Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စည်ပင်ရွေးကောက်ပွဲက ရန်ကုန်မြို့ကို ပြောင်းလဲနိုင်မလား - စိုင်းဟန် -

$
0
0

အလုပ်ကပြန်လာသောကိုရဲဝင်း တစ်ယောက်လမ်းထိပ်တွင်ရှိသော အ မှိုက်ပုံကို ငဲ့ကြည့် လိုက်ရင်း “ထွီ...နံလိုက်တာ။ ဒီအမှိုက်ပုံဒီနေ့လည်း လာမရှင်းသေးဘူး“ ဟု ပြောလိုက်သည်။ သူကတော့ ရန်ကုန်မြို့၏ဆင်ခြေဖုံးဖြစ်သည့် ရွှေပြည်သာမြို့နယ်တွင်နေထိုင်သူဖြစ်သည်။

ကိုရဲဝင်းကဲ့သို့ပင် ရန်ကုန်မြို့နေရာ အတော်တော်များတွင် အမှိုက်ပြ ဿနာကို အဓိက ရင်ဆိုင်နေ ရပြီး ဆင်ခြေဖုံးမြို့နယ်များတွင်သာမက ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်တွင်ပါ အမှိုက်ပုံမှန် မသိမ်း သည့်ပြဿနာများ အားအမြဲတစေတွေ့ကြုံနေရသည်။

ထို့ပြင် အမှိုက်များကို နောက်ဖေးလမ်းကြားသို့ ပစ်ခြင်း၊ ရေမြောင်းအတွင်း ပစ်ခြင်းကြောင့် လည်း နောက်ဆက်တွဲ ပြဿနာများကိုပါ ရင်ဆိုင်နေရသည်။ ရေမြောင်းထဲတွင် စီးဆင်းနေ သည့်အမှိုက်များသည် နွေရာသီတွင် မသိသာသော်လည်း မိုးတွင်းကာလသို့ ရောက်လျှင်တော့ မိုးရေများနှင့် အတူစီးဆင်းသည့် အမှိုက်များမှာ ရေမြောင်းပိတ်ဆို့မှုဖြစ်ပြီး ကားလမ်းမ များ အပေါ် လျှံတက်လေသည်။

ကားလမ်းများပေါ် လျှံတက်လာသော ရေများကြောင့် ကားများသွား လာနိုင်ခြင်းမရှိဘဲ ကားလမ်း ပိတ်ဆို့ မှုများ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် ခရီးသည်များမှာ မိုးရွာမည်ကိုပင် စိုးရွံ့လာကြသည်။ ယာဉ်ကြော ကျပ်တည်းမှု ပြဿနာကတော့ မိုးရာသီတစ်ခုတည်း ဖြစ်ပေါ်နေခြင်းမဟုတ်ပါ။ ရုံးတက် ရုံးဆင်းချိန်၊ ကျောင်းကြို ပို့ချိန်၊ လူကြီးလမ်းကြောင်း ဖြတ်သန်းချိန် စသည့်အချိန်များတွင်လည်း လမ်းပိတ်ဆို့မှု ပုံမှန်ဖြစ်ပေါ်လေ့ရှိသည်။ ထို့ပြင် လမ်းပြုပြင်နေခြင်း၊ ယာဉ်မရပ်ရနေရာတွင် ရပ်ထားသော ကားများနှင့် လမ်းပေါ်သို့ တတ်ရောက်နေ သည့် ကျူးကျော်ဈေးသည့်များကြောင့် လည်း လမ်းပိတ်ဆို့မှုက ပုံမှန်ဖြစ်ပွားလေ့ရှိသည်။

ကိုရဲဝင်းက “မနက်ဆိုရင် အမှိုက်ပုံက အနံ့ဆိုးရှူပြီး အလုပ်သွားတယ်။ကားပေါ်ရောက်တော့ လည်း ကားလမ်းကျပ်တာကြောင့် အချိန်တော်တော် ကြာအောင်နေမှ ဆူးလေကိုရောက်တယ်။ အဲ့ရောက်တော့လည်း ပလက်ဖောင်း ဈေးသည်တွေကို ရှောင်တိမ်းပြီး ရုံးကိုသွားရတယ်။ အဲ့ဒီလို အဆင်မပြေတာ တွေ့နေရတော့ လုပ်ငန်းခွင်ထဲ စိတ်ရှုပ်ရှုပ်နဲ့ ရောက်သွားရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ပြည်သူများ နေ့စဉ်ဒုက္ခကြုံတွေ့နေရခြင်းမှာ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အသုံးမကျမှုဖြစ်ကြောင်း ပြည် သူများက ဝေဖန်ကြသည်။

စည်ပင်သာယာရေး ကော်မတီ၏ အားနည်းချက်များကြောင့် ၎င်းတို့ ခွင့်ပြုချက်ပေးကာ ဆောက် လုပ်ထားသည့် အဆောက်အအုံများမှာ အရည်အသွေးမမီခြင်း၊ စံချိန်စံနှုန်းမီ ဆောက်လုပ် ထားမှုမရှိခြင်း၊ တိုက် တာ ဆောက်လုပ်ရာတွင် ကားပါကင်မရှိခြင်း၊ စသည့်ကိစ္စများကြောင့် တိုက် ခန်းနေ ပြည်သူများမှာ နေ့စဉ်အခက်အခဲ ကြုံတွေ့နေရကြောင်း ယင်း တို့၏ ပြောပြချက် အရ သိရသည်။

ပုဇွန်တောင်မြို့နယ်နေ ကိုထက်အောင်က “ကျွန်တော်တို့ တိုက်ကတော့ အပြင်ကကြည့် ရင် ဆေးသုတ်ထားတဲ့အတွက် ကောင်းတယ်ထင်ရတယ်။ တကယ်တမ်း အတွင်း မှာတော့ ရေယိုကျတာတွေ၊ နောက် လေဝင်လေထွက် မကောင်းတာစတဲ့ အခက်အခဲတွေ ကြုံရတယ်။ တိုက်ဆောက်ကတည်းက ကားပါကင် သေချာမသတ်မှတ်ထားတော့ တိုက်ရှေ့ မှာပဲ ကားတွေ ထိုးထားကြရတယ်။ လမ်းကကျဉ်းတော့ လမ်းထဲကား ဝင်လာရင် ဘယ်လိုရှောင် ရမှန်း မသိ ဖြစ်ရတယ်” ဟု ပြောသည်။

အထက်ပါ ပြဿနာများကတော့ ရန်ကုန်မြို့နေပြည်သူတိုင်း ကြုံတွေ့နေရသော ပြဿနာများဖြစ်သည်။ ထိုပြဿနာများကို ရန်ကုန်မြို့တော် စည်ပင်ကလည်း နည်းလမ်း အမျိုးမျိုး ဖြင့် ဖြေရှင်းပေးလေ့ ရှိပါသည်။ သို့ ရာတွင်တော့ ရန်ကုန်မှာ ကားပိတ်မှု၊ အမှိုက်နှင့် အခြားပြဿနားမှာ တစ်နေ့တခြား ပိုမို ဆိုးရွားလာသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုအခါတွင်တော့ စည်ပင်ကိုယ် စားလှယ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ် သွား မည်ဖြစ်သည်။ နှစ်ပေါင်း ငါးဆယ်ကျော် မကျင်းပဘဲ ယခုနှစ်မှ ပြန်လည် ကျင်းပခြင်း လည်း ဖြစ်သည်။ သို့ရာတွင် ထိုရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူများ၏ စိတ်ဝင်စားမှု ကတော့ အားရစရာ မကောင်းလှပေ။

ကမာရွတ်မြို့နယ်နေ ဦးသန်းဝင်းက “မဲပုံးထောင်ပြီး ပြည်သူ့ကိုယ် စားလှယ် ရွေးချယ်ပွဲပြုလုပ် မယ်လို့ သတင်းစာတွေမှာဖတ်ရတယ်။ ကိုယ် စားလှယ်တွေ တချို့က ဝင်ရောက်ယှဉ်ပြိုင် မယ့် အကြောင်း သတင်း စာရှင်းလင်းပွဲ လုပ်တာတွေ ဖတ်ရတယ်။ ဒါပေမဲ့ ကျန်တဲ့အရွေးချယ်ခံမယ့် သူတွေက ဘယ်သူလည်း ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာ မသိဘူး။ အဲ့တော့ ကိုယ်တွေမသိရတဲ့ သူ ကို ရွေးချယ်ရမလိုဖြစ်နေတယ်” ဟုပြောသည်။

ဦးသန်းဝင်းကဲ့သို့ပင် ကိုယ်စားလှယ်ရွေးချယ်သည့် ကိစ္စအပေါ် သိ ရှိသူနည်းပါးပြီး လှုပ်ရှားဆောင်ရွက်နေသည့် သူများမှာ ခရိုင်အဆင့် ကိုယ် စားလှယ် ရွေးချယ်ခံမည့် ကိုယ်စားလှယ် များဖြစ်ပြီး ကျန်အဆင့်များအ တွက် မည်သူကို ရွေးချယ်မည် အကြောင်း မသိရှိ ရသေးကြောင်း ပြော သည်။ယင်းက ]ပြီးခဲ့တဲ့ရက်က ခရိုင် အဆင့်ရွေးချယ်ခံမယ့် ကိုယ်စားလှယ် လောင်း တစ်ဦးတော့ ဈေးနားမှာ လာပြီး မဲအရွေးချယ်ခံရမယ့် အကြောင်း စည်းရုံးရေးလာဆင်းတယ်။ လက်ကမ်းစာစောင်ဝေတာတော့ တွေ့ရတယ်။ ကိုယ်စားလှယ်ကို ဘယ်လောက်အထိ ကိုယ်စားပြုမလဲဆိုတာ ကိုယ်လည်းမပြော နိုင်ဘူးလေ။ လွှတ်တော် အမတ် ရွေးတုန်းကလိုမျိုးပေါ့။ သူလွှတ်တော်ထဲရောက်မှကိုယ်တွေရွေးလိုက်တဲ့ သူဆိုတာ သိရတယ် ဟု ပြောသည်။

စည်ပင်ကော်မတီဝင် အဆင့်ဆင့်တွင် ပြည်သူကိုယ်စားပြု ရွေးချယ်ခံရမည့် ကိုယ်စားလှယ်များ အား မြို့တော်ကော်မတီဝင်လေးဦး၊ ခရိုင် လေးခုမှ ကိုယ်စားလှယ် သုံးဦးစီ၊ မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ မြို့နယ် တစ်ခုလျှင် ကိုယ်စားလှယ် သုံးဦးစီ ဖြင့် စုစုပေါင်း ၁၁၉ ဦး ရွေးချယ် မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ရွေးကောက်ပွဲ ကျင်းပ မည့်နေ့မှာ နီးကပ်လာသော်လည်း ကိုယ်စားလှယ် အများစုမှာ မဲဆွယ် စည်းရုံးရေးလုပ်ဆောင်မှု မရှိခြင်းနှင့် ရွေးကောက်ခံမည့် ကိုယ်စားလှယ် လောင်း ၂၆၀ ကျော်ခန့်အား ပြည်သူ များအနေဖြင့် သိရှိမှုမရှိခြင်းအတွက် မဲပေးရာတွင် အခက်အခဲ တစ်ခုဖြစ် နိုင်ကြောင်းအဆိုပါရွေးကောက်ပွဲလေ့ လာစောင့်ကြည်သူများကပြောသည်။

ရွေးကောက်ပွဲ လေ့လာစောင့် ကြည်သူတစ်ဦးဖြစ်သည့် ဦးကျော်လင်းဦးက “နိုင်ငံတကာ မှာ မြူနီစပယ် ရွေးကောက်ပွဲတွေလုပ်ရင် အရွေးခံမယ့် ကိုယ်စားလှယ်တွေက အခုချိန်ဆိုရင် မဲဆွယ်စည်းရုံးမှုတွေ လုပ်နေကြပြီဖြစ်တယ်။ ဘေဘုတ်တွေထောင်တယ်။ ဘယ်သူက ဘယ် မြို့နယ်မှာ ရွေးမယ်ဆိုတာမျိုး ဖြစ်တယ်။ ထိုင်းနိုင်ငံမှာဆိုရင် ကိုယ်စား လှယ်တွေက ကားတွေနဲ့ လှည့်တယ်။ ကားဘေးမှာ သူတို့ပုံနဲ့ ကြွေးကြော် သံတွေ ချိတ်တာမျိုး လုပ်လေ့ရှိတယ်။ အခု ဒီမှာက သုံးပတ်လောက်လိုတော့တဲ့အချိန်မှာ မဲဆွယ်စည်းရုံးမှုတွေမရှိဘူး။ မဲဆန္ဒရှင်တော်တော် များများက ဘယ်သူ့ကို ရွေးရမှန်းမသိဘူး ဖြစ်နေတယ် “ ဟု သုံးသပ်သည်။

