နယူးယောက်၊ ဒီဇင်ဘာ ၃၁။ အမေရိကန်နိုင်ငံ အိုင်ဒါဟို ပြည်နယ်ရှိဟေဒင်မြို့ ဝဲလ်မတ် စတိုးဆိုင်ကြီး အတွင်း ဈေးဝယ်နေသည့် မိခင်တစ်ဦးသည် လက်ကိုင် အိတ် အတွင်းဘေးကင်း ရန်ကာ စေရန် အတွက် လိုရမယ်ရ ဆောင်ထားသည့် သေနတ်ကို သားငယ် နှစ်နှစ်သား လေးက စမ်းမိပြီး ယူ၍ ဆော့ကစား ရန်ကျိုး ပမ်းစဉ် ကျည်ထွက်သွားရာမှ ဒဏ်ရာရကာ သေဆုံးသွားခဲ့သည်။

ဟေဒင်မြို့မှ ဝဲလ်မတ် စတိုးဆိုင် ကြီးသို့ အသက် ၂၉နှစ်ရှိ ဗာရွန်နီကာ ဆိုသည့် အမျိုးသမီးသည် ကလေး တစ်သိုက်နှင့် ဈေးလာဝယ် ချိန်တွင် ယင်းသို့ သား ငယ် နှစ်နှစ်သားက သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိကာ သေဆုံးခြင်း ဖြစ်သည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗာရွန်နီကာ သည် လိုင်စင်ဖြင့် သေနတ် ကိုင်ဆောင်သူ ဖြစ်ကြောင်း၊ စတိုးဆိုင်ကြီး၏ နောက်ဖက် နားတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်းတာ ဝန်ရှိသူ များက ပြောသည်။ ပစ်ခတ်မှု ဖြစ်ပွားသဖြင့် ယင်းစတိုးဆိုင်ကြီးကို ပိတ်ထားခဲ့ပြီး သိပ်မကြာမီ ပြန်ဖွင့်ဖွယ်ရှိသည်။
သားငယ် ဖြစ်သူသည် စတိုးဆိုင်ကြီးတွင် အသုံးပြုသည့် ဈေးဝယ်လှည်း ပေါ်တွင် ထိုင်ကာ လိုက်ပါ လာခဲ့ခြင်း ဖြစ်ပြီး သေနတ်ကို စမ်းမိကာ ဆွဲထုတ် ချိန်ရွယ် စဉ်တွင် ကျည်ထွက်သွားခြင်း ဖြစ်သည်။ မျက်မြင်များနှင့် စီစီတီဗီ မှတ်တမ်းများ အရ သေနတ် ပစ်ခတ်မှုသည် မတော်တဆ ဖြစ်ခဲ့ခြင်းသာ ဖြစ်သည်ကို ရဲများ က စစ်ဆေးနိုင်ခဲ့သည်။ ဗာရွန်နီကာတို့ မိသားတစ်စုသည် ဘလက်ဖုမြို့ မှ ဆွေမျိုး သားချင်းများ ရှိရာ ဟေဒင်သို့  အလည်လာခြင်း ဖြစ်သည်။
ကလေးမှာ အသက် နှစ်နှစ်သာ ရှိသောကြောင့် သေနတ်အတွင်း ကျည်ရှိမရှိနှင့် သူ၏ လုပ်ရပ် အတွက် အကျိုးအပြစ်တို့ကို သုံးသပ် နိုင်ခြင်း မရှိခဲ့ပေ။ ပစ်ခတ် မှုဖြစ်ပွား၍ ဆေးဝန်ထမ်းများ အပြေးအလွား ရောက်ရှိ လာခဲ့သော်လည်း ဗာရွန်နီကာ၏ အသက်ကို အချိန်မီ ကယ်တင်နိုင်ခြင်း မရှိခဲ့ကြောင်း တာဝန် ရှိသူများ က ပြောသည်။
Ref: BBC
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-10/item/36039-2014-12-31-09-12-26