Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

စစ်တပ်က အာဏာသိမ်းမည်ဆိုသည့် ရွေးကော် ဥက္ကဋ္ဌ၏ ပြောစကားမှာ လူအများ ဆင်ခြင်နိုင်ရန် ပြောဆိုခြင်းဟု ဆို

$
0
0
လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်း ရန် ပါဝင် ခဲ့ခြင်းဖြစ်သော်လည်း တိုင်း ပြည်မတည်ငြိမ်၊ မအေးချမ်းပါက စစ် တပ်က အာဏာသိမ်းရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင် အေးပြောစကားမှာ ပညာရှိနည်းဖြင့် လူအများ ဆင်ခြင်နိုင် ရန်ပြောဆိုခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်က အမျိုးသား လွှတ်တော်အမတ် ဦးဖုန်း မြင့်အောင်က The Ladies သို့ပြော သည်။

ရန်ကုန်မြို့၊ မီကာဆာဟိုတယ် ၌ ဒီဇင်ဘာ ၁၆ ရက်ကပြုလုပ် သည့် ပြည်ထောင် စုရွေးကောက်ပွဲကော်မ ရှင်နှင့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ တွေ့ဆုံပွဲ ၌ဦးတင်အေးက ထိုသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

အခုလိုမျိုး လွှတ်တော်ထဲမှာ စစ် တပ်က ၂၅ ရာခိုင်နှုန်းပါကြတော့ သူတို့မကြိုက်တာတွေ လွှတ်တော်ထဲ ပြချင်တာကိုး။ လွှတ်တော်ကိုယ်စား လှယ်တွေလည်း ကြိုက်ရာပြင်လို့ရ တယ်။ ဒါပေမဲ့ တပ်က မကြိုက်ရင် အာဏာသိမ်းမှာပဲ။ မြန်မာပြည်မှာ ထိုင်းလိုမျိုး စစ်တပ်က အာဏာသိမ်း သလိုမျိုး သိမ်းရင် မထူးဆန်းတော့ ပါဘူး။ စစ်တပ်ကလည်း ဖွံ့ဖြိုးတိုး တက်ရေးကို မင်းတို့လုပ်၊ တို့နဲ့ပတ် သက်တာကို မင်းတို့မထိနဲ့ဆိုတဲ့ သ ဘောမျိုး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြောထားတာရှိပါတယ် ဟု ဦးဖုန်း မြင့်အောင် က ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ၁၉၆၂ ခုနှစ် တွင် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ကြောင်း၊ မည်သည့် အတွက်ကြောင့် အာဏာသိမ်းရသည် ဆိုသည့် ခိုင်လုံသည့်အကြောင်းပြ ချက် ရှိနေကြောင်း၊ ၎င်းအကြောင်း ပြချက်မှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေတွင် လွတ်လပ်ရေးရပြီး နောက် ခွဲထွက်ရမည်ဆိုသည့်အချက် ပါဝင်နေကြောင်း၊ ခွဲထွက်မည်ကို စိုး ရိမ်သဖြင့် တပ်မတော်က အာဏာ သိမ်း လိုက်ရခြင်းဖြစ်ကြောင်း၊ ၎င်းမှာ ၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် ဟုသာပြော၍ရကြောင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက ပြောကြားထားသည်။

အာဏာပြန်သိမ်းရတာတွေ ကျွန်တော်တို့မလိုချင်တော့ဘူး။ စစ် တပ်က စစ်တပ် မှာ သူ့ဘာသာသူနေ တာပဲ။တည်ငြိမ်းအေးချမ်းနေသမျှ စစ်တပ်က အာဏာသိမ်းစရာမလိုဘူး။ သူ့နေရာသူနေမှာပဲ။ မတည်ငြိမ်၊ မ အေးချမ်း လာရင် စစ်တပ်က အာဏာ သိမ်းရမှာပဲ။ အဲဒါ ကျွန်တော်တို့တည် ငြိမ်အေးချမ်း မှုအတွက် လုပ်ရမယ် ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးပြောစကားနှင့် ပတ်သက်၍ ]ဒီအချိန်ဟာ ဒီမိုကရေ စီအရ နုသေးတယ်လို့ သုံးသပ်တယ်။ ပါတီ အားလုံးလည်း စုစုစည်းစည်း ရှိသေးတာလည်း မဟုတ်သေးဘူး။ တိုင်းရင်းသား ဘက်ကို ကြည့်ပြန်ရင် လည်း စုစုစည်းစည်းရှိတာ မတွေ့ရ သေးဘူး။ အဲဒီလို မတွေ့သေးတဲ့အ ချိန်မှာ တအားဖွင့်ပေးလိုက်ရင် မြန် မာနိုင်ငံ လွတ်လပ်ရေး ရသလို ရပြီး ချက်ချင်းအကွဲအပြဲတွေဖြစ်ပြီးတော့ တိုင်းပြည်ပြဿနာအကြီးအကျယ် တက်ခဲ့သလိုပဲ ဖြစ်သွားမှာကို သူတို့ စိုးရိမ်နေတဲ့အတွက် အဲဒီစိုးရိမ်စိတ် နဲ့ လုပ်နေတာပါ ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်း က သုံးသပ်ပြောဆိုထားသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ပြောစကားမှာ ပညာရှိနည်းဖြင့် ပြော ဆိုခြင်းဖြစ်ပြီး လူအများဆင်ခြင်နိုင်ရန် ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း၊၎င်းတို့မှာ တိုင်းပြည်တွင် ဒီမိုကရေစီဖြစ်အောင် လုပ်ဆောင်မည်ဟုပြောကြားထားခြင်း မဟုတ်ဘဲ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရန် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်မည် ဟုသာပြောကြားထားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သာလုပ်ဆောင်နေပါက ယခုကဲ့ သို့ပဋိပက္ခဆန်မှုပြဿနာများရှိနေဦး မည်ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင် ကပြောသည်။

ရာစုသစ်
The Ladies News Journal

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>