Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုမျိုး မဟုတ်သည့်အတွက် ပုံမှန်အတိုင်းသာ အမှုစစ်ဆေးပေးရန် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က တရားသူကြီး ဦးခင်ဝင်းအား တင်ပြ

$
0
0
Weekly Eleven News ဂျာနယ်နှင့် The Daily Eleven သတင်းစာတို့၏ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင်အယ်ဒီတာတို့အား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုထားသည့် အမှုမှာ နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုမျိုး မဟုတ်သည့်အတွက် အမှုအား ပုံမှန်အတိုင်းသာ စစ်ဆေးပေးပါရန် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေ တရားလွှတ်တော်ရှေ့နေဖြစ်သူ ဦးကြီးမြင့်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် တရားသူကြီး ဦးခင်ဝင်းအား ဒီဇင်ဘာ ၃ဝ ရက် ရုံးချိန်းတွင် တင်ပြခဲ့ကြောင်း သိရသည်။

Weekly Eleven News ဂျာနယ်နှင့် The Daily Eleven သတင်းစာတို့၏ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်၊ ဒုတိယအယ်ဒီတာချုပ်နှင့် အမှုဆောင်အယ်ဒီတာတို့အား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုထားသည့် သတ္တမမြောက်အမှု ရုံးချိန်းတွင် အမှုစစ်ဆေးစဉ်အတွင်း မြို့နယ်တရားသူကြီး ဦးခင်ဝင်းက တရားလိုအား စစ်ဆေးနေသည်မှာ ရုံးချိန်း လေးချိန်း ရှိပြီဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နောင်လာမည့် ရုံးချိန်းများတွင် နှစ်ရက်ဆက်တိုက် စစ်ဆေးရန် ချိန်းဆိုလိုကြောင်းနှင့် လာမည့်ရုံးချိန်းတွင် တရားလိုအား အပြီးအပြတ် စစ်ဆေးလိုကြောင်း စသည်တို့ကို ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ယခုအမှုကို ရက်သတ္တပတ် နှစ်ပတ်လျှင် ရက်ချိန်တစ်ချိန်းသာ ခေါ်ယူစစ်ဆေးမှု ပြုလုပ်ရာမှ မြို့နယ်တရားသူကြီး ဦးခင်ဝင်းအနေဖြင့် ရုံးချိန်းများ ဆက်တိုက်ခေါ်ပြီး အလျင်အမြန် အပြီးအပြတ် စစ်ဆေးလိုကြောင်း ပြောကြားလာမှုအပေါ် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေ ဦးကြီးမြင့်က ကန့်ကွက်တင်ပြခဲ့ ခြင်းဖြစ်သည်။

ထို့ပြင် တရားရုံးများ၌ သာမန်အမှု တစ်မှုချင်းစီကို စစ်ဆေးရာတွင် ကြာမြင့်ချိန် နာရီဝက်၊ တစ်နာရီအတွင်းသာ အများအားဖြင့် စစ်ဆေးလေ့ရှိပြီး အချို့အမှုကြီးများကိုမူ နှစ်နာရီခန့်အထိ အချိန်ယူ စစ်ဆေးလေ့ရှိသော်လည်း ယခု ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက တရားလိုအဖြစ် တရားစွဲဆိုထားသော အမှုတွင်မူ ရုံးချိန်းတစ်ချိန်းတွင် အမှုစစ်ဆေးချိန် နှစ်နာရီနီးပါး တစ်ခါတစ်ရံ နှစ်နာရီကျော် ကြာအထိ စစ်ဆေးတတ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၃ဝ ရက် ရုံးချိန်းတွင် တရားလို ဦးကျော်စိုးအား စစ်ဆေးရာ၌ အချိန်နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်တွင် ဝယ်ယူတပ်ဆင်ခဲ့သော ထိုစဉ်က တန်ဖိုးယူရို (၇၃၅ဝဝဝ) ခုနစ်သိန်းသုံးသောင်းငါးထောင်တန် စက်တစ်စုံလျှင် 4 Hi Tower နှစ်လုံး၊ Mono ယူနစ် နှစ်လုံးပါ စက်နှစ်စုံ