Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သေနတ် သမားနဲ့ သြစတြေးလျ ရဲတို့ စေ့စပ် စကား ပြောနေ

$
0
0

သြစတြေးလျ နိုင်ငံ ဆစ်ဒနီ မြို့က ကော်ဖီဆိုင်ကို သေနတ်သမား တစ်ဦးက စီးနင်းပြီး ဓားစာခံတွေကို ဖမ်းဆီး ထားဆဲ ဖြစ်တာကြောင့် လိုအပ်သလောက် အချိန်ယူပြီး ဆစ်ဒနီ မြို့လယ်ကို ဆက်လက် ပိတ်ဆို့ ထားမယ်လို့ သြစတြေးလျ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကော်ဖီဆိုင်ကို စီးနင်းထားတဲ့ သေနတ် သမားနဲ့ စေ့စပ် ညှိနှိုင်းမှုတွေကိုလည်း ဆက်လက် လုပ်ဆောင် သွားမယ်လို့ ရဲက ပြောပါတယ်။

ဒါပေမယ့် သေနတ် သမား အနေနဲ့ ဘာကို တောင်းဆိုထားလဲ၊ ဘာတွေ ပြောကြား ခဲ့ကြလဲ ဆိုတာကိုတော့ ရဲက ထုတ်ဖော် ပြောကြား ခြင်း မရှိသေးပါ။

အဲဒီ ပြန်ပေးသမား ဘယ်သူ ဘယ်ဝါ ဖြစ်တယ် ဆိုတာကိုတော့ ရဲက သိနေပြီ လို့လည်း ပြောပါတယ်။

ဆိုင်ထဲက လူ ၅ ယောက် ကတော့ ထွက်ပြေး လွတ်မြောက် လာတာကို တွေ့ ရပါတယ်။ ဒါပေမယ့် သူတို့ကို သေနတ် သမားက ပြန်လွှတ်ပေး လိုက်တာလား ဆိုတာ ကိုတော့ အတိ အကျ မသိရသေးပါဘူး။

ကော်ဖီဆိုင် မှန်ပြူတင်းကနေ အာရပ်စာနဲ့ ရေးထားတဲ့ အနက်ရောင် အလံ တစ်ခု ပြထားတာကို တွေ့ရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>