Quantcast
Viewing all articles
Browse latest Browse all 32865

ကြံ့ဖွံ့ကို ပြိုင်စေချင်တယ် NLD ကို မပြိုင်စေချင်ဘူးပေါ့ဗျာ

ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့က တချို့မြို့နယ်တွေမှာပေါ့လေ။ တစ်နှစ်မှ မနေဘူးတဲ့ လူတွေတောင်မှပဲ ခေါ်ထား . . . အမှန်တကယ်နေတဲ့သူ၊ တကယ်လည်း ကျွန်တော်တို့ ကမာရွတ်မြို့နယ် ထဲမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့သူတွေကို ဒီလိုကန့်သတ်လိုက်တော့ ကျွန်တော်တို့ နစ်နာတာပေါ့ဗျာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲတွင် စည်ပင် ကိုယ်စားလှယ်လောင်းများ ၀င်ခွင့် ရရန် လျှောက်ထားသူ ၃၀၀ ကျော်အနက် ၀င်ခွင့် ငြင်းပယ်ခံရသူ ၉ ဦးရှိခဲ့ပြီး နောက်ပိုင်းတွင် ခုံရုံးဖွဲ့စိစစ်ခဲ့ရာ ၂ ဦးသာ ပြန်လည် ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့သည်။

ယင်းသို့ ငြင်းပယ်ခံရသူ ၂ ဦးအနက် တစ်ဦးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီဝင်) ဟောင်း ဖြစ်ခဲ့သူ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းတွင် နေထိုင်သူ ဦးလွှမ်းမိုးနိုင်ဖြစ်ပြီး ၎င်းအား တစ်နေရာ တည်းတွင် ၁၀ နှစ် တစ်ဆက်တည်း မနေထိုင်ထားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။ ဦးလွှမ်းမိုးနိုင်မှာ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းနှင့် လှည်းတန်း (၃)လမ်းတို့တွင် နှစ်ခြား~ ၍သာ တစ်ဆက် စပ်တည်း နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ နေထိုင်ခဲ့ခြင်းနှင့် ပတ်သက်၍လည်း ရပ်ကွက် အာဏာပိုင်များက ထောက်ခံချက် ပေး ထားပြီး ဖြစ်သည်။ သို့သော် လ၀က စည်းကမ်း သတ်မှတ်ချက်နှင့် မညီဟုဆိုကာ ပယ်ချ ခဲ့သည်။

ယင်းသို့ ငြင်းပယ်ခံရမှုနှင့် ပတ်သက်၍ မည်ကဲ့သို့ ငြင်းပယ် ခံရသည်ကို လည်းကောင်း၊ ငြင်းပယ်ခံရမှုအပေါ် သဘောထား မှတ်ချက်များကို လည်းကောင်း အများပြည်သူ လေ့လာသိရှိနိုင်ရန် အတွက် မေးမြန်း ထားမှုများကို မြန်မာသံတော်ဆင့်မှ စုစည်း ဖော်ပြလိုက်ပါသည်။

ရည်မွန်ဖြိုး

● ဦးလွှမ်းမိုးနိုင်အနေနဲ့ စည်ပင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ခွင့် လျှောက်ထားရာမှာ ဘာကြောင့် ငြင်းခံ ရတာလဲရှင့်။

သူတို့အကြောင်းပြတာကတော့ ဘယ်လိုခေါ်မလဲ၊ ၁၀ နှစ် တစ်ဆက် တစ်စပ်တည်းနေတာ မပြည့်လို့ ဆိုလို့ပေါ့ဗျာ။ တစ်နေရာတည်းမှာ ဒီမြို့နယ်ထဲမှာ ၁၀ နှစ် ပြည့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတာကိုး။ ဒီရပ်ကွက်ကနေ ထောက်ခံချက်နဲ့ မပြည့်စုံဘူးပေါ့ဗျာ။ လ၀က ကနေစစ်တဲ့အချိန်မှာ ဒီဟာက လိုအပ်ချက် ရှိနေတဲ့ ပုံစံမျိုးနဲ့ပေါ့ဗျာ။

● ဦးလွှမ်းမိုးနိုင်ကို ဒီအချက်တစ်ချက်တည်းနဲ့ ငြင်းလိုက်တာလားရှင့်။

အဲဒီ တစ်ချက်ပါပဲတဲ့။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ စကားပြောတော့ ““သားမှာ အဲဒီတစ်ချက်ပဲ ရှိတာ””တဲ့။ ““ကျန်တဲ့ တိုင်တာ ပြောတာ ဘာမှမရှိပါဘူး””တဲ့။

