ဆာ ဝေဒနာရှင်

$
0
0


ဘေကျင်း၊ ဒီဇင်ဘာ ၁၃

ရင်သားကင်ဆာ ခံစား နေရသော်လည်း ပဋိသန္ဓေတည်ဆဲ ကာလတွင် ဓာတုကုထုံးဖြင့် ကုသပါက ရင်သွေးအတွက် အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် ကုသရန် ငြင်းဆန်ပြီး အသက် စတေးခဲ့သည့် ရုပ်သံတင်ဆက်သူ မိန်းကလေး တယောက်အကြောင်းမှာ သောကြာနေ့က တရုတ်နိုင်ငံမှ အွန်လိုင်း အသုံးပြုသူများအကြား ပွက်လော ရိုက်သွားခဲ့သည်။

ရုပ်သံတင်ဆက်သူ ရှုယွမ်ယွမ် (၂၆ နှစ်) သည် ကလေးမွေးဖွားပြီး ရက်တစ်ရာ ပြည့်ခဲ့သော ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ကာ တရုတ်ယဉ်ကျေးမှုအရ အဆိုပါ ရက်တစ်ရာပြည့်သည့် နေ့ရက်ကို အထူး အခါသမယ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

အွန်လိုင်းနိုင်ငံသား ၁၀ သန်းကျော်တို့သည် တွစ်တာကဲ့သို့သော တရုတ်လူမှုကွန်ရက် Sina Weibo တွင် သူမသတင်းကို မြင်တွေခဲ့ရာ ထိုသို့ အသက်ပေး စတေးခဲ့ခြင်းအပေါ် အမျိုးမျိုး ဝေဖန်မှတ်ချက်များ ရေးသားခဲ့ကြခြင်း ဖြစ်သည်။

“မိခင်မေတ္တာက ကြီးမားတယ်ဆိုပေမယ့် ဒီလို့ အသက်ပေးသွားဖို့တော့ မသင့်ဘူးထင်တယ်” ဟု တဦးက မှတ်ချက်ပြုထားသည်။

ပြီးခဲ့သည့် မတ်လက ကိုယ်ဝင်ဆောင်နေစဉ်အတောအတွင်း ရှုယွမ်ယွမ်က “မိခင်ရင်းချာရဲ့ စောင့်ရှောက်မှုမရှိဘဲ ကြီးပြင်းရမယ်ဆို ကလေးအတွက် မကောင်းပါဘူး” ဟု ပြည်သူနေ့စဉ် သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင် ကြားခဲ့သည်။

သို့ရာတွင် မကြာမီပင် နောက်ဆုံးအဆင့်သို့ ရောက်နေသော ရင်သားကင်ဆာဝေဒနာကို စမ်းသပ်တွေ့ရှိခဲ့ရချိန်တွင်မူ သူမအတွက် မျှော်လင့်ချက် ကင်းမဲ့သွားခဲ့သည်။

ရှုယွမ်ယွမ်က ကလေးအတွက် အန္တရာယ်ရှိမည်ကို စိုးရိမ်၍ ဓာတုကုထုံးများကို ရပ်တန့်လိုက်ရာ မကြာမီပင် ကင်ဆာဆဲလ်များ ပြန့်နှံ့လာခဲ့ခြင်း ဖြစ်သည်။

အခြေအနေပိုမို ဆိုးရွားလာသော စက်တင်ဘာလထဲမှာတော့ ဆေးရုံစတက်ခဲ့ပြီး သားလေးကို ရအောင် မွေးဖွားခဲ့ကာ သူမကိုယ်တိုင်ပင် နီအန်းနီအန်းဟု နာမည်ပေးခဲ့သည်။

သူမသည် ကလေး ရက်တရာပြည့် အထိမ်းအမှတ်ကို မိသားစုနှင့် အတူ ဆင်နွှဲနေချိန်မှာပင် ကွယ်လွန်သွားခဲ့ရခြင်း ဖြစ်သည်။

“ကလေးကို လောကကြီးထဲမှာ တစ်ယောက်တည်း ထားခဲ့တာဟာ နှလုံးသားမဲ့တဲ့ မိခင်တယောက်ရဲ့ လုပ်ရပ်ပါပဲ” ဟု အခြား အွန်လိုင်းနိုင်ငံသား တဦးက မှတ်ချက်ပေးပြန်သည်။

သို့သော်လည်း မှတ်ချက်အများစုမှာ သူမ၏ စွန့်လွှတ်စတေးမှုအပေါ် စာနာသနားမိကြောင်း ရေးထားခဲ့ကြခြင်း ဖြစ်သည်။

“ဓာတုကုထုံးနဲ့လည်း ကင်ဆာကို ပျောက်အောင် ကုနိုင်မှာမို့လိုလား၊ ဒါကြောင့် သူက ဒီလမ်းကို ရွေးခဲ့တာပေါ့” ဟု တဦး က မှတ်ချက်ပြုသည်။

အခြား တဦးကလည်း “မိခင်မေတ္တာဟာ သိပ်ကို ကြီးမားလှပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။

ကျော်လင်းထွန်း
__Ref: AFP
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>