Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ(ငြိမ်း)၏ ကျန်းမာရေး အခြေအနေကို ကိုယ်တိုင်တွေ့ဆုံခဲ့သူ သမ္မတရုံးအကြံပေး ဦးအံ့မောင် ထုတ်ဖော်ပြော

$
0
0

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ ကွယ်လွန်သည် ဟူ၍လည်းကောင်း၊ ကိုယ်တစ်ခြမ်း လေဖြတ်သွားသည် ဟုလည်းကောင်း အွန်လိုင်း လူမှုကွန်ရက်ဖြစ်သည့် ဖေ့စ်ဘုတ်ပေါ်တွင် သတင်းများ ပျံ့နှံ့လျက်ရှိရာ မဟုတ်မမှန်ကြောင်း၊ ဦးသန်းရွှေမှာ ကျန်းမာရေး ကောင်းမွန်ကြောင်း နှင့် ဘုရား၊ တရား အလုပ်လုပ်လျက် ရှိကြောင်း ၎င်းနှင့် တွေ့ ဆုံခွင့်ရခဲ့သူ သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်က ဒီဇင်ဘာ ၁၆ရက်တွင် မြန်မာ သံတော်ဆင့် သို့ ပြောသည်။

ဦးအံ့မောင်မှာ လွန်ခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ကောလာဟလများ ထွက်ပေါ်လာသည့်အတွက် မေးမြန်းရာတွင် အောက်ပါ အတိုင်း ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

““အဲဒါကျတော့ တစ်ခုရှိတယ်ဗျ။ ကျွန်တော်က ပြန်လာတာ ၁၀ ရက်လောက် ရှိသွားပြီ။ လုံးဝ မဟုတ်နိုင် ပါဘူးဗျာ။ ကျွန်တော် ကိုယ်တိုင် လွန်ခဲ့တဲ့ ၉၊ ၁၀ရက်က တွေ့ခဲ့တာပဲ။ ကျန်းကျန်းမာမာပါ။ ကျန်းမာရေးက ကောင်းပါတယ်။ စကားပြောတာ အေးအေးဆေးဆေးပဲ။ ကျွန်တော်တို့ ပြောတာတွေကတော့ များသော အားဖြင့် တရားစကားတွေ ပြောကြတာပဲပေါ့။ သဗ္ဗေသတ္တာကမ္မသကာပေါ့။ ကျန်းကျန်းမာမာ ဂါထာတွေ ရွတ်တယ်။ ပရိတ်တွေ ပဋ္ဌာန်းတွေပေါ့။ ဂုဏ်တော်တွေ တစ်ပတ်ကို တစ်ထောင်၊ နှစ်ထောင်ပေါ့ဗျာ”” ဟု ဦးအံ့မောင် က မြန်မာသံတော်ဆင့်သို့ ပြောသည်။ ဦးသန်းရွှေ၏ ကျန်းမာရေးနှင့် ပတ်သက်သော သတင်းများ၊ ၎င်းနှင့် ဆက်စပ်သည့် သရုပ်ဖော် ကာတွန်းများမှာ အွန်လိုင်းလူမှုကွန်ရက် ဖေ့စ်ဘုတ်နှင့် ၀က်ဘ်ဆိုက်များ ပေါ်၌ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လူစိတ်ဝင်စားမှု အများဆုံးသတင်း ဖြစ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေသည် လက်ရှိအချိန်အထိ တပ်မတော်နှင့် စစ်ဗိုလ်ချုပ်ဟောင်းများ အပေါ် သြဇာ လွှမ်းမိုးထားနိုင်ဆဲ ဟူသော ထင်မြင်ယူဆချက်များ ရှိနေသဖြင့် ၎င်းကွယ်လွန်ခြင်းသတင်း ဟုတ်မှန်မှုရှိ၊ မရှိမှာ ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်နေခြင်း ဖြစ်သည်။

ထို့ပြင် စက်တင်ဘာလ အတွင်းကလည်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ကွယ်လွန်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးရာ မဟုတ်မမှန်ကြောင်း ၎င်း၏ မိသားစုဝင်များက မြန်မာသံတော်ဆင့်သို့ ဖြေကြားခဲ့ဖူးသည်။

အသက် ၈၂ နှစ် အရွယ် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေမှာ လက်ရှိတွင် နေပြည်တော်ရှိ နေအိမ်၌ နေထိုင် လျက်ရှိပြီး တစ်ရက်လျှင် ၃ နာရီသာ အိပ်စက်လေ့ ရှိသည်ဟုလည်း ကိုယ်တိုင်သွားရောက် တွေ့ဆုံခွင့်ရခဲ့သူ ဦးအံ့မောင်က ယခုကဲ့သို့ ပြောပြသည်။

““တစ်နေ့ကို အိပ်ရင် ၃ နာရီ လောက်ပဲ အိပ်တယ်။ မအိပ်ပါဘူး။ ပုံမှန်ပဲ။ နိုးရင် ပုတီးစိပ်၊ လမ်းလျှောက်၊ လမ်းလျှောက်ရင်းနဲ့ ရွတ်ဖတ်ပေါ့ဗျာ။ လန်းလန်းဆန်းဆန်း သွက်သွက်လက်လက် ဖျတ်ဖျတ်လတ် လတ် ပေါ့ ဗျာ။ နိုင်ငံရေးကတော့ မပြောပါဘူးဗျာ။ ကျွန်တော်သိတာကတော့ ကောလာဟလတွေက ယုတ္တိမရှိပါဘူး။ အင်အား ပြည့်ပြည့်ဖြိုးဖြိုးနဲ့ အကောင်းပကတိပါပဲ””ဟု ဦးအံ့မောင်က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေမှာ သိုသိပ်လွန်းသူ တစ်ဦးဖြစ်ပြီး ဒုဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးမောင်အေးမှာ ရိုးသား ဖြောင့်မတ်သူတစ်ဦးဖြစ်သည်ဟူ၍ စစ်အစိုးရလက်ထက်အတွင်း ဗိုလ်မှူးချုပ်အဆင့်ဖြင့် တာဝန် ထမ်းဆောင်ခဲ့ကာ န၀တနှင့် နယကအဖွဲ့ဝင်တာဝန်များ ယူခဲ့ဖူးသူ မဟာသရေစည်သူ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) တစ်ဦးက မြန်မာသံတော်ဆင့်သို့ ဖြေကြားခဲ့ဖူးသည်။

““ဗိုလ်ချုပ်ကြီး မောင်အေးက ရိုးသားတယ်ကွ။ ဖြောင့်တယ်။ ဖြူစင်တယ်။ သူက ပြောစရာရှိ ပြောပစ်လိုက် တာ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သိပ်ပြီးတော့ သိုသိပ်တယ်။ သူ့ဆီမှာဖြစ်တဲ့ဥစ္စာကို သူများတွေကို မပြဘူး သူက။ သူဘာဖြစ်နေတယ် ဆိုတာကို လေ့လာလို့မရဘူး။ ဗိုလ်ချုပ်ကြီး မောင်အေးက လျှို့ဝှက်ကိစ္စပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို သူကပြောချင်တယ်”” ဟု အဆိုပါ မဟာသရေစည်သူ ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောဆိုဖူးသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>