ယင်းတို့ကဲ့သို့ စောင့်ကြည့်လေ့လာသူများကိုယ်တိုင် ကိုယ်စားလှယ်အချို့ကို သာသိရှိရပြီး ကျန် ကိုယ်စားလှယ်လောင်းများ မည်သူဖြစ်သည်ကို မသိရှိရသည့်အတွက် မဲထည့်မည့် အိမ်ထောင်ရှင် ဦးစီးများအနေ ဖြင့် ရွေးချယ်ရခက်မည်ဖြစ်ပြီး သိရှိခဲ့ပါကလည်း ရွေးချယ်ခံမည့် ကိုယ် စားလှယ်များက မည်သည့်အကျိုး ရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်းကို မဲဆန္ဒရှင်များ ကိုယ်တိုင် မသိရှိနိုင်သေးသည့်အတွက် ယခုပြုလုပ်မည့် ရွေးကောက်ပွဲသည် စနစ်တကျ မရှိကြောင်း ယင်းကဝေဖန်ပြောဆိုသည်။

ယင်းအပြင် ယခုကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များ သက်တမ်းမှာ အချိန် အားဖြင့် တစ်နှစ်သုံးလသာရှိသည့်အတွက် ကိုယ်စားလှယ်များ လုပ်ဆောင်နိုင်မည့် အချိန်မှာ နည်းသဖြင့် လုပ်ဆောင် နိုင်မည့် အချိန်တိုတောင်းပြီး လုပ်ဆောင်ရန် မရှိနိုင်ကြောင်း အစမ်းသပ် ခံပုံစံဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲ လေ့လာသုံး သပ်သူများ က ဝေဖန်ပြောဆိုခြင်းများရှိသည်။

ပြည်သူ့ ကိုယ်စားလှယ်လောင်းများအဖြစ် အရွေးချယ်ခံရပါက ကိုယ် စားလှယ်လောင်းများ အနေဖြင့် ပထမ ဆုံး ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စများ မှာ ကားကျပ်သည့် ပြဿနာ၊ အမှိုက် မသိမ်းသည့် ပြဿနာနှင့် ရေကြီးရေ လျှံသည့် ပြဿနာများဖြစ်ပြီး ယင်း နောက်မှ အခြားကိစ္စ များ ဖြေရှင်းရ မည့် ဖြစ်သော်လည်း ကိုယ်စားလှယ်ရွေးချယ်သည့် သက်တမ်းကာလမှာ တိုတောင်းသည့် အတွက် ရသည့်အ ချိန်တွင် ရသလိုလုပ်နိုင်ရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုခြင်းများရှိသည်။

အနောက်ပိုင်းခရိုင် ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံမည့် ဦးဝင်းချို က “တစ်နှစ်ဆိုတဲ့ အချိန် ကာလက တိုတောင်းတယ်။ ဒါပေမဲ့ တစ်လနဲ့စာရင်တော့ ပိုအချိန်ရတယ်။ အဲ့ဒီရတဲ့ အချိန်လေး မှာ ပြည်သူတွေ အတွက် အကောင်းဆုံးလုပ်ဖို့ ရည် ရွယ်ထားတယ်။ လုပ်ပိုင်ခွင့် မရှိချိန်မှာ အကောင်းဆုံး လုပ်နိုင်ခဲ့တာတွေ အတွက် လုပ်ပိုင်ခွင့်ရမယ်ဆိုရင် ပိုလုပ်နိုင်မှာဖြစ်တယ်” ဟု ပြော သည်။

ပြည်သူကိုယ်စားလှယ်များအနေဖြင့် ယခု မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အခက်အခဲ ရင်ဆိုင်ရ ခြင်းမှာ ပြည်သူများက ရွေးကောက်ပွဲကျင်းပမည့် အကြောင်းကို မသိရှိ ခြင်း၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီကို ပြည်သူများက အမြင် မကြည်လင်ခြင်းကြောင့် ကိုယ် စားလှယ်လောင်းများ အနေဖြင့် အဆိုပါအမြင်များ ကိုပါ ပြောင်းပစ်နိုင် ရန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်း များ လုပ်ကိုင်နိုင်ရန်အတွက် အခက် အခဲဖြစ်နိုင်ကြောင်း ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။

မြောက်ပိုင်းခရိုင် ကိုယ်စားပြု ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးက “ အခက်အခဲက သိရှိနား လည်မှု အားနည်းတယ်။ စည်းရုံးရေးဆင်းရင်း လမ်းဘေးဈေးသည်တွေကို ဒီအကြောင်းပြောတယ်။ မသိဘူး ပြန်ဖြေကြတယ်။ သိအောင် ပြောရတာကလည်း စိန်ခေါ်မှု တစ်ခု ဖြစ်တယ်။ စည်ပင်သာယာရေး ကော်မတီကလည်း ပြည်သူလူထုအမြင်မှာ ပုံရိပ်ကောင်း ခဲ့တာ မဟုတ်ဘူး။ အဲ့ဒါတွေ ပြည်သူလူထုကို ကိုယ်စား ပြုတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကြိုး စားရမှာဖြစ်တယ်။ အန်တီတို့က ဒီ လိုမဖြစ်ဘူးဆိုရင် ပြည်သူလူထု အမြင်မှာ ပိုပြီး စိုးရိမ် ဖွယ် ဖြစ်လာနိုင်တယ်။ ကြည့်ပါလား ပြည်သူရွေးထားတာတောင် ဒီလိုလုပ်တယ်လို့ ပြော လာနိုင်တဲ့အတွက် ရွေးချယ်တဲ့နေရာ မှာ ပိုပြီးတော့ အရေးကြီးပါတယ်။" ဟု ပြောသည်။

ရွေးချယ်ခံရသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် လက်ရှိရင် ဆိုင်ရ သည့် ပြဿနာများ ပြည်သူ ကိုယ်စားပြု ဝင်ရောက် အရွေးချယ်ခံ ကြမည်ဖြစ်သဖြင့် ကိုယ်ကျိုး စီးပွား ရလိုသည့် ရည်ရွယ်ချက်ဖြင့် ဝင်ရောက် အရွေးချယ်ခံပါက ပြည်သူများအ တွက် အကျိုး မရှိသည့်အပြင် ပြုပြင် ပြောင်းလဲနိုင်မှု အခြေအနေမဖြစ် ပေါ်လာနိုင်ကာ မူလအတိုင်း ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း ပြည်သူများက စိုးရိမ်ကြသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုထားသည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲဆိုင်ရာဥပဒေ၌ မြို့တော်ကော်မတီတွင် ပါဝင်မည့် ကော်မတီဝင်၏ ၆၀ ရာခိုင်နှုန်းခန့်သည် သမ္မတက တိုက်ရိုက်ခန့်ထားသူ ကိုယ်စားလှယ် ၅ ဦး (၆၀ရာခိုင်နှုန်း) ဖြစ်ပြီး အဆိုပါ ၅ ဦးထဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ပြန်လည် ရွေးချယ် ကြရမည်ဖြစ်ကာ ပြည်သူရွေးချယ်ခံ ကိုယ်စားလှယ်များမှာ သာမန်ကော်မတီဝင် ဖြစ်နေမည်ဖြစ် သဖြင့် နောက်ရွေးကော်ပွဲများတွင် ပြည်သူကိုယ်တိုင် ရွေးချယ်သည့် မြို့ တော်ဝန်နှင့် ကော်မတီဖြစ်ရေး အတွက် ဥပဒေကို ပြင်ဆင်ရန်လိုအပ်ကြောင်း စောင့်ကြည့်လေ့လာသူများ က ဝေဖန်ထားသည်။

ဦးကျော်လင်းဦးက “လာမယ့် ၂၀၁၅ အပြီးမှာ လုပ်မယ့် စည်ပင်သာ ယာ ကော်မတီကို လုပ်မယ် ဆိုရင် တော့ ၉ ဦးစလုံးကို မြို့တော်မှာနေတဲ့ ပြည်သူတွေကိုယ်တိုင် ရွေးကောက်တဲ့ သူတွေဖြစ်စေ ချင်တယ်။ မြို့တော်ဝန်ဟာ မြို့တော်မှာနေတဲ့ ပြည် သူတွေ က ရွေးကောက် တင်မြှောက်တဲ့ မြို့တော်ဝန် ဖြစ်စေချင်တယ်။ နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ ရွေး တာဖြစ် တယ်“ ဟု ပြောသည်။

ရွေးကောက်ခံ ကိုယ်စားလှယ်များအဖြစ် လျှောက်ထားသူများမှာ ၂၆၀ ဦးကျော် ခန့်ရှိ ကြောင်း ဝင်ရောက်ရွေးချယ်ခံအဖြစ် အရွေးချယ်ခံလိုသူ အနေဖြင့် လက်ရှိနေထိုင်သည့် မြို့နယ်တွင် အနည်းဆုံး ၁၀ နှစ်ခန့် နေထိုင်သူဖြစ်ရမည် ဖြစ်ပြီး နေထိုင်သည့်ကာလ မပြည့်မီသူ ကိုယ်စား လှယ် ၆ ဦးခန့် အ ပယ်ခံထားရကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့် သူများ၏ ပြောပြ ချက်အရသိရသည်။

မည်သို့ပင်ဆိုစေကာမူ စည်ပင်သာယာရေး ကော်မတီဝင်အဆင့်ဆင့် ကိုယ်စားလှယ် ရွေးကောက်ပွဲအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပမည်ဖြစ်သဖြင့် စမ်းသပ်ခံ အခြေအနေတစ်ခုဟု ယူဆကြသော်လည်း ကိုယ်စားလှယ်လောင်း အချို့မှာ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်သည့် အနေဖြင့် ကားများတွင် ဗီနိုင်းကပ်ကာ ဈေးများ၊ လူစည်ကား ရာ နေရာများတွင် မဲဆွယ်စည်းရုံးမှု ပြုလုပ်နေခြင်းများ၊ စီမံကိန်းအကောင် အထည် ဖော်ရေး အတွက် တောင်းဆိုပေးမည့် အကြောင်း ကတိပေး လုပ်ဆောင်စည်းရုံးခြင်း များ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်သူ့ကိုယ်စားပြု ကိုယ်စားလှယ်ရွေးချယ်ခံမည့် ကိုယ် စားလှယ်များအပေါ် မသိ ရှိသူများ ရှိသကဲ့သို့သိရှိသူများကလည်း ယင်း တို့ ပေးထားသည့် ကတိကို တည်မတည် စောင့်မျှော် အားကိုးရင်းနေ ကြပြီး မဲထည့် ရွေးချယ်ပြီးပါက မည်ကဲ့သို့ ရလဒ် ထွက်ပေါ်လာမည်ကို စောင့်ကြည်ရမည်ဖြစ်ကြောင်း မဲဆန္ဒ ရှင် ပြည်သူများကဆိုသည်။

ရွှေပြည်သာမြို့နယ်နေ ကိုရဲဝင်းကတော့ “အခုတက်လာမယ့်သူတွေက အရင်လူတွေလိုပဲ ကိုယ်ကျိုး စီးပွားကြည့်မယ်။ နောက်နည်းလမ်း မကျတာတွေကို ပြောရဲဆိုရဲ မရှိဘူးဆိုရင် ကျွန်တော်တို့ မျှော်လင့်သလို မဖြစ်လာနိုင်ပါဘူး။ ဆီဒယ်အိုးလိုပဲ ဆီဒယ်အိုးအသစ်က ဆီများများစားတယ်။ ဆီဒယ်အိုးဟောင်းက ဆီဝနေတဲ့အတွက် နည်းနည်းပဲစားမယ်ဆိုပြီး အရင်လူဟောင်းကိုပဲ ပြန်ရွေးရမလို အခြေအနေ ဖြစ်မှာစိုးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကျိုး စီးပွားမပါဘဲ ပြည်သူကို တကယ်ကိုယ်စားပြုမယ့် ကိုယ်စားလှယ်တွေဖြစ်ဖို့ လိုတယ်“ ဟု ယင်းအမြင်ကို ပြောပြသည်။

The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...