Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပတောင်းနှိမ်နှင်းမှုအားရှုံ.ချသည့်အနေဖြင့် ရန်ကုန်တွင် ဆန္ဒပြ

$
0
0
ရဲကိုကို

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် တစ်ကျော့ပြန် ဖြစ်ပွားလာသောပဋ္ဋိပက္ခတွင် တောင်သူများ သေဆုံးဒဏ်ရာရရှိခဲ့မှုများအား အစိုးရမှ အမြန်ဆုံးဖြေရှင်းပေးရန်တောင်းဆိုသည့်အနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဖွဲ.၀င်များက ယနေ့နေ့လည်တွင် ရန်ကုန်မြို.တော်ခန်းမရှေ.တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အင်အား ၅၀ ခန့်ရှိသော အမျိုးသားနှင့်အမျိုးသမီးငယ်များပါဝင်သည့် ဗကသ အဖွဲ.၀င်များသည် “အစိုးရ လူသတ်နေသည်၊ လူသတ်နေသော အစိုးရအလိုမရှိ” ဟူသော ကြွေးကြော်သံများဟစ်အော်ခဲ့ကြပြီး သေဆုံးဒဏ်ရာရသူများအတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်မီးများထွန်းညှိခဲ့ကြသည်။

လက်ရှိအစိုးရသည် တိုင်းတပါးကိုသာကာကွယ်နေပြီး ပြည်သူများဧ။် အသက်ဆုံးရှုံးမှုများအား မထောက်ထားမငဲ့ညှာကြောင်း ယခုကိစ္စအား အစိုးရကပြေလည်အောင် ဆောင်ရွက်ပေးမှုမရှိပါက ဗကသအနေဖြင့် တနိုင်ငံလုံးအတိုင်းအတာ ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုကျော်ကိုကိုကပြောကြားသည်။

တရုတ်နိုင်ငံပိုင် ၀မ်ပေါင်ကုမ္ဗဏီ နှင့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်တို့ ဖက်ဆက်လုပ်ကိုင်နေသော လက်ပတောင်းကြေးနီစီမံကိန်းအတွက် လုပ်ငန်းများတိုးချဲ.ရာ မြေယာလျော်ကြေးလက်မခံသော တောင်သူများနှင့် အာဏာပိုင်တို့ ထိပ်တိုက်ရင်ဆိုင်မှုများ ယမန်နေ့ နှင့် ယနေ.တွင်ဖြစ်ပွားနေရာ တောင်သူတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးပြီး လူပေါင်း ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

-----------

(ဓာတ်ပုံများ။ ရဲကိုကို/Yangon Globe)
https://www.facebook.com/TheYangonGlobe?pnref=story

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>