● တကယ်ပဲ အဲဒီ စည်းကမ်းချက်နဲ့ မညီညွတ်တာလား။ ၀င်ခွင့်သတ်မှတ်တာ ဘယ်လိုမျိုး စည်းကမ်းချက်တွေနဲ့ သတ်မှတ်ထားလို့လဲရှင့်။

သူတို့ ရွေးတာကတော့ ဒီမြို့နယ် ရပ်မိရပ်ဖတို့၊ မြို့နယ်အဖွဲ့ဝင် ယှဉ်ပြိုင်မယ်ဆိုရင် ဒီမြို့နယ်ထဲမှာ တစ်ဆက် တစ်စပ်တည်း (၁၀) နှစ်နေမှ အဲဒီပုံစံမျိုး ကန့်သတ်ထားတာကိုး။ အိမ်ထောင်စုစာရင်းနဲ့ တစ်ဆက်တစ်စပ်တည်း (၁၀) နှစ်နေမှ ရွေးခံမယ်။ ကျွန်တော်က နေရာပြောင်းနေတာကိုး။ တစ်လမ်းမှာ ၆ နှစ်နေတယ်။ နောက်တစ် လမ်းမှာက ၄ နှစ်နေတယ်။ သူတို့ဆီကို တင်ပြတယ်။ ရပ်ကွက်ကလည်း ကျွန်တော်နေတဲ့ဟာကို အတည်ပြု ပေးတယ်။ ရပ်ကွက် ဥက္ကဋ္ဌကနေပြီးတော့ ဟုတ်ပါတယ်။ ဒီလမ်းမှာနေတာ ၆ နှစ်ရှိပါပြီ။ ဒီလမ်းထဲမှာ ၄ နှစ်ရှိပါတယ်ပေါ့ဗျာ။ ရပ်ကွက်ကနေပြီး ထောက်ခံပေးတယ်။ လ၀က ဦးစီးအရာရှိကနေ ပြီးတော့ ၆/၆၆ အိမ်ထောင်စုစာရင်းနဲ့ တစ်ဆက် တစ်စပ်တည်းနေမှ အတည်ဖြစ်တာပေါ့။ ခုနကလို ကျွန်တော်နေတဲ့ ပုံစံမျိုးနဲ့ဆို အတည်မဖြစ်ဘူးပေါ့ဗျာ။ ရပ်ကွက်တစ်ခုတည်း လူနေတာ မှန်ပေမယ့်လည်း စာရွက်စာတမ်း အတည်မဖြစ်တာပေါ့။ အဲဒီပုံစံမျိုး အကြောင်းပြန်တယ်။

● ၆/၆၆ ဆိုတာက ဘယ်လိုပုံစံကို ဆိုလိုတာလဲရှင့်။

လ၀က ဥပဒေနဲ့ပေါ့လေ။ အိမ်ထောင်စုစာရင်းနဲ့ တစ်ဆက် တစ်စပ်တည်း ဒီမြို့နယ်မှာနေမှ အဲဒီအချက် ပေါ့လေ။ ယာယီသန်းခေါင်စာရင်းနဲ့ နေတာကို အတည်မပြုဘူး။ ၆/၆၆ ဆိုတဲ့ သန်းခေါင် စာရင်းအစစ်နဲ့မှ အတည်ပြုမယ်ပေါ့လေ။ အဲဒီပုံစံမျိုးနဲ့ ကန့်သတ်လိုက်တာပေါ့။

● ဦးလွှမ်းမိုးနိုင်တို့ကို ငြင်းပယ်ခံရတာကို အကြောင်းကြားစာပုံစံမျိုးနဲ့ လာပေးတာလားရှင့်။

ကော်မရှင်ကနေပြီးတော့ ရပ်ကွက်ကို ထုတ်ထားတဲ့စာပေါ့။ ကမာရွတ်မြို့နယ်ထဲကနေပြီး ယှဉ်ပြိုင်မယ့်သူတွေ ဘယ်သူက အတည်ပြုတယ်၊ ဘယ်သူက အတည်ပြုလို့မရဘူး ထုတ်ပြန်ထားတဲ့ စာရွက်တွေ ရပ်ကွက်ရုံးမှာ ကပ်ထားတော့ အဲဒီ ကပ်ထားတဲ့ စာရွက်အရ ကျွန်တော်တို့က သွားတာပေါ့။

● ထုတ်ပြန်စာကပ်ထားတဲ့ စာရွက်ကို ဘယ်မြို့နယ်၊ ဘယ်ရပ်ကွက်မှာ ကပ်ထားတာလဲ။

ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်မှာပါ။

● ဦးလွှမ်းမိုးနိုင်အနေနဲ့ အခြား စည်းကမ်းချက်တွေမှာကော ကိုက်ညီမှု ရှိသလားရှင့်။

နိုင်ငံရေးပါတီ ကင်းရှင်းတာကျတော့ ကျွန်တော်က လောလောဆယ် လက်ရှိကျတော့ NLD က ရပ်ကွက် အလုပ်အမှုဆောင်ပေါ့ဗျာ။ အလုပ်အမှုဆောင်ဆိုတော့ သူတို့က ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးပါတီ ကင်းရှင်းရမယ်။ မှီခိုမရှိရဘူး ဆိုတဲ့ဟာကို ကန့်သတ်တယ်။ ကန့်သတ်တော့ ကျွန်တော်တို့က ထွက်ပေးရတယ်။ နုတ်ထွက်စာ တင်ရတယ်။ ကျွန်တော် နုတ်ထွက် ခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည် ဆိုတဲ့ဟာတောင် သူတို့က လက်မခံဘူး။ နုတ်ထွက်သည် ဖြစ်ပါကြောင်းဆိုတဲ့ စာသားနဲ့ပြန်ပြီးတော့ လဲပေးပါဆိုပြီး၊ နစ်နာတာ ပေါ့ဗျာ။ တကယ်တမ်းကျတော့ သူတို့က ဘယ်လိုခေါ်မလဲ ကိုယ်စားလှယ်လောင်းအနေနဲ့ မရွေးခင်မှာ ဒီဟာတွေကို ကန့်သတ်ပြီးတော့ အတင်းလုပ်ခိုင်းတဲ့ ဟာကျတော့ အဲဒီအချက်လေးတွေပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်နုတ်ထွက် လိုက်ရတာပေါ့ဗျာ။

● ဘယ်နှယောက်ကို ငြင်းပယ်လိုက်တယ်လို့ သိထားလဲ။

ကျွန်တော်တို့ကို အရင် ၉ ယောက်နဲ့ တူတယ်။ သူတို့ရဲ့ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ပုဒ်မနဲ့ မညီညွတ်တဲ့ အတွက် ကိုယ်စားလှယ် မမြောက်ပါဘူးဆိုတဲ့ ပုံစံမျိုးကို (၉)ယောက်ကို ကြေညာတယ်။ နောက်ပိုင်းမှာ ၂ ယောက် က ပြန်ပြီးတော့ သူတို့တင်တဲ့ အချိန်မှာ ခုံရုံးနဲ့စစ်ပြီးတော့ ပြန်ပြီး ထည့်ပေးတယ်လို့ ပြောတယ်။ ကျန်တဲ့ ၇ ယောက်က အပယ်ပဲလို့ပြောတယ်။ သူတို့က ထုချေလွှာ တင်ပါဆိုပြီး ပြောတယ်။ ခုံရုံးဖွဲ့ပြီးတော့ မညီတဲ့ အချက်တွေကို ခုံရုံးနဲ့ပြန် စစ်ဆေးပေးမယ်ပေါ့ဗျာ။ တစ်လ အချိန်ပေးမယ်ပေါ့ဗျာ။ ကျွန်တော် လမကုန်ခင် ၃၊ ၄ ရက်လောက်က ကျွန်တော့်ကို ဘယ်အချက်တွေကြောင့် ကန့်သတ်တာလဲ ဆိုတာကို ရွေးကောက်ပွဲ ကော်မရှင်ဆီ သွားတယ်။ ကော်မရှင်ဥက္ကဋ္ဌ ကို တွေ့တော့ တစ်ပတ်ပဲ ကျန်တော့တယ်ပေါ့ဗျာ။ ခုံရုံးကနေ ပြန်ခေါ်ရမယ်ပေါ့။ မမီတော့ဘူးဆိုပြီး အကြောင်းပြတယ်ပေါ့ဗျာ။

● ၀င်ခွင့်ရသွားတဲ့ သူတွေကရော ဒီထုတ်ပြန်ထားတဲ့ ကန့်သတ်ချက်တွေကို ကိုက်ညီမှုရှိလို့ ၀င်ခွင့်ရ သွားတာလား။

ပထမဆုံး ရွေးကောက်ပွဲဆိုတော့ ကျန်တဲ့ ကိုယ်စားလှယ်တွေကို အများကြီး မစုံစမ်းဘူးပေါ့ဗျာ။ ဥပမာ ထားပါတော့ ကြံ့ဖွံ့ကပါမယ်။ NLD က ပါမယ်၊ အခြားလွတ်လပ်တဲ့ ဟိုဟာပါမယ်ပေါ့ဗျာ။ ဒါပေမဲ့ သူတို့ စိတ်ထဲမှာ ဘယ်လိုခေါ်မလဲ။ ကြံ့ဖွံ့ကို ပြိုင်စေချင်တယ်။ NLD ကို မပြိုင်စေချင်ဘူးပေါ့ဗျာ။ အဲဒါမျိုးတွေ သံသယ ဖြစ်တာပေါ့ဗျာ။ ကျွန်တော်နဲ့က နှစ်ယောက်ပဲရှိတာကိုး။ ရပ်မိရပ်ဖမြို့နယ်နဲ့ နှစ်ယောက်ပဲရှိတာ။ ဟိုတစ်ယောက်က ကြံ့ခိုင်ရေးက ပါတီဝင်ပဲ။ သူကတော့ လွတ်လွတ်ကျွတ်ကျွတ် ရသွားတယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီတစ်ချက်နဲ့ ငြိသည်ပေါ့။ ၂၀၀၈ က လုပ်ပေးတဲ့ ယာယီ သန်းခေါင်စာရင်းဆိုရင် ကျွန်တော် ၆ နှစ်နေတယ်ပေါ့။ အဲဒီယာယီ သန်းခေါင်စာရင်းကို အတည်မပြုပါဘူး ဆိုတဲ့ပုံစံမျိုး ပြန်ပြီးတော့ အကြောင်းပြန်တယ်ပေါ့။ ၆ နှစ်သည် အတည်ပြုပေးလို့ မရဘူးပေါ့ဗျာ။ ကော်မရှင်က နည်းနည်းရစ်တာပေါ့။ ဒါပါပဲ။

● သူတို့သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေက မျှတမှုရှိ၊ မရှိ အပေါ်မှာကော ဘာများ ပြောချင်လဲ။

အခု ကျွန်တော်တို့ ရင်ဆိုင်ရတာ ၆/၆၆ နဲ့ ရင်ဆိုင်ရတာ ဒီဟာကတော့ တော်တော်များများကို မဖြစ်နိုင်တဲ့ ကိစ္စပေါ့ဗျာ။ ၁၀ နှစ် တစ်ဆက်တစ်ဆက်တည်း ဆိုတဲ့ဟာက တော်တော်ကြီးကို ခက်ခဲတဲ့ ကိစ္စပေါ့ဗျာ။ တကယ်လို့ ၁၀ နှစ်ကျကျ နေတယ်ဆိုတာတောင်မှပဲ ကော်မရှင်ရဲ့ လူကြီးတွေကနေပြီးတော့ ဒါကိုမမျှတတဲ့ ပုံစံမျိုးနဲ့ ပိတ်ပင်တာပေါ့ဗျာ။ ကျွန်တော်တို့ ကိုယ်စားလှယ်လောင်းအနေနဲ့ ၀င်ခွင့် ဆုံးရှုံးတယ်ပေါ့ဗျာ။ ဒါပါပဲ။

● ဦးလွှမ်းမိုးနိုင် အခုလို စည်ပင် ကိုယ်စားလှယ်လောင်း ၀င်ခွင့်ကို ရွေးမခံရတဲ့အတွက် ဘာများ မှတ်ချက် ပေးချင်လဲရှင်။

ကိုယ်စားလှယ်လောင်းတွေကို ကန့်သတ်ထားတဲ့ ဟာတွေက ဘယ်လိုခေါ်မလဲ။ မညီမျှဘူးပေါ့ဗျာ။ နောက်ပြီးတော့ ကိုယ်စားလှယ်လောင်း မဖြစ်ခင်မှာ ပါတီထဲကနေ ဇွတ်အတင်း ထွက်ခိုင်းတဲ့ ဟာတွေကလည်း ပါတီဝင် တစ်ယောက်အနေနဲ့ ဆုံးရှုံးတယ်ပေါ့ဗျာ။

● ဒီ စည်ပင် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကော ဘာများပြောချင်တာ ရှိပါသေးလဲ။

ဒီစည်ပင်က ပထမဦးဆုံး ရွေးကောက်ပွဲလည်း ဖြစ်နေတဲ့အတွက် လိုအပ်ချက်တွေ အများကြီး ရှိနေတာပေါ့ဗျာ။ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့က တချို့မြို့နယ် တွေမှာပေါ့လေ။ တစ်နှစ်မှ မနေဘူးတဲ့ လူတွေတောင်မှပဲ ခေါ်ထားတဲ့ပုံစံမျိုး ဘယ်လိုခေါ်မလဲ ကိုယ်စားလှယ် တင်သွင်းထားတဲ့ ပုံစံမျိုး ရှိတယ်ပေါ့လေ။ အမှန်တကယ် နေတဲ့သူ တကယ်လည်း ကျွန်တော်တို့ ကမာရွတ်မြို့နယ်ထဲမှာ ထဲထဲဝင်ဝင် လုပ်နေတဲ့သူတွေကို ဒီလို ကန့်သတ် လိုက်တော့ ကျွန်တော်တို့ နစ်နာတာပေါ့ဗျာ။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>