Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

လက်ပံတောင်းဒေသခံတွေ ဆက်လက်ဆန္ဒပြမည်

$
0
0
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာအဖြစ် ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်ထားတဲ့ လယ်ယာမြေတွေထဲက လျော်ကြေးမယူထားတဲ့ ဆည်တဲရွာမြောက်ဘက်က ခြံစည်းရိုးတွေကို ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဖြိုဖျက်ပြီး ဒီညအထိ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောပါတယ်။

လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးချင်တာကြောင့် ခြံစည်းရိုးကိုဖြိုဖျက်တာလို့ ဆည်တဲရွာသူ မနွယ်နွယ်ဝင်းက ပြောပါတယ်။

"တုံ တို့၊ ဆည်တည်းတို့၊ မိုးကြိုးပြင်ရွာဒေသခံတွေက အဓိက ညီမတို့လျော်ကြေးလုံးဝယူထားခြင်းမရှိတဲ့ လယ်ယာမြေတွေကို ညီမတို့ပြန်လည်ထွန်ချင်တယ်၊ ကိုယ့်လယ်ယာမြေမှာကိုယ် ပြန်လိုချင်တယ်ပေါ့၊ အဲ့ဒီအတွက် သွပ်ဆူးကြိုးတွေချပြီးတော့ ညီမတို့ဘာသာညီမတို့ တုတ်၊ ဓါးလက်နတ်မပါဘူး ညီမဘာသာညီမတို့ရအောင်ဖြိုတယ်၊ ရဲအင်အား ၂ဝဝ၊ ၃ဝဝ လောက်က မြေစာပုံကို အကာအကွယ်ယူပြီးတော့ ဒေသခံတွေကိုလောလောဆယ် သေနတ်တွေနဲ့ချိန်ထားတယ်ပေါ့၊ အခုလက်ရှိအခြေအနေမှာ ညီမတို့က ကိုယ့်လယ်ယာမြေမှာကိုယ်ရရှိဖို့အတွက် သပိတ်စခန်းချပြီးတော့ ညအထိ ကျမတို့ သပိတ်စခန်းဖွင့်ဖို့ အစီအစဉ်ရှိပါတယ်"

ဆည်တဲ၊ တုံရွာ နဲ့ မိုးကြိုးပြင်ရွာက ဒေသခံတွေက လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့၊ ဒေါ်ခင်ဝင်းသေဆုံးမှုကို ဖော်ထုတ်အရေးယူပေးဖို့၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ တောင်းဆိုဆန္ဒပြကြ တာဖြစ်ပါတယ်။ ဆည်တဲရွာမြောက်ဘက် လယ်ကွင်းထဲမှာ သပိတ်စခန်းဖွင့်ဘို့ ဆုံးဖြတ် လိုက်တယ်လို့ လက်ပံတောင်းတောင်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း ၂ နာရီကျော်မကစပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေအတွင်း နေရာသုံးခုမှာ ဆန္ဒပြကြရာမှာ ဆည်တဲရွာမြောက်ဘက် ၀မ်ပေါင်ကုမ္ပဏီကကာထားတဲ့ ခြံစည်းရိုးတွေကို ဒေသခံတွေက ဆွဲခွာပြီး အတွင်းကိုဝင်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ခဲ့ပါတယ်။ သေနတ်သံကြားရတဲ့ အတွက် တခြားနေရာတွေမှာ ဆန္ဒပြသူတွေပါ ဆည်တဲရွာအနီးကို စုရုံးရောက်ရှိလာပြီး ခြံစည်းရိုးအတွင်းဝင်ပြီး ထိုင်သပိတ်မှောက်ကြတယ်လို့ ဆည်တဲရွာက ကျောင်းထိုင်ဆရာတော် ဦးအာလောက ကမိန့်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သပိတ်မှောက်သူတွေနဲ့ ပေ ၃၀ အကွာလောက်မှာပဲရှိနေကြပြီး ဒိုင်းကာရဲတစ်ယောက် သေနတ်ကိုင်ရဲတစ်ဦး စသဖြင့် ၂ ဦးတစ်တွဲစီနေရာယူထားတယ်လို့ ဆိုပါတယ်။ စုစုပေါင်း လုံထိန်း တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိပြီး သပိတ်မှောက်သူအင်အား ၄၀၀ ကျော်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ညနေပိုင်းမှာ လုံထိန်တပ်ဖွဲ့တွေအပြင် ၀မ်ပေါင်ကုမ္ပဏီ လုံခြုံရေးတွေ ထပ်မံရောက်ရှိလာပြီး ဆန္ဒပြသူတွေကို ၀ိုင်းတဲ့ပုံစံမျိုး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီနေ့မှာပဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်လောက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက်ဆန္ဒပြကြပါတယ်။

RFA Burmese

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>