ဒီမိုကရေစီစနစ်ကို ဦးတည်သော ကမ္ဘာ့ဖွဲ့စည်းပုံများတွင် လူထုက မရွေးကောက်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင် မရှိ။ စစ်တပ်က အချိန်မရွေး အာဏာ သိမ်းနိုင်သည်ဟု မပါ။ သမ္မတ အထက်တွင် ကာ/လုံဆိုသည်မှာ မရှိ။ စစ်အာဏာရှင်တို့ကို အကာအကွယ်ပေးသော နောက်ကြောင်းပြန် အကျိုးသက်ရောက်ခြင်းမရှိစေရ ဟူသော ပုဒ်မမျိုး မပါပေ . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖွဲ့စည်းပုံအသစ်နှင့် တက်လာသော အစိုးရအဖွဲ့သစ်၏ သက်တမ်းမှာ နောက်ဆုံးကာလများသို့ ရောက်ရှိနေပါ သည်။ ဖွဲ့စည်းပုံအသစ်ကို ကာကွယ်ရေးအတွက် အစိုးရသစ်ကရော၊ တပ်မတော်ကပါ သူတို့တာဝန်ဟု ယူဆ ခဲ့ကြရာ နေမြင့်လေအရူး ရင့်လေလေဖြစ် လာလေသည်။ အစိုးရသစ်ကျမ်းသစ္စာ ကျိန်ဆိုရာ၌ တပ်မတော် သည် အမျိုးသားနိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေသည်ဟု ဆိုခဲ့သလို ယခု ၂၀၀၈ ဖွဲ့စည်းပုံ ကို ကာကွယ်စောင့်ရှောက်ရာတွင် တပ်မတော်သည် အရေးကြီးအခန်းတွင်ရှိနေသည်ဟု သမ္မတက တိုင်းသိ ပြည်သိ ကမ္ဘာသိ ကြေညာခဲ့လေသည်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြည်သူလူထု ၉၂ ဒသမ ၄၇ ရာခိုင်နှုန်းက ထောက်ခံသော ဖွဲ့စည်းပုံဖြစ်ကြောင်း၊ နိုင်ငံရေးသုခမိန်များ၊ ပညာရှင်များ ရေးဆွဲသော အလွန်ပင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်း ကို လျှောက်လှမ်းသည့် ဖွဲ့စည်းပုံဖြစ် ကြောင်း တဖွဖွပြောဆိုခဲ့လေသည်။…
၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲစဉ်က မည်သည်အစိုးရက ရေးဆွဲသလဲ။ နိုင်ငံ တကာပညာရှင်များနှင့် ကမ္ဘာကအသိ အမှတ်ပြုသော ဖွဲ့စည်းပုံဖြစ်သလား။ ဗိုလ်သန်းရွှေအုပ်ချုပ်သော စစ်အာဏာရှင်များ ၏ညွှန်ကြားချက်အရ ရေး ဆွဲသောဖွဲ့စည်း ပုံဟုတ်မဟုတ်၊ လူထုက မရွေးချယ်သော စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းထည့်သွင်း ထားသော ဖွဲ့စည်းပုံဖြစ်၍ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်မရောက်ကို ကာချုပ်သည် ကမ္ဘာ့စံချိန်စံညွှန်း များနှင့် ချိန်ထိုးကာ စဉ်းစားကြည့်လျှင် သဘောပေါက်ပေမည်။ သို့သော် ကာချုပ်က ပြည်သူလူထု ၉၂ ဒသမ ၄၇ ရာခိုင်နှုန်းက ထောက်ခံသော၊ ပညာရှင်များနှင့် ရေးဆွဲ သော ဖွဲ့စည်းပုံဖြစ်သည်ဟု ချီးကျူးထော မနာပြု ကာ ပြောဆိုနေခြင်းမှာ လက်တွေ့ ဖြစ်ရပ်များနှင့် ကင်းကွာနေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံသည် အမှန်တကယ် ဒီမိုကရေစီစစ်သော ဖွဲ့စည်းပုံဟု အာမခံပြောဆိုလျှင် အမှန်တကယ် ဒီမိုကရေစီမစစ်ပါဟု ပြောဆိုနေသည့် NLD ပါတီနှင့် ဒေါ်အောင်ဆန်း စုကြည်လို အတိုက်အခံခေါင်းဆောင်နှင့် ဘာကြောင့် ဆွေးနွေး သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံဘက်မှ ငြင်းခုံကာကွယ်ခြင်း မပြုနိုင်ပါသလဲ။
၂၀၁၀ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီး ကာကွယ်ရေးဦးစီးချုပ်အသစ်နှင့် တပ်မတော်သစ် တစ်ခု ပေါ်ပေါက်လာကာ မြန်မာနိုင်ငံတွင် ဂုဏ်ယူဝင့်ကြွားနိုင်သော တပ်မတော်တစ်ခု ဖြစ်လာမလား ဟု မျှော်လင့်ခဲ့ ကြ၏။ သမိုင်းအဆက်ဆက် အစဉ်အလာကြီးခဲ့သော နိုင်ငံရေးသမားများကမူ ထူးမခြားနားသော အစိုးရ၊ ထူး မခြားနားသော စစ်တပ်ဟု သိရှိနားလည်ခဲ့ကြသော်လည်း ယခင်စစ်အစိုးရနှင့် မတူသော အရပ်သားအစိုးရဟု ထင်ခဲ့သော သူများကမူ ထင်သလိုဖြစ်မလာသည့်အတွက် ဆွေ့ဆွေ့ခုန်သွားကြပါတော့သည်။ စစ် တပ်မှာ လည်း ယခင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့စိတ်ကြိုက် ခန့်အပ်ဖွဲ့စည်းခဲ့သော စစ်တပ်ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မပေးနိုင်ဟု ဆိုခဲ့သည်မှာလည်း သဘာဝကျပါသည်။
၂၀၁၅ ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲ နီးလေလေ၊ သမ္မတသစ်နှင့်အတူ လျှောက်လှမ်းဖို့ ကာကွယ်ရေး ဦးစီးချုပ်တစ်ယောက် ရွေးချယ်ဖို့ နီးလာလေလေ ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေးနှင့်ပတ်သက်သော မည် သည့်စကား လုံးကိုမှ မကြားချင်ကြ တော့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံမပြင်ဖို့ အခိုင်အမာ ပြောဆိုသူမှာ ကာကွယ်ရေးဦးစီး ချုပ်က အဓိကဖြစ်၏။ သမ္မတက ၂၀၀၈ ဖွဲ့စည်းပုံ မပြင်ဖို့ မပြောသော်လည်း ပြင်ဖို့ကိစ္စကိုလည်း နှုတ်ပိတ်နေ၏။ ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ လွှတ် တော်က အတည်ပြုခဲ့သော်လည်း သမ္မတက ငြင်းပယ်ခဲ့သည်။ သမ္မတကြီး ပြောသည့် ၆ ပွင့်ဆိုင်တွေ့ဆုံဖို့ကို ငြင်း ပယ်သည်မှာ မသေချာ၊ မခိုင်မာလှပါဟု ဆိုကြသော်လည်း သမ္မတပြောရေး ဆိုခွင့်ရှိသူမှာ သမ္မတ မပြော ဘဲနှင့် မိမိသဘော နှင့်မိမိ ဘယ်တော့မှ ပြောခွင့်မရှိပေ။
ပြောလည်းပြောမည် မဟုတ်ပေ။ အထူးသဖြင့် စစ်တပ် မှ ဗိုလ်ချုပ်ကြီးဟောင်းသမ္မတနှင့် စစ်တပ်မှ ဗိုလ်မှူးကြီးေ ဟာင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူတို့မှာ စစ်တပ်မှ တင်းကျပ်သော စည်းကမ်းများကြောင့် စကားကို ချဲ့ကားလျော့နည်း၍ ပြောကြမည် မဟုတ်ပေ။ ထို့ကြောင့် ၆ ပွင့်ဆိုင် တွေ့ဆုံဖို့ မဖြစ်နိုင်ဟု သမ္မတက ပြောခဲ့သည်ဆိုသည်မှာ အမှန်ဖြစ်နိုင်ပါသည်။ ၂၀၀၈ ဖွဲ့ စည်းပုံ ပြင် ဆင်ရေးအတွက် အဓိကပြင် ဆင်ခွင့်ပြုရေးဥပဒေမှာ ပုဒ်မ ၄၃၆ ဖြစ် လေသည်။ ထိုပုဒ်မ ၄၃၆ကို ပြင်မှသာ လျှင် ၂၀၀၈ ဖွဲ့စည်းပုံပြင်ခွင့်ရှိ၏။ ပုဒ်မ ၄၃၆ပြင်သည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံတစ်ခု လုံးကို မပြင်သေးလျှင် လည်းရ၏။ သို့ သော် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ချင်သည့် တိုင် ပုဒ်မ ၄၃၆ ကို မပြင်လျှင်ဘာမှလုပ် ၍မရပေ။ ထို့ ကြောင့် ၂၀၀၈ဖွဲ့စည်းပုံ ပြင် ဆင်ဖို့မှာ ပုဒ်မ၄၃၆ကို ပြင်ပစ်၊ ဖျက်ပစ်မှ ရပေမည်။
ယခု ၂၀၀၈ ဖွဲ့စည်း ပုံတစ်ခု လုံး ပြင်ရေးနေနေသာ ပြင်ဖို့လမ်းဖြစ်သည့် ပုဒ်မ ၄၃၆ ပြင်ရေးကိုပင် စစ်တပ်က ထိခွင့်မပေးခဲ့၏။ အထူးသဖြင့် ကာကွယ် ရေးဦးစီးချုပ်က VOA နှင့် တွေ့ဆုံရာတွင် ပုဒ်မ ၄၃၆ကို ပြင်ခွင့်မပေး ဟု ပြောဆိုသွား၏။ သို့သော် ဒီမိုကရေစီကို ကာကွယ်သွားမည်ဟုလည်း ပြောပြန်၏။ ကာချုပ်၏ စကားမှာ ရှေ့စ ကား၊ နောက်စကား မညီ လှပေ။ စစ်အာဏာရှင်စနစ်နှင့် ဒီမိုကရေစီ စနစ်တို့မှာ ပြဒါးတစ်လမ်း၊ သံတစ် လမ်းဖြစ် နေသည်။ စစ်အာဏာ ရှင်စနစ်ကို ကိုယ်စားပြု အကာအကွယ်ပေးနေသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်၏။ ဒီမိုကရေစီစနစ်ကို အကာ အကွယ်ပေးလိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်၊ ပုဒ်မ ၄၃၆ကိုလည်း မပြင် ဘူးဆိုလျှင် ဒီမိုကရေစီလမ်းကြောင်းကို မသွားဆိုသည့် သဘောပင်ဖြစ်ပါသည်။
ထို့ကြောင့် ကာကွယ်ရေး ဦးစီးချုပ်က ၂၀၀၈ ကိုမပြင်၊ ပုဒ်မ ၄၃၆ကို မပြင်ဟု ပြောဆိုခဲ့ပါလျှင် နိုင်ငံတော် သမ္မတကလည်း ပုဒ်မ ၄၃၆ကို မပြင်နိုင်၊ ၂၀၀၈ဖွဲ့စည်းပုံကိုလည်းမပြင်နိုင် ဆိုပါက ပြုပြင်ပြောင်း လဲရေး လမ်းကြောင်း ကို လျှောက်နေသည်ဟု ဆိုသည်မှာ မမှန်တော့ပေ။ ဒီမိုကရေစီလမ်းကြောင်း သွားနေသည် ဆိုသည်မှာလည်း မှန်ကန်သော ပြောဆို ချက်များ မဟုတ်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့် ဒီမိုကရေစီလမ်း ကြောင်းမှာ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေခြင်း၊ အမှန်တ ကယ် ပြုပြင်ပြောင်း လဲရေးနှင့် ၂၀၀၈ဖွဲ့ စည်းပုံ တည်ရှိခြင်းသည် ငရဲပြည်နှင့်နတ်ပြည်လို ကွာခြားနေခြင်း တို့ကြောင့် ဖြစ်ပါသည်။
အစိုးရအဖွဲ့သစ် တက်လာသောအခါ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ အတွက် အားထုတ်ခဲ့သည်။ နိုင်ငံ တကာနှင့် ဆက်ဆံရေးကောင်းမွန်ဖို့လည်း ကြိုးစားခဲ့သည်။ အမေရိကန်နှင့် အနောက်နိုင်ငံများနှင့်လည်း ဆက် ဆံရေး ကောင်းမွန်ခဲ့လေသည်။ NLD နှင့် အတိုက်အခံပါတီများ အပါအ၀င် အားလုံးက ၂၀၀၈ဖွဲ့စည်း ပုံကို ပြင် ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။ အထူးသဖြင့် တချို့နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများက ၂၀၀၈ဖွဲ့စည်း ပုံကို ပြင်ဆင်ဖို့ထက် လုံးဝဖျက်သိမ်းကာ အသစ်ပြန်လည်ရေးဆွဲရမည်ဟု အချက် အလက်အထောက် အထား နှင့် တင်ပြခဲ့ကြသည်။ ထိုထဲတွင် NLD နာယကကြီး ဟံသာဝတီ ဦးဝင်းတင်လည်းပါပါသည်။ သို့သော် ဒေါ်အောင်ဆန်း စုကြည်နှင့် NLD ပါတီကမူ ရှဥ့်လည်း လျှောက်သာ၊ ပျားလည်းစွဲသာ ပြင်ဆင်ဖို့ကိုသာ တောင်း ဆိုခဲ့ ကြ၏။
