ညနေ၂ နာရီ ၄၅မိနစ် မှာဦးနေထိုင်တဲ့ အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်းမြို့နယ်ရန်ကုန်တိုင်းစည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲတွင် အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်း မြို့နယ်နေတွင်ထိုင်သူ အနုပညာရှင် တေးသံရှင် ရင်ဂိုက ဆန္ဒမဲပေးရန် ယနေ့ညနေ ၂နာရီ၄၅ မိနစ်တွင် သွားရောက်ပေး ဆောင် သော်လဲမဲပေးခွင့်မရရှိခဲ့ ကြောင်းသိရသည်။
က မဲရုံကိုရောက်သွားခဲ့ပါတယ်။ ခြံဝ ရောက် ရောက်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်
ရေးမှူးက ဦးရင်ဂိုကိုပြောတယ်။ မဲပေးဖို့ ခင်ဗျားမပါဘူးဆိုပြီးပြန်ခိုင်းတယ်။ အဲဒီအပြင် ဘေးကကလေး ကိုပြောသ လိုလိုဘာလိုလိုနဲ့ မိုက်မိုက်ရိုင်းရိုင်း
ကိုပြောတယ်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရင်ဂိုကို ပေါ်ပြူလာနယူးမှဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး- ဦးရင်ဂိုမဲပေးခွင့်မရဘူးဆိုတာ ဟုတ်ပါသလား။
ဖြေ- ဟုတ်တယ်။ ညနေ၂ နာရီ ၄၅မိနစ် မှာဦးနေထိုင်တဲ့ အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်းမြို့နယ်က မဲရုံကိုရောက်သွားခဲ့ပါတယ်။ ခြံဝ ရောက် ရောက်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးရင်ဂိုကိုပြောတယ်။ မဲပေးဖို့ ခင်ဗျားမပါဘူးဆိုပြီးပြန်ခိုင်းတယ်။ အဲဒီအပြင် ဘေးကကလေး ကိုပြောသ လိုလိုဘာလိုလိုနဲ့ ပြောတယ်။ ရှင်းပြနေတာနားမလည် ဘူး လားပြောတယ် ။ ဒါတွေထားပါ သူ့ဟာသူဘာပြောပြောပါ။
မေး- ဦးရင်ဂိုက မဲကိုဘာကြောင့်ပေးခွင့်မရတဲ့အကြောင်းကိုရော မေးခဲ့သ လား။
ဖြေ- ကျွန်တော်ဘက်က ဘာကြောင့်ပေးခွင့်မရတာလဲ ဖြေရှင်းခိုင်းတော့ ဦးတို့က ရက်ကွက်ထဲမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဒီရပ်ကွက် ဒီနားက လူတွေ စိတ်မ၀င်စားမှုမရှိလို့ပြောတယ်။ ကျွန်တော်က ပြည်သူတစ်ယောက်ပဲ။ ကျွန်တော်တိုင်းပြည်ကောင်းဖို့ လုပ်မယ့် လူတစ်ယောက်ကို ကြိုက်တဲ့လူကို ရွေးထည့်နိုင်တယ်။ ဘာလို့ပေးမထည့်တာလဲမေးတော့ သူကပြောတယ် “ကျွန်တော်က ၂ လလောက် ကတည်းက လုပ်နေရပါတယ် စည်ပင်သာယာက စာရွက်ကိုရမှ” ဘာညာတွေ ပြောတယ်။ဦးက မီဒီယာတွေ ကိုခေါ်လိုက်တော့ရောက်လာကြတယ် ။ အဲဒီရပ်ကွက်အုပ် ချုပ်ရေးမှူးကိုဖြေခိုင်းတော့လဲ အလုံးလုံးအထွေးထွေးတွေပဲပြောတယ်။ သူ့နာမည်တော့ကျွန်တော်မသိဘူး ။ လူကတော့ ၀၀တုပ်တုပ်ပုံစံပါ။ တစ်အိမ်မှာ တစ်ယောက်ဆိုလို့ ဦးတစ်ယောက်တည်းသွားတာပဲ။
မေး- ယခုကိစ္စနဲ့နိုင်းယှဉ်ပြီး ခုလိုဒီမိုကရေစီလမ်းကြောင်း သွားနေတဲ့အခါမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု နည်းနေသေးတဲ့အပေါ်ကိုရော ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ- တခြားရပ်ကွက်၊ တခြားလူတွေကို ပြောတာမဟုတ်ပါဘူး။ ဦးနဲ့ထိပ် တိုက် တွေ့တဲ့ သူတစ်ယောက်ထဲကိုပဲပြောတာပါ။ ဒီလိုပုံနဲ့ တိုင်းပြည်တိုးတက်ဖို့မလွယ်ဘူး။ ကျွန်တော်က ဘယ်သူ့အကျိုးကျေးဇူးကြောင့်မှမဟုတ်ဘူး တိုင်းပြည်ကောင်းဖို့ မဲသွားထည့်တာ ဒါကိုလက်မခံဘူး။
ထူးထူး
PopularNewsJournal