Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဓားစားခံ ၂ ဦးသေခဲ့သည့် ကော်ဖီဆိုင် စီးနင်းဝင်ရောက်မှု စစ်ဆင်ရေး စတင် စုံစမ်းစစ်ဆေး

$
0
0
ပုံစာ- ကော်ဖီဆိုင်ရှေ့တွင် လွမ်းသူ့ပန်းစည်းများနှင့် ၀မ်းနည်းကြောင်းသ၀ဏ်လွှာများ လာချနေသူတချို့၊ 

ဒဏ်ရာရရှိခဲ့သည့် ဓားစာခံတဦး၊

အသေဖမ်းဆီးရမိသည့် မိုနစ်ဆိုသူ မူဆလင်တရားဟောဆရာ။

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၆

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တခုအတွင်း သေနတ်သမားတဦးက ဓားစာခံများကို ဖမ်းဆီး ထားခြင်းအား ရဲများဝိုင်းရံ စောင့်ကြည့်ခဲ့ပြီး နောက်ဆုံးတွင် ၀င်ရောက် စီနင်းမှု စစ်ဆင်ရေးတရပ် ယနေ့ နံနက် အရုဏ်ဦးတွင် ပြုလုပ်လိုက်သည်။

ဆစ်ဒနီမြို့၏ နှလုံးသားဟု တင်စားကြသော အဆိုပါ မာတင်ပလေ့စ်ဒေသရှိ ကော်ဖီဆိုင်အတွင်းသို့ ရဲကွန်မန်ဒိုများက ၀င်ရောက် စီးနင်းတိုက်ခိုက်ရာ သေနတ်သမားအပါအ၀င် ဓားစာခံ ၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးခဲ့သည့် ဓားစာခံများအတွက် လွမ်းသူ့ပန်းစည်းများ၊ ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ လာရောက်ပေးပို့ခဲ့ကြသလို ပြည်နယ်အတွင်းရှိ အစိုးရရုံးဌာန အားလုံးတွင်လည်း နိုင်ငံတော်အလံကို တစ်ဝက်သာ လွှင့်ထူထားကြသည်။

ရဲများက အစွန်းရောက် ရာဇ၀တ်ကောင် တဦးဖြစ်သော သေနတ်သမား မန်ဟာရွန်မိုနစ်အနေဖြင့် မည်သည့်အတွက်ကြောင့် ယခုလို လုပ်ရကြောင်းကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိသည်။

တောင်းပိုင်းဝေးလ်စ်ပြည်နယ်သစ်မှ လူသတ်ရာဇ၀တ်မှုဆိုင်ရာ အထူးထောက်လှမ်းရေးတပ်ဖွဲ့က ဦးဆောင်၍ ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို ပြန်လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကာ လနှင့်ချီပြီး ကြာမြင့်နိုင်ချေရှိသည်။

ရဲတပ်ဖွဲ့၏ ၀င်ရောက်စီးနင်းမှုတွင် အသေဖမ်းဆီးရမိသည့် သေနတ်သမားမှာ အီရန်နိုင်ငံမှ စစ်ဘေးဒုက္ခသည် တစ်ဦးဖြစ်ပြီး သြစတြေးလျတွင် လာရောက်နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်သည်။

၁၆ နာရီကြာ ၀ိုင်းရံထားပြီးနောက် ရဲများက ယနေ့နံနက် အရုဏ်တက်အချိန်တွင် Lindt ကော်ဖီဆိုင်တွင်းသို့ ၀င်ရောက်စီးနင်းလိုက်ကြခြင်း ဖြစ်သည်။

သေဆုံးခဲ့သော ဓားစာခံနှစ်ဦးမှာ ကော်ဖီဆိုင် မန်နေဂျာ တိုရီဂျွန်ဆင် (၃၄ နှစ်) နှင့် ဆစ်ဒနီမြို့သား ရှေ့နေ ကတ်ထရီနာဒေါ်ဆင် (၃၈ နှစ်) တို့ ဖြစ်ကြသည်။

မျက်နှာကို တစ်တောင့်ထိုးသေနတ် ကျည်စ ထိမှန်ခဲ့သည့် ရဲတဦး အပါအ၀င် အခြား လူ ၄ ဦးတို့ ဒဏ်ရာရရှိခဲ့ကြပြီး အဆိုပါ ရဲမှာ ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီ ဖြစ်သည်။

ရှင်သန်ကျန်ရစ်ခဲ့သည့် ဓားစားခံများအနက် နှစ်ဦးမှာ ကိုယ်ဝန်ဆောင် မိခင်လောင်းများ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာမရရှိသော်လည်း ကျန်းမာရေးဆိုင်ရာ စစ်ဆေး စောင့်ရှောက်မှုများ ခံယူနိုင်ရန် ဆေးရုံသို့ ပို့ထားကြောင်း ပြည်နယ်ရဲဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ဒဏ်ရာရှိခဲ့သည့် ဓားစားခံ သုံးဦးမှာ ပုခုံး၊ ခြေထောက်တို့တွင် တစ်ထောင့်ထိုး ကျည်စထိမှန်ခဲ့ကြခြင်း ဖြစ်ပြီး အခြေအနေစိုးရိမ်စရာ မရှိကြောင်း သိရသည်။

မိုနစ်သည် အီရန်တွင် မွေးဖွားခဲ့ပြီး ၁၉၉၆ ခုနှစ်၌ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့၍ သြစတြေးလျနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကာ မူဆလင်တရားဟောဆရာ တဦးအဖြစ်လည်း လူသိများသည်။ ၀က်ဘ်ဆိုင်တခုတွင် ၎င်းက သူ့ကိုယ်သူ ရှီဟိုက်မူဆလင်အဖြစ်မှ ဆွန်နီအစ္စလာမ်အဖြစ်သို့ ကူးပြောင်းလိုက်ပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့ဖူးသည်ဟု မိုနစ်၏ ရှေ့နေဟောင်းက ပြောသည်။

၎င်းကို သြစတြေးလျ ရဲတပ်ဖွဲ့က ကောင်းစွာ သိကြပြီး ဇနီးဟောင်း အသတ်ခံရသော ဖြစ်စဉ်တွင် အလိုတူအလိုပါဟု တရားစွဲခံထားရပြီး အာမခံဖြင့် နေထိုင်နေသူလည်း ဖြစ်ကာ လိင်မှုဆိုင်ရာနှင့် အခြားကိုယ်ထိလက်ရောက် ကျူးလွန်မှုပေါင်း ၄၀ ကျော်ကိုလည်း တရားရင်ဆိုင်နေရသူ ဖြစ်သည်။

ယခုဖြစ်စဉ်ကို ကျူးလွန်ရန် မိုနစ်အား လှုံ့ဆော်ပေးသည့် အရာများနှင့် သေနတ်အား မည်သို့ရရှိခဲ့ပုံတို့ကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းသွားမည် ဖြစ်သည်။

ကျော်လင်းထွန်း
__Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

Viewing all articles
Browse latest Browse all 32865


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>