Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဆိုနီရုပ်ရှင်ကုမ္ပဏီကို ဆိုက်ဘာတိုက်ခိုက်မှု အပေါ် စွပ်စွဲမှုနှင့် စပ်လျဉ်း၍ အမေရိကန် အိမ်ဖြူတော်ကို ဖောက်ခွဲတိုက်ခိုက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

$
0
0

ပြုံယမ်း ၊ ၂၃-၁၂-၂၀၁၄

ဆိုနီရုပ်ရှင် ကုမ္ပဏီကို ဆိုက်ဘာ တိုက်ခိုက် ခဲ့သည်ဟု အမေရိကန် အစိုးရက မြောက်ကိုရီးယား နိုင်ငံကို စွပ်စွဲပြောကြား ခဲ့ပြီးနောက်ပိုင်း အမေရိကန် အိမ်ဖြူတော်ကို ဖောက်ခွဲ တိုက်ခိုက် သွားမည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက် ခဲ့သည်။

ဆိုနီကုမ္ပဏီမှ ထုတ်လွှင့်ပြသ ရန် စီစဉ်ထားသည့် The Interview ဇာတ်ကားသည် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက် စေသောကြောင့် အမေရိကန် သမ္မတ အိမ်ဖြူတော်ကို တိုက်ခိုက်မည် ဟု ခြိမ်းခြောက် ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန် သတင်းဌာနကြီး တစ်ခုဖြစ်သည့် ဒေးလီးမေးလ် သတင်းစာက ဒီဇင်ဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ မြောက်ကိုရီးယား အစိုးရ အနေဖြင့် ပြင်းထန်သည့် တုံ့ပြန်မှု များကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ယင်း နိုင်ငံအစိုးရက ပြေကြား ခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယား အစိုးရ အနေဖြင့် အမေရိကန် နိုင်ငံနှင့် ရေကုန် ရေခန်း တိုက်ခိုက်ရန် ဆိုက်ဘာ တိုက်ခိုက်မှု အပါအဝင် နိုင်ငံအတွင်းရှိ တပ်ဖွဲ့ဝင်များကို အသင့် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ဒီဇင်ဘာ ၂ဝ ရက်တွင် ၄င်းတို့၏ နျူကလီးယား လက်နက်များ အပါအဝင် ကာကွယ်ရေး တပ်ဖွဲ့များကို တိုးမြှင့်ချထား ခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်ကို နျူကလီးယား ကင်းမဲ့ဇုန် အဖြစ် တည်ထောင်ရေး အစီအစဉ်သည် အမေရိကန် ပြည်ထောင်စု ၏ ရန်လိုသည့် အပြုအမူ များကြောင့် ပျက်ပြယ်သွားပြီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 32865

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>