Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဝမ်ပေါင် ခြံစည်းရိုးခတ်တာ ရပ်ထားမယ်၊ အစီရင်ခံစာ အကြံပြုချက်တွေ လိုက်နာမှု အားနည်းခဲ့တာ ဦးသာအေး ဝန်ခံ

$
0
0
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထဲ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေတာကို ရပ်ဆိုင်းထားမှာဖြစ်ပြီး သူပါဝင်တဲ့ အစီရင်ခံစာ အကောင်အထည်ဖော်တဲ့ ကော်မတီဟာ ကော်မရှင်အစီရင်ခံစာရဲ့ အကြံပြုချက်တွေကို လိုက်နာတာ အားနည်းခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးက ဝန်ခံပြောဆိုလိုက်တယ်လို့ RFA ရေဒီယိုက ဆိုပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေအတွက် တိုင်းအစိုးရက လျော်ကြေးပေးမှာဖြစ်သလို ဒီပဋိပက္ခကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပြီး စစ်ဆေးသွားမယ်လို့ ဦးသာအေးက NLD ပါတီဝင်တွေနဲ့ တိုင်းရုံးမှာ တွေ့ဆုံ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတရုံးဝန်ကြီး ဦးလှထွန်းနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးတို့ ဦးဆောင်တဲ့ အစီရင်ခံစာအကောင်အထည်ဖော်ရေး ကော်မတီဟာ ကော်မရှင်အကြံပြုချက်တွေကို လိုက်နာမှု အားနည်းခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ထားခဲ့ပါတယ်။

စီမံကိန်းဧရိယာတွင်းမှာ ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ရာက ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေ ပေါ်လာခဲ့တာကြောင့် ရဲတပ်ဖွဲ့နဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေဟာ ဒေသခံတွေနဲ့ ရုန့်ရင်းဆန်ခတ်တွေဖြစ်ခဲ့ပါတယ်။ ဒေါ်ခင်ဝင်းဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ ဆေးဆရာဝန်ရဲ့ အတည်ပြုချက် ထွက်လာချိန်မှာ ရဲတပ်ဖွဲ့ဘက်က ဘယ်သူ့သေနတ်နဲ့ပစ်သလဲဆိုတာ စုံစမ်းသွားမယ်လို့ ပြောထားပါတယ်။

Kamayut media

Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>