စာရေးဆရာများ၊ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး ဝေဖန်အကဲဖြတ်သူများက တပ်မတော်၏ အခန်း ကဏ္ဍကို တင်ပြခဲ့ကြသည်။ တပ်မတော်မှာ လွှတ်တော်ထဲတွင် ရှိနေရမည် မဟုတ်။ တပ်မတော်သည် နိုင်ငံ တော်ကို ကာကွယ်ရေး၊ ပြည်သူလူထုကို စောင့်ရှောက်ရေး၊ တိုင်းတစ်ပါး၏စွက်ဖက်မှုများကို တားဆီးကာကွယ် ရေး တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ တပ်မတော်သည် လွှတ်တော်တွင် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း မပြော နှင့်၊ ၁ ရာခိုင်နှုန်းပင် ယူထားစရာအကြောင်းမရှိ ပေ။ ထိုအခြေအနေမှန်ကို ဗဟုသုတ ကြွယ်ဝစွာဖြင့် မှန်မှန် ကန်ကန်နားလည် သဘောပေါက်လျှင် ပုဒ်မ ၄၃၆ကို ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်သား ကိုယ် စားလှယ် များက တက်တက်ကြွကြွ လိုလိုလားလား ပြင်ဆင်ပေးရလိမ့်မည်။
စင်စစ်အားဖြင့် ၂၀၀၈ဖွဲ့စည်းပုံကို မပြင်လို၊ ပုဒ်မ ၄၃၆ကိုလည်း မပြင်ဟု အခိုင်အမာ ရပ်တည်ကာကွယ်နေခြင်း သည် စစ်အာဏာရှင်စနစ်ကို ကာကွယ် နေခြင်းဟု အဓိပ္ပာယ်ရောက်ပါသည်။ စစ် အာဏာရှင်ဟောင်းများ က နောက်ကွယ်က ကြိုးကိုင်နေသည်၊ မကိုင်နေသည်ထား။ အစိုးရအဖွဲ့ဖွဲ့ဖို့ အစီအစဉ်ရေးဆွဲလိုက် ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နှင့်လဲကာ ကာကွယ်စောင့် ရှောက်ပါမည်ဟု သစ္စာဆိုခဲ့ရ သလားမ သိပေ။ ၂၀၀၈ဖွဲ့စည်းပုံမှာ ၁၀နှစ် ၁၀မိုးကြာအောင် စစ်အာဏာရှင် ဗိုလ်သန်းရွှေနှင့် စစ်ဗိုလ်ချုပ်များက သူတို့ လူယုံကျွမ်းကျင် ပညာရှင်များနှင့်သူတို့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်၍ နောင်ဆက်လက် ကာကွယ်နိုင် ရေး အတွက် ရေးဆွဲသော ဖွဲ့စည်းပုံဖြစ်သောကြောင့် မပြင်ဆင်နိုင်ဟု ပြောဆိုနေခြင်းမှာ သူတို့အတွက် အလွန် မှန်ကန်ပြီး သဘာဝလည်း ကျလှပါသည်။
ဒီမိုကရေစီစနစ်ကို ဦးတည်သော ကမ္ဘာ့ဖွဲ့စည်းပုံများတွင် လူထုက မရွေးကောက်သော တပ်မတော်သား ကိုယ်စားလှယ်များ လွှတ်တော်တွင် မရှိ။ စစ်တပ်က အချိန် မရွေး အာဏာသိမ်းနိုင်သည်ဟု မပါ။ သမ္မတအထက် တွင် ကာ/လုံဆိုသည်မှာ မရှိ။ စစ်အာဏာရှင်တို့ကို အကာအကွယ် ပေးသော နောက်ကြောင်းပြန်အကျိုး သက်ရောက်ခြင်းမရှိစေရဟူသော ပုဒ်မ မျိုးမပါပေ။ ထိုအချက်များ ပါဝင် နေသော ဖွဲ့စည်းပုံမှာ ဒီမိုကရေစီကျသော ဖွဲ့စည်းပုံမဟုတ်ကြောင်း အခိုင်အမာတင်ပြလိုက် ရပါသည်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald