၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ၂၆ နှစ်ရှိခဲ့ပါပြီ။ ဒီကနေ့ အထိတော့ (၁)ဒီချုပ်ဥက္ကဋ္ဌ နိုဘယ် လ် ဆုရှင်ဖြစ်ခဲ့တာမှလွဲပြီး တခြားထူးခြားတဲ့ ဘယ်လိုနိုင်ငံရေး ဖြစ်ထွန်းတိုးတက်မှုမျိုးမှ မခံစားကြရသေးပါဘူး။ ပြည် တွင်းစစ် ချုပ်ငြိမ်းရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း ရေးတွေလည်း မအောင်မြင်သေးပါဘူး။ မြန်မာအလုပ် သမား၊ လယ်သမား ဆင်းရဲသားလူထုကြီးဟာ ဆင်းရဲတွင်းမှ တစ်လက်မတောင် မတက်နိုင်ကြသေးပါဘူး။ ဒီ ချုပ်ဥက္ကဋ္ဌရဲ့ Pesornal Role အပေါ် ယုံကြည်မှုဟာ တဖြည်းဖြည်း သွေးအေးလာနေခဲ့ပါပြီ။ ကြံ့ဖွံ့စစ်အုပ်စုက ဒီချုပ်ဥက္ကဋ္ဌနဲ့ ပတ်သက်ပြီး ပေးထား၊ ဖြေလျှော့ထားတဲ့ အခြေအနေများဟာ စစ်အုပ်စုက သူတို့ အကျိုးရှိ သ လောက် Pass ပေးထားတာမျိုးပါ။ ငါးမျှားကြိုးမှာတပ်ထားတဲ့ ငါးမျှားချိတ်က ငါးစာကို လာတွတ်တဲ့ငါးကို သေ ချာပေါက်ရဖို့ ငါးမျှားကြိုးကို လျှော့ပေးတဲ့ သဘောမျိုးပါပဲ။
ဘာလှုပ်ရှားမှုမှလုပ်မရတဲ့ ဒီချုပ်ဥက္ကဋ္ဌကို လွှတ် တော်ထဲ ထည့်ထားတာဟာ ကြံ့ဖွံ့စစ်အုပ်စုက ပြထားတဲ့ ဒီမိုကရေစီ အလှကွက်ကလေး တစ်ကွက်ပါပဲ။ ဘာ ကြောင့်လဲဆိုတော့ လစ်ဘရယ် ဒီမိုကရေစီစနစ်မှာ ဖွဲ့စည်းပုံတို့၊ လွှတ်တော် တို့၊ ပါတီစုံစနစ်တို့၊ အစိုးရအဖွဲ့ တို့၊ ရွေးကောက်ပွဲ တို့ဆိုတာတွေဟာ နိုင်ငံတော် အာဏာကို ထင်ဟပ်ထားတဲ့ State Apparatus တွေ ချည်း ပါပဲ။ ဗမာပြည်လိုစစ် အာဏာရှင်စနစ်အထိုင်ကျနေတဲ့ နိုင်ငံမျိုးမှာ ဒီ State Apparatus တွေရဲ့ တကယ့် အနှစ် သာရကို မမြင်မသိဘဲ ပုံသဏ္ဌာန်ပေါ်မှာ တဏှာဖြစ်နေရင်၊ မိန်းမချောချော တဲ့ ယောက်ျားလျာကို တကယ့် မိန်းမချောအဖြစ် ယုံမှတ်နေရင် ဒါဟာ (Illusion) အမြင်မှောက်မှားတာမှ တစ်ပါး တခြားဘာ မှမဖြစ်နိုင်ပါဘူး။
တစ်ခုသတိပြုရမှာကတော့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ဒီလူ့အဖွဲ့အစည်းဝင်တွေကို မြန်မာ့ဆိုရှယ်လစ်စနစ် အတု၊ တွေ့ဆုံဆွေးနွေးပွဲ အတု၊ ဖွဲ့စည်းပုံ အတု၊ ရွေးကောက်ပွဲ အတု၊ အစိုးရအဖွဲ့ အတု၊ လွှတ်တော် အတု၊ ပါတီစုံစနစ် အတု၊ အတိုက်အခံပါတီ အတု၊ ခေါင်းဆောင် အတု၊ ဒိုင်ယာလော့ခ်ျ အတုစတဲ့ အတုပေါင်းစုံနဲ့ ရင်ဆိုင် ဖြတ်သန်းနေရတဲ့ ဒုက္ခဟာ မပြောပလောက်တဲ့ အတုတွေမဟုတ်ဘဲ နိုင်ငံရေးဈေးကွက်အတုကြီး အားကောင်း မောင်း သန်သောင်းကျန်းနေတာကို မိမိကိုယ်ကိုယ် တာဝန်ရှိတယ်လို့ ယုံမှတ်သူတိုင်းဟာ ဒီ နိုင်ငံရေးဈေး ကွက်က ထွက်မှာလား။ အတွင်းက ၀င်တိုက်မယ်လို့များ ပြောမှာလား။ တချို့လည်း လွှတ်တော် အတုကြီးထဲ ရောက်နေကြပါပြီ။
၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်ကြီးအတွင်းက ပြင်မယ်လို့လည်း ပြောနေကြပါ တယ်။ ၁၉၂၃ ဒိုင်အာ ခီအုပ်ချုပ်ရေးကို အတွင်းက ၀င်တိုက်မယ်လို့ ကြွေးကြော်ပြီး ၂၁ဦး ဂိုဏ်းသားတွေ ဒိုင် အာခီ အုပ်ချုပ်ရေးအတွင်း ၀င်ရောက်သွားခဲ့ကြပါတယ်။ အကျိုးဆက်က ဂျီစီဘီအေအဖွဲ့ချုပ်ကြီးနဲ့ သံဃာ့ သမဂ္ဂအဖွဲ့ချုပ်ကြီး ၄ဂိုဏ်း ကွဲသွားခဲ့ဖူးပါတယ်။ နောက်ဆုံးစစ်ကြီးပြီးတော့ ၁၉၄၆၊ အောက်တို ဘာလထဲမှာ ဘုရင်ခံအတိုင်ပင် ကောင်စီ ထဲဝင်မလား၊ မ၀င်ဘူးလား သဘောထားကွဲ ကြပြီး ဗကပနဲ့ ဖဆပလအဖွဲ့ချုပ်ဂိုဏ်း ကွဲ သွားခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်ကစပြီး ပေါ် လာတဲ့ နိုင်ငံရေးအငြင်းအခုံက လွတ်လပ် ရေးရဖို့ (၁) ခေတ်ပြိုင် အာဏာ၊ ဘုရင်ခံ အတိုင်ပင်ခံ ကောင်စီနဲ့ ပေါင်းမှာလား၊ (၂) လူထုတိုက်ပွဲနဲ့သွားမှာလား၊ Pressure and Copromise ဆိုတာဟာ စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲကနေ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး တိုက်ပွဲ အဆုံး တစ်သက်လုံး ကြုံကြရတဲ့ Line Struggle ပါပဲ။
သတိပြုစရာကောင်းတာက စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲကစပြီး ဒီကနေ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး တိုက်ပွဲအထိ လစ်ဘရယ် ဓနရှင်လူတန်းစား ဆိုသူ များဟာ စစ်ဗျူရိုကရက် အရင်းရှင် လူတန်းစားများနဲ့ Showdown လုပ်ချင်ဟန်မတူပါဘူး။ အကြောင်းပြချက်က တိုင်းပြည်နဲ့လူထုနစ်နာမှာ စိုးလို့ပါတဲ့။ တကယ်က လူထုကြီးနဲ့ တိုင်းပြည်က ၁၉၄၈၊ ဇန်န၀ါရီ ၂၈ရက် နေ့ကတည်းက ဒုက္ခရောက် ခဲ့ကြရတာပါ။ သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး။ ၁၉၈၈ ခုနှစ်ကတည်းက လူထုရော တိုင်းပြည်ပါ စီးပွားရေးအရ လုယက်သွေးစုတ် ခံကြရပြီး နိုင်ငံရေးအရ စစ်အာဏာရှင်စနစ် ဖိနှိပ်မှုအောက်မှာ အသက်တောင်ဝအောင် ရှူခွင့်ရကြတာ မဟုတ်ပါ ဘူး။ ဒီကနေ့ ပြည်တွင်းစစ် မချုပ် ငြိမ်းသေးပါ။
စစ်အာဏ ရှင်စနစ်ဟာလည်း တကယ်က ဘာမှမဖြစ်သေးပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင် ဆင်ရေး အတွက်လည်း မသေချာသေးဘူး။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲဖို့ နံကြားထောက်နေကြဆဲပါ။ တောနဲ့မြို့နေ ဆင်းရဲ သားလူထု ၃၃ သန်းရဲ့ ဆင်းရဲမွဲတေမှု ချောက်ကမ်းပါးဟာ ကျယ်လည်းကျယ်ပြီး နက်လည်း နက်နေ ဆဲပါပဲ။ တပ်မှူးစစ်ကဲ မိသားစုကြီး ၄၀၊ ၅၀ ကတော့ ဆက်ပြီး ချမ်းသာကြွယ်ဝ နေကြဆဲပါ။ အစိုးရအဖွဲ့က လည်း မစားရ၀ခမန်းေ တွ ပြောနေကြဆဲပါပဲ။ ရန်ကုန်ဆင်းရဲသား လူထုရဲ့အသံက ““ဘတ်စ်ကားတောင် ချောင်ချောင် မစီးရသေးပါဘူး”” တဲ့။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald