Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂက်စ်တိုဘားအမှု နယူးဇီလန်နိုင်ငံသားကို စတင်စစ်ဆေး ဗုဒ္ဓပုံတော်ကို ဆိုင်အရောင်းမြှင့်တင်ရန် အင်တာနက်ပေါ်တင်ခဲ့ခြင်းဖြစ်ဟု ထွက်ဆို

$
0
0
ရန်ကုန်၊ ဒီဇင်ဘာ ၂၆- ဗုဒ္ဓရုပ်ပွား တော်ပုံကိုအသုံးပြု၍ DJ ဖျော်ဖြေပွဲ ကြော်ငြာ ခဲ့သည့် ဂက်စ်တိုဘားအမှုကို ဒီဇင်ဘာ ၂၆ရက်တွင် နယူးဇီလန်နိုင်ငံသားကို စတင်စစ်ဆေးခဲ့ရာ ၎င်းက ဆိုင်အရောင်းမြှင့်တင်ရေးအတွက်သာ google မှ ဗုဒ္ဓပုံ တော်များကိုကူးယူ၍ အင်တာနက် ပေါ်တင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့ကြောင်း ဗဟန်းတရားရုံးထံမှ စုံစမ်းသိရသည်။

''ါသသါူန ကတစ်ဆင့် ဆိုင်အ ရောင်းမြှင့်တင်ဖို့အတွက် ပုံတွေရှာခဲ့တယ်။ ပုံ ၂ဝလောက် ရှာတွေ့ခဲ့တယ်။ အဲဒီထဲကမှ တစ်ပုံကိုကူးယူတင်ခဲ့တာဖြစ်တယ်။ ဘာသာရေးကို စော်ကားဖို့မရည်ရွယ်ပါဘူး။ အဲဒီအတွက်လဲ ဖေ့စ်ဘွတ်ခ်က တစ်ဆင့် ပြန်တောင်းပန်ထားတဲ့အတွက် အပြစ်မရှိပါဘူး''ဟု နယူးဇီလန်နိုင်ငံ သား ဖိလစ်က တရားခွင်တွင်ထွက်ဆိုခဲ့သည်။

ယင်းအပြင် ၎င်း၏ပြည်ဝင်ခွင့် ဗီဇာကို ၂၀၁၄ခုနှစ် အောက်တိုဘာ ၂၆ရက်က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗီဇာထုတ်ပေးသည့်နေ့မှ ၁ဝပတ်အထိ သက်တမ်း ရှိကြောင်း၊ ယခု ဂက်စ်တိုဘားဆိုင်တွင် အထွေထွေ မန်နေဂျာအဖြစ် တစ်လလျှင် လစာငွေ အမေရိကန်ဒေါ်လာ ၂၅၀ဝနှင့် နေထိုင်စရိတ် အမေရိကန်ဒေါ်လာ ၁၀၀၀ ရရှိကြောင်း၊ ယင်းဆိုင်၏အ ရောင်းမြှင့်တင်ရေးအတွက် ဗုဒ္ဓပုံတော်ဖြင့် အင်တာနက်တွင် တင်ရာတွင် ဆိုင်ရှင်က ပါဝင်ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ထွက်ဆိုခဲ့ပြီး ၎င်း အနေဖြင့် ဆိုင်ပိုင်ရှင် မည်သူမည်ဝါဖြစ်သည်ကို မသိရှိကြောင်းလည်း ထွက်ဆိုခဲ့သည်။

''ဒီနေ့က ဖိလစ်ကိုစပြီးစစ်ဆေး တာပါ။ အပြစ်ကျမယ်၊ မကျဘူးဆိုတာ တရားသူကြီးဆုံးဖြတ်မှာပါ''ဟု ဖိလစ်၏ရှေ့နေ ဦးမြသွေးက မီဒီယာများနှင့်တွေ့ ဆုံစဉ် ပြောကြားသည်။

ဖိလစ်အတွက် ၎င်း၏နိုင်ငံဘက်မှတုံ့ပြန်ပြောဆိုရန် မြန်မာနိုင်ငံတွင် နယူးဇီလန် သံရုံးမရှိကြောင်း ဦးမြသွေး၏ ကနဦးပြောကြားချက်များအရသိရသော်လည်း ဒီဇင်ဘာ ၂၆ရက်တွင် မီဒီယာများနှင့်တွေ့ဆုံ စဉ် နယူးဇီလန်နိုင်ငံသည် မြန်မာ နိုင်ငံတွင် သံရုံးဖွင့်နိုင်ရန် NGO အဖွဲ့အစည်းတစ်ခုမှ စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း ဦးမြသွေးက ပြောကြားသည်။

နယူးဇီလန်နိုင်ငံသားဖိလစ်က ၎င်းသည် ဖေ့စ်ဘွတ်ခ်တွင် ဗုဒ္ဓပုံတော်နှင့် ပတ် သက်ပြီး ပြန်လည် တောင်းပန်ခဲ့ကြောင်း၊ ဘားဆိုင်ပိုင်ရှင်ကလည်း ၎င်းသည် ဆိုင်၏တာဝန်များကို GM ကို လွှဲထားသည့်အတွက် အပြစ်မရှိကြောင်း ငြင်းဆို ထားပြီး ဘားဆိုင်မန်နေဂျာကလည်း ၎င်းသည် အလုပ်ဝင်သည်မှာ တစ် ပတ်ခန့်သာရှိသေးသဖြင့် ၎င်း၏အလုပ်ပိုင်းနှင့် ဖိလစ်၏ လုပ်ငန်းဆောင် ရွက်မှုအပိုင်းမှာ မတူညီသဖြင့် အပြစ်မရှိကြောင်း ငြင်းဆိုထားသည်ဟု ဒီဇင်ဘာ ၁၈ရက်က စစ်ဆေးသော တရားခွင်ထံမှ စုံစမ်းသိရသည်။

ပန်းသီးတံဆိပ် လက်ပ်တော့တစ်လုံးအား အားသွင်းကြိုးအဖြူ ရောင်ဖြင့် အားသွင်းလျက် ဗုဒ္ဓပုံတော်ပါ ဘားဆိုင်ကြော်ငြာစာရွက် တစ်ရွက်ကိုလည်း သက်သေခံအဖြစ် ရုံးတော်သို့ တင်သွင်းထားကြောင်း ယင်း တရားရုံးမှ စုံစမ်းသိရသည်။

ယင်းအမှုအတွက် သာသနာ ညှိုးနွမ်းစေမှုဥပဒေပုဒ်မ-၂၉၅အ ပြင် ဗုဒ္ဓပုံတော် ကိုပျက်စီးနစ်နာစေ ရန် တမင်မသာမာမှုဖြင့် စော်ကားမှု၊ စော်ကားရန်အားထုတ်မှု ပုဒ်မ-၂၉၅ (က)၊ ယစ်မျိုးလိုင်စင်အရ ဆောင် ရွက်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိုထိခိုက်မှုမဖြစ်ပေါ်စေရေး စသည့် နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့၏ ကြေညာ ချက်ကို ဖောက်ဖျက်ခဲ့သည့် ဒေ သန္တရအုပ်ချုပ်ရေးကိုဖီဆန်မှု ပုဒ်မ- ၁၈၈တို့ဖြင့် ထပ်မံတရားစွဲထားခြင်း ဖြစ်ကြောင်း ယင်းတရားရုံးထံမှ စုံစမ်းသိရသည်။

ဂက်စ်တိုဘား၏ DJ ဖျော်ဖြေ ပွဲကို ဗုဒ္ဓ၏ပုံတော်ကိုသုံး၍ ကြော်ငြာခဲ့ရာ လူမှုကွန်ရက်သုံးသူများက ဝေ ဖန်ခဲ့ကြပြီး ယင်းဘားကိုလဲ ယာယီ ပိတ်သိမ်း ထားကြောင်း တရားဝင် သတင်းများအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၅ခုနှစ် ဇန်နဝါရီ ၂ရက်တွင် ဆိုင်မန်နေဂျာနှင့် ဆိုင်ပိုင်ရှင်ကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း တရားရုံး၏ တရားဝင်ထုတ် ပြန်ချက်အရ သိရသည်။

KMZ
‪#‎Democracytoday‬

Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>