Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သေဒဏ်ချခံရသူများ အသနားခံစာ ပါကစ္စတန် သမ္မတ ပယ်ချ၊ အကျဉ်းသား ၅၀ ကျော် ကြိုးပေးကွပ်မျက်

$
0
0
အကြမ်းဖက်သမားများကို ကြိုးပေးကွပ်မျက်သည့် အကျဉ်းထောင်
ပါကစ္စတန်သမ္မတ မန်မွန် ဟက်ဆန်က သေဒဏ်ချ ခံရသူတွေရဲ့ အသနားခံမှုတွေကို ပယ်ချခဲ့ပြီးနောက်ပိုင်း သေဒဏ်ကျ အကျဉ်းသား အယောက် ၅၀ ကျော်ဟာ နေ့ချင်းညချင်းပဲ ကြိုးပေး ကွပ်မျက်ခံရဖို့ ရှိတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောဆိုပါတယ်။

ပတ်ရှဝါမြို့က ကျောင်းအကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝပ် ရှရစ်က သေဒဏ်ကို ပြန်ပြဋ္ဌာန်းခဲ့အပြီးမှာ အကြမ်းဖက်သမား ၆ ဦး ကွပ်မျက်ခံခဲ့ရပြီး ဖြစ်ပါတယ်။ လာမယ့် လတွေထဲမှာလည်း အကြမ်းဖက်သမား ရာနဲ့ချီပြီး ကွပ်မျက်ဖို့ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

လူအယောက် ၁၄၁ ယောက် သေဆုံးခဲ့တဲ့ ပတ်ရှဝါမြို့က ကျောင်းအကြမ်းဖက်မှု အပြီးမှာ အကြမ်းဖက်သမားတွေကို အပြင်းထန်ဆုံး အရေးယူဖို့ တောင်းဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်လာတာပါ။

ပါကစ္စတန်နိုင်ငံမှာ သေဒဏ်ကျခံထားရသူ ၈ ထောင်ကျော်ရှိပြီး ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

လာမယ့်ရက်သတ္တပတ်တွေမှာလည်း သေဒဏ်ကျအကျဉ်းသား ၅၀၀ လောက်ကို ကွပ်မျက်တော့မယ့်ကိစ္စဟာ စိတ်ညစ်စရာဖြစ်ပြီး တာလီဘန်တွေရဲ့ အကြမ်းဖက်မှု တွေကနေ ထူးထူးခြားခြား ကာကွယ်နိုင်မှာလည်း မဟုတ်ဘူးလို့ Amnesty International အဖွဲ့က ပြောဆိုပါတယ်။

ပါကစ္စတန်လူအခွင့်အရေးလှုပ်ရှားသူတွေကလည်း ဒီသေဒဏ်ချခံထားရသူတွေထဲမှာ အကြမ်းဖက်မှုနဲ့ မပတ်သက်ဆိုင်သူ အများအပြားပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ် နာဝပ်ရှရစ်ကတော့ “အကြမ်းဖက်သူရော၊ အကြမ်းဖက်မှု အားပေးကူညီသူပါ အတူတူ ဖြစ်တယ်။ တောရောမြို့မှာပါမချန် စစ်ဆင်ရေးတွေကို တိုးချဲ့လုပ်သွားမယ်”လို့  ပြောဆိုပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က ၄ နာရီကြာ အကြမ်းဖက်မှုစစ်ဆင်ရေး အစည်းအဝေး ခေါ်ခဲ့ပါတယ်။ ဘာသာရေးအစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုဟာ ပါကစ္စတန်နိုင်ငံမှာ ကင်ဆာရောဂါလို ပျံ့နှံ့နေပြီး အမြစ်ပြတ် ဖယ်ရှားဖို့ အချိန်တန်နေပြီလို့လည်း ပြောဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74681

Viewing all articles
Browse latest Browse all 32865

Trending Articles


မြန်မာမာရီယိုဂိမ်း


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ဆီးချိုကျ ဆေးနည်းတွေထဲက အလွယ်ဆုံးနဲ. ထိရောက်တဲ့နည်း မျှဝေလိုက်ပြီ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>