မကြာသေးမီက မျိုးစောင့်ဥပဒေဥပဒေ ကြမ်းများကို အစိုးရသတင်းစာ များ မှာ ပြည် သူများလေ့လာနိုင်အောင်ဖော်ပြခဲ့ပြီး ဒီဥပဒေ တွေနဲ့ပတ်သက်တဲ့ တုံ့ပြန်ဝေဖန်မှုအသံတွေ လည်း ကျယ်ကျယ်လောင်လောင် ထွက်ခဲ့ပါ တယ်။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာမိန်းမ များ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ ဟာ အခြားဘာသာဝင် အမျိုးသမီးတွေကို လျစ် လျူရှုထား သလို ဖြစ်နေ တယ် လို့ ဝေဖန်မှုတွေ ရှိသလို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေ ကြမ်းဟာလည်း မြန်မာ့ဓလေ့ ထုံးတမ်းတွေကိုရော၊ အချို့သော တည်ဆဲ ဥပဒေ ပုဒ်မတချို့နဲ့ပါ ဆန့်ကျင်နေတယ်လို့ ထောက်ပြကြတာကို ဖတ်ရပါတယ်။ ဒါပေမဲ့ ဂျာနယ်တစ်ခုမှာက တစ်လင်တစ်မယားစနစ် ဥပဒေကို အမျိုးသမီးတွေက အတော်ကြိုဆို ကြတဲ့အကြောင်းဖော်ပြထားရုံမကဘဲ "အမျိုး သားတွေကတော့ သိပ်မကြိုက်ကြဘူး" လို့ ဆို လိုက်သေးသဗျ။ ဒီတော့ ဒီအကြောင်း ဝေဖန်ဖို့တောင် လက်တွန့်သွားရတယ်လေ။
"တစ်လင် တစ်မယားစနစ်" ဆိုတာကို မကြိုက်တဲ့ ယောက်ျား ဆိုရင် တစ်လင်နှစ်မယားတို့ သုံး မယားတို့ ကျင့်သုံး ဖို့ပြဋ္ဌာန်းချင်တာလိုလို ဘာ လိုလို ဖြစ်သွားနိုင်တာကိုးခင်ဗျ။
တကယ်တော့ဟိုးအရင်ကတည်းက မိန်းမ အလွန်စွံတယ်ဆိုတဲ့ ယောက်ျား များဟာလည်း "တစ်လင် တစ်မယား" စနစ်ကိုပဲ ကျင့်သုံးကြ တာများပါတယ်။ ပွဲတက်မယားလို့ခေါ်တဲ့ တရားဝင် မယားကြီးအပြင် ကျန်တာတွေကို လူ မြင် ခံလေ့ မရှိပါဘူး။ ဟော၊ တိတ်တိတ်ပုန်း တစ်ယောက်ကို မယားပြိုင်အဖြစ် ရာထူးတိုး ပေးပြီဆိုတော့လည်း မယားကြီးကို မကွာသည့် တိုင် အတူ မနေတော့၊ မပေါင်းသင်းတော့တာ များပါတယ်။ မယားနှစ်ယောက် ပြိုင်ပေါင်း တယ်ဆိုတဲ့သူမျိုးက အလွန်ရှားတော့ "တစ်လင် တစ်မယား"စနစ်က ယေဘုယျ အသားကျပြီး သားလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အခုပြဋ္ဌာန်း လိုက်တဲ့ ဥပဒေ အရကတော့ ဒီလို မလိမ့် တပတ် လုပ်လို့ မရဘူးတဲ့ခင်ဗျ။ ဟဲ၊ဟဲ။ (ဒါပေမဲ့ အခု ဥပဒေကြမ်းပဲရှိသေးလို့ လက်သွက်သူ များ အချိန်မီပါသေးတယ်)။
တည်ဆဲဥပဒေတို့၊ ဘာသာရေးတို့၊ ဓလေ့ ထုံးတမ်းတို့မှာ မည်သို့ဆန့်ကျင် လျက်ပါရှိစေ ကာမူတဲ့၊ (ဘာသာရေးအရတို့၊ ကျုပ်တို့လူမျိုး ထုံးစံတို့၊ ဓလေ့ ထုံးတမ်းအရတို့ လာမပြောနဲ့ တဲ့)၊ လက်ထပ်ထားသူ တစ်ဦး ထပ်ယူရင် အိမ် ထောင်ဖက်က ကွာရှင်းခွင့်ရှိပြီး နှစ်ဦးပိုင်ပစ္စည်း လည်း တစ်ပြားမှ ရမှာ မဟုတ်တဲ့။ ပြီးတော့ ဒါနဲ့မပြီးသေးဘူး။ မကွဲသေးဘဲ ထပ်ယူတဲ့ အထီးဖြစ်ဖြစ် အမဖြစ်ဖြစ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၄၉၄ ကို ကျူးလွန်တယ်လို့ မှတ်ယူရ မယ်တဲ့။ အဲဒါက ထောင်ခုနစ်ချနိုင်တယ် လို့ ပြောတာဖြစ်ကြောင်း ဥပဒေ ပညာရှင်တွေက ဖွင့်ဆိုသတဲ့ခင်ဗျ။
တကယ်လို့ အိမ်ထောင်ပြု ခဲ့ဖူးရင် ပြုဖူး ပါတယ် ဆိုတာ ဝန်ခံကြေညာပြီး ကွာရှင်းမယ် ဆိုရင်တော့ နောက် အိမ်ထောင် ပြုလို့ရပါသတဲ့။ အဲ၊ အဲဒီလိုမလုပ်ဘဲ ဇွတ်ကြီး ယူလိုက် ရင်တော့ အဲဒါ ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၄၉၅ကို ကျူးလွန်တယ်လို့ မှတ်ယူရ မယ်တဲ့။ အဲဒါ က ထောင်ဆယ်နှစ်အထိ ချ နိုင်တယ်လို့ ဆိုလိုက်တာပဲလို့ ပညာရှင်များက ရှင်းပြတာကို ကြားရပါတယ်။
အဲဒီဥပဒေမှာ မိန်းမရောယောက်ျားပါ လင်ပြိုင်၊ မယားပြိုင် မပြုရလို့ ပြဋ္ဌာန်း တာဖြစ်ပေမယ့် ပုဒ်မ ၁၅ မှာ တော့ ယောက်ျား တစ်ဦးဟာ မိန်းမနဲ့ မကွဲ သေးဘဲ နောက် မိန်းမ ယူခဲ့ရင်တဲ့၊ အဲဒီထိမ်းမြားမှုဟာ အတည်မဖြစ်ဘူးတဲ့၊ အဲဒါကြောင့် အဲဒီ ယောက်ျားသေ ရင် နောက်မိန်းမက အမွေမရ စေရတဲ့။ ဒါနဲ့မပြီးသေးဘူးခင်ဗျ။ နောက်မိန်းမ အရင်သေရင်လည်း အဲဒီယောက်ျားအမွေမရ စေရတဲ့။ ကဲ။ (ဟုတ်သားပဲ၊ ဘယ်သူချမ်းသာ ပြီး ဘယ်သူအရင်သေမယ်ဆိုတာ မသိရဘူး လေ)။
ဒီဥပဒေကိုဖတ်မိတဲ့အခါ စိတ်ထဲဖျတ်ခနဲ သတိရမိသွားတာ ကတော့ အောင်ဆန်း သူရိယ ဘွဲ့ရသူတွေထဲမှာ တစ်ဦးတည်း အသက်ရှင် ကျန်နေသူဖြစ်တဲ့ ဗိုလ်တိုက်ချွန်းကိုပါပဲ။ ဗိုလ် တိုက်ချွန်းက ချင်းလူမျိုးဖြစ်ပြီး သူ့မှာချင်းအ မျိုးသမီးဇနီးတစ်ယောက် ရှိပါတယ်။ ရှမ်းပြည် သွားရင်း ရှမ်းမလေး တစ်ယောက်တွေ့တော့ ကြိုက်မိတဲ့အခါ ငါ့မှာ ဇနီး ချင်းမ ရှိတယ်၊ ဒါ ပေမဲ့ နင့် ကိုလည်းချစ်လို့ နင်သဘောတူရင် လက်ထပ်ချင်တယ်လို့ ပြောသတဲ့။ ရှမ်းမလေး ကလည်း ဒါကို သဘောတူတော့ ချင်းမကို ပြောပြန်ပြီး ချင်းမ ရဲ့သဘောတူညီချက်နဲ့ ရှမ်း မကို ယူလိုက် သတဲ့။ ယူပြီး ခေါ်လာတဲ့အခါ ရှမ်းမ ကိုမြင်တော့ ချင်းမကမီးဖိုထဲဝင်သွားသ တဲ့။ ရှမ်းမကို ဧည့်ခန်းမှာ ထားပြီး မီးဖိုထဲ လိုက်ဝင်သွားတော့ ချင်းမက ငိုနေတာတွေ့ ရသတဲ့။ ဒါနဲ့ဗိုလ် တိုက်ချွန်း က မင်းသဘောတူ လို့ ငါခေါ်လာတာပဲ၊ မင်းကိုလည်း ငါပစ်မှာမှ မဟုတ်တာ၊ ဒါပေမဲ့ မင်းသဘောမတူရင် ပြန် ပို့လိုက်မယ်လို့ပြောတော့ ချင်းမက မပို့ပါနဲ့၊ သူခမျာ သနားပါတယ် လို့ ပြောပြီး ပြေလည် လို့ ပြန်ထွက်လာတဲ့အခါ ရှမ်းမက မရှိတော့ဘူး တဲ့၊ ဗိုလ်တိုက်ချွန်းလည်း စိတ်ပူပြီးလိုက်ရှာ တော့ ခြံထဲမှာငိုနေပြီး "ချင်းမကိုတွေ့တော့ စိတ်မကောင်းလို့ငိုတာပါ၊ သူ ထားရာမှာနေပါ့ မယ်" လို့ ပြောသတဲ့။ ဒီတော့မှ ဗိုလ်တိုက် ချွန်းလည်း စိတ်အေး၊ အဆင်ပြေ သွားတယ် ပေါ့။ နောင်တော့ မချင်းနဲ့မရှမ်းတို့ဟာ ညီ အစ်မလိုချစ်ကြ တယ်ဆိုပဲ။ တစ်နေ့ ဗိုလ်တိုက်ချွန်း ဖျားနေတော့ သူတို့နှစ်ယောက်က စကားလက်ဆုံပြောပြီး ရယ်မောနေကြလို့ ဗိုလ်တိုက်ချွန်းက စိတ်တိုပြီး"ဟဲ့၊ မချင်းတို့၊ မရှမ်းတို့၊ သိပ်လည်းချစ်မနေကြနဲ့၊ နင်တို့ လင်ဗိုလ်တိုက် ချွန်းဖျားနေတာ လာကြည့်ကြဦးဟ" ဆိုပြီး ပြောရတယ်ဆိုပဲ။ တက္ကသိုလ် စိန်တင် ပြုစု ခဲ့တဲ့ ဗိုလ်တိုက်ချွန်းရဲ့ အတ္ထုပ္ပတ္တ ကျောင်း သားဘ၀က ဖတ်ခဲ့ရတာကို ပြန်သတိရမိ ရင်း အင်း၊ ဗိုလ်တိုက်ချွန်း လူဖြစ်စောတာ ကံသိပ် ကောင်းသွားတယ် လို့ တွေးလိုက်မိတာပါ။
ပညာရှင်တချို့နဲ့ အမျိုးသမီးတချို့ရဲ့ အ ဆိုအရ ဒီဥပဒေအတည်ဖြစ်သွားရင် လင်ခိုးမှု ဆိုတာ ရှိလာနိုင်တယ် လို့ ဆိုကြပါသေးတယ်။ ဒီတော့ တစ်ခေတ်တစ်ခါက ဟာသဖြစ်ခဲ့တဲ့ လင်ခိုးမှု ကို ပြန်သတိရမိတယ်။ သူတို့ကိုယ် သူတို့ "လမ်းစဉ် ပါတီခေတ်" လို့ခေါ်ပြီး သူတို့ ရဲ့နောက် မျိုးဆက်အပါအဝင် လူတိုင်းက "မဆ လခေတ်" လို့ခေါ်တဲ့ အာဏာရှင်ခေတ်ကြီး တစ်ခေတ်မှာ ဆင်းရဲသားကို ဇွတ် ချစ်ပြီး သူ တို့အဆင့်အတန်းကို အတင်းကြီးတင်ပစ်လိုက် ပုံများ ဆိုက်ကား သမား၊ မြင်းလှည်းသမားက တရားသူကြီးဖြစ်၊ ဆိပ်ကမ်းအလုပ်သမားက လည်း ကောင်စီ အတွင်းရေးမှူးတို့ ဥက္ကဋ္ဌတို့ ဆိုတဲ့ မြို့နယ်အပိုင်စား ပဒေသ ရာဇ်များဖြစ် ဆိုတဲ့ ကာလကြီး တစ်ခု ရှိခဲ့သကိုးဗျ။
အဲဒီ ကာလမှာ (ဆင်းရဲသား မင်းဖြစ်) တရားသူကြီး တစ်ဦးက သူ့ရုံးရောက်လာတဲ့ သူများလင် ကြောင်တောင်နှိုက် တဲ့အမှုကို "လင်ခိုးမှု" နဲ့ စွဲ တင်ဖို့ ကောင်းတာပေါ့လို့ ဆိုလိုက် ပါသတဲ့။ ဒီတော့ အဲဒီခေတ်မှာ တရားရေး အကြံပေးမျှ သာလုပ်ရရှာတဲ့ (ဒီခေတ် တရားသူကြီး ဖြစ် နေကြသူများထဲက) တရားရေး ပညာရှင်က "လင်ခိုးမှုဆိုတာ ဥပဒေမှာ မရှိဘူး ခင်ဗျ၊ မယားခိုးမှုသာ ရှိပါတယ်" လို့ဆိုတော့" မရှိရင် ပြဋ္ဌာန်း ကြတာပေါ့ဗျာ" လို့ ပြော သတဲ့။ သူခမျာ တရားသူကြီးဆိုတာ ဥပဒေလည်း ပြဋ္ဌာန်းလို့ရ တယ်လို့ ထင်နေရှာတာကိုးဗျ။ အဲဒီလို မသိ သူများက မဆိုင်တာ ဝင်ဝင်လုပ်တာ ခေတ်မ ကုန်နိုင်တဲ့ ကျွန်တော် တို့ တိုင်းပြည်ကြီးမှာ အခုတော့ လင်ခိုးမှုဆိုတာပေါ်ပေါက်ဖို့ အလား အလာရှိ လာလေတော့ အရင်က ဟာသ ဖြစ်ခဲ့ တဲ့ လေးနှစ်ခံ တရားသူကြီးမင်း ဟာ ခေတ်ရှေ့ ပြေး သူကြီး ဖြစ် သွားတော့တာပေါ့နော်။
တကယ်တော့ ဒီဥပဒေထဲမှာ အတိအ လင်းဆန့်ကျင်ထားတဲ့ "မယားပြိုင်" ဆိုတဲ့ ဝေါဟာရ ဟာလည်း အဲဒီ ဆင်းရဲသူဆင်းရဲသား များဘက်က ရပ်တည် မယ် ဆိုတဲ့ မဆလခေတ် ကြီး မှာ ပေါ်ပေါက်လာတဲ့ ဝေါဟာရပါပဲ။ အ မှန်တော့ အငယ်အနှောင်း ဖြစ်ကြရတယ်ဆို တာက မိန်းမလည် သိန်းကြွယ်တို့ ]ချိန်းတယ်} ဆိုတာက စပြီး အိမ်ပေါ်ရောက် လာတာမျိုး ရှိသလို မလည် မဝယ်နဲ့ ဇွတ်ကြံစည် ခံရရာက နေ မထူးပါဘူးဆိုပြီး "မယားငယ်" ဘ၀ ရောက် ရရှာတဲ့ မရှိဆင်းရဲသား သမီးငယ်များလည်း ရှိတတ်တာကိုး။ ဒီတော့ ဒီမယားငယ်ဆိုသူ ကလေးများဟာ ယောက်ျားကို မယားကြီးနည်း တူ ဖြည့်ဆည်း၊ သားများ သမီးများ လည်းရှိ တတ်သမို့ မယားငယ်လို့ခေါ်တာဖြင့် သိမ်ငယ် တယ်ဆိုပြီး မယားပြိုင်ဆိုတာကို အဲဒီခေတ် ကြီးမှာ တီထွင်ခဲ့တယ်ဆိုကိုးဗျ။ အမှန်တော့ ဒီစကားလုံးဟာ ၁၉၇၁ ခုနှစ်လောက်က စီ ရင်ထုံးတစ်ခုမှာ စဖော်ပြ ခဲ့တာဖြစ်ပြီး "မယားငယ်ကို မယားငယ်မခေါ်လို့ လူခိုးမ ခေါ်ရမှလား " ဆိုတာမျိုး အဲဒီတုန်းက အစိုးရ ပိုင်သတင်းစာ လူထုအော်သံအခန်းကနေ မေး ခဲ့တာတောင် ရှိတယ်လို့ မှတ်သားရဖူးပါတယ်။
တကယ်တော့ မယားကြီး၊ မယားငယ်ဆို တာက အရင် ရှေးမြန်မာ့ ဓလေ့ ထုံးတမ်းမှာ ရှိပြီး သားဖြစ်ပြီး လင်ရဲ့အမွေပုံ၊ အမွေဝေစုမှာ လည်း မယားငယ်က မယားကြီးနဲ့တန်းတူ မရနိုင် ပါဘူး။ နောင်မှာ မယားငယ်ကို မယား ပြိုင်လို့ ခေါ် တဲ့ တိုင် အမွေခွဲရာမှာတော့ မယား ကြီး လက်ထက်ပွားကို မယားငယ်က မရနိုင် လို့ ဝေစုအတူတော့ မဖြစ်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ကာလတစ်ခုမှာ မယား များများ ယူဖူးတဲ့ခေါင်း ဆောင်တစ်ဦးက မယားငယ်ကို စာနာပြီး မ ယားပြိုင် လုပ်ချင်တာကို မင်းလိုလိုက်မင်း ကြိုက်ဆောင်တတ်တဲ့ ဥပဒေပညာရှိက စီရင် ထုံးပြုပေး တဲ့အတွက် "မယားပြိုင်" ဆိုတာ ဖြစ် လာတယ်လို့ ရှေ့မီနောက်မီ ပညာရှိများက ဆိုကြ ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်တာ ဟာ ဖောက်ပြန် တဲ့ယောက်ျားကို အားပေး ရာ ရောက် သလို ကြောင်တောင်နှိုက်ချင်တဲ့ မိန်းမ လည်များကို အခွင့်အရေးပေး ရာရောက်တယ် လို့ ထင်မြင်ခဲ့ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်တော့ မလည်မဝယ်နဲ့ မယားငယ် မဖြစ်ချင်ဘဲ ဖြစ်သွားရရှာသူများ အ တွက် "မယားပြိုင်" အဖြစ် ဥပဒေအရ အကာ အကွယ်ရခဲ့တာတော့ ရှိပါတယ်။
အခုတော့ အခြေအနေက ပြောင်းပြန်ပြန် ဖြစ်သွားပြန်ပါရောလား။ မယားပြိုင် မပြောနဲ့၊ မယားငယ်တောင် မရှိစေရ ဖြစ်သွားပြန်တာ လေ။ တကယ်တော့"မယားပြိုင်" လို့ ထွင်ခဲ့ ကြ တုန်းကလည်း ဒါကိုထောက်ခံသူများက အမျိုးသမီး ငယ်ကလေးများ အခွင့်အရေးကို ကာကွယ် ဖို့ဆိုပြီး ပြောခဲ့ကြတာပါပဲ။ ဟော၊ အခု အမျိုးသမီးကြီးများ အခွင့်အရေးကို ပို ကာကွယ်ချင် စိတ်ရှိလာတဲ့ အခါကျတော့ မယားပြိုင်မရှိစေရလို့ တစ်ချက်လွှတ် ဥပဒေ ထုတ်ပစ် လိုက်ပြန် တာပါလား။ ကဲ၊ ဒီလောက် ဆိုရင်တော့ ထားပါတော့။ ဒါပေမဲ့ မယားငယ် ဆိုတာတောင် ဥပဒေအရ အသိအမှတ် မပြု တော့တဲ့ သဘော ပါလာတော့ မြန်မာ့ဓလေ့ ထုံးတမ်း ဥပဒေကြီး ကို စည်ပင်သာယာအမှိုက် ကား ထက် ပိုအချိန်မှန်တဲ့ လက်လီအမှိုက် လှည်းထဲပစ်ထည့်လိုက် သလို ဖြစ် သွားပြီပေါ့။ ဒါဆိုရင် မလည်မဝယ်နဲ့ လှည့်ဖျားခံရပြီး ရေ တိမ်နစ်သူခမျာ "မယားငယ် မဖြစ်ချင်လည်း ဖြစ်ရတော့မှာပေါ့" ဆိုတဲ့ ရွေးချယ်မှုမျိုးတောင် မရနိုင်တော့တဲ့ အဖြစ် ရောက် သွားရှာပါလိမ့် မယ်။ ဒါ့အပြင် မိန်းကလေးတွေ ကိုဖျက်ဆီးပြီး ငွေနဲ့ပေါက်ဖြေရှင်းတတ် တဲ့ ယောက်ျားမျိုးအ တွက်က"ငါ့မိန်းမ က ကွာမပေးလို့ မင်းကိုယူ လို့ မဖြစ်နိုင်လို့ပါကွာ" ဆိုပြီး ထွက်ပေါက်ရ သွားမှာကိုလည်း ထည့်မတွက်သင့်ပေဘူးလား ခင်ဗျ။
တကယ်တော့ မိန်းကလေးတွေကို လှည့် ဖျားသူ၊ အနိုင်ကျင့်သူ၊ မတရားကြံ သူတို့ကို အပြစ်ပေး ဖို့ ဥပဒေတွေက ရှိပြီးသား ဖြစ်ပါ တယ်။ တရားဝင် လက်ထပ်သူ မိန်းကလေးကို မနစ်နာ ရအောင် ဥပဒေအရ အကာအကွယ် ပေး မှုတွေကလည်း ရှေးမြန်မာ့ဓလေ့ထုံးတမ်း တွေကို အခြေပြုရေးဆွဲတဲ့ ဥပဒေတွေမှာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြပါတယ်။ ဒီအထဲမှာ "တစ်လင် တစ်မယားဖြစ်ရေး" ဆိုတာကတော့ လူသာဓုခေါ်၊ နတ်သာဓုခေါ်ကိစ္စမျိုးမို့ ကန့် ကွက်စရာ လည်းမရှိ၊ ကိုယ်တိုင်ကလည်း တစ် မယားကနေ နှစ် မယားဖြစ်အောင်လုပ်ရဲတဲ့ သတ္တိရှိသူမဟုတ်လို့ မကျေနပ်နိုင်စရာလည်း မရှိ ပါဘူးဗျာ။
ကြွားရမယ်ဆိုရင်တော့ ပြည်တွင်း မှာပင်မကဘဲ ပြည်ပမှာတောင် တစ်မယား က နေ နှစ် မယားဖြစ်ဖို့ အခွင့်အရေးမျိုး ဖန်တီး လို့ရပေမယ့် ကြံဝံ့ ခဲ့တဲ့သူ မဟုတ်ကြောင်းပါ ခင်ဗျ။ ဒါပေမဲ့လည်း ဒါက ပြစ်မှုဆိုတာထက် ကျင့်ဝတ်နဲ့ ပိုဆိုင်မယ်လို့ ထင်ပါတယ်။ ကျင့် ဝတ်များကို အခိုင်အမာ လိုက်နာ ဖို့ နိုင်ငံသား တွေကို စည်းရုံးရမှာ ပညာပေးရမှာ လှုံ့ဆော် ရမှာ ဖြစ်ပေမယ့် ဥပဒေနဲ့ ပိတ်လှောင်ပြီး ဖန် တီးမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ် နိုင် ပါတယ်။ ဥပဒေမဲ့လုပ်ရပ်တွေ ပိုများနိုင်ပါ တယ်။ ဥပမာပြော ရရင်ဗျာ။ ပြည် လမ်းမကြီး တစ်လျှောက်လုံးလိုလိုကို ဖြူနီကျားသုတ်ပြီး ]ဘယ်နေရာမှာမှ ကားမရပ်ရ}လို့ လုပ်တဲ့အ ခါမှာ ဒီဥပဒေကို လိုက်နာဖို့ ခက်ပါတယ်။ ဒါကြောင့် ဖောက်ဖျက်ပြီး ကားရပ်၊ ကားငှား၊ ကားပေါ်တက်၊ ကားပေါ်ကဆင်း စသဖြင့် လုပ်ကြတဲ့အခါ ဘယ်သူကမှလည်း အပြစ် လို့မထင်၊ ဘယ်သူ ကမှလည်း ဆင်ခြင်ဖို့ မ လုပ်၊ ဖြူနီကျားသုတ်ထားသူကိုတောင် အား နာတဲ့သူ မရှိဖြစ်တတ်တာမျိုးပေါ့။
ဘာပဲဖြစ်ဖြစ် ဒီဥပဒေအတည်ဖြစ်သွား ခဲ့ရင် မင်္ဂလာဆောင်မှာ ဘိသိက်ဆရာ က ကြိမ် လုံးကိုင်ပြီး "နင်တို့ နှစ်ယောက်စလုံး လင်မယူ၊ မယားမယူဖူး တာ သေချာတယ်နော်၊ နောင် မှပေါ်ရင် ထောင်ဆယ်နှစ်ပဲ သိလား" လို့ ကြိမ်း မောင်းမင်္ဂလာဆောင်ပေးမယ့်နေ့ကို ရွေ့ရွေ့ မကြာ ရောက်လို့လာမယ်လို့ ကြိုကာမြင် ယောင်မိပါရဲ့ခင်ဗျား။
ရီနေနိုင်
The Ladies News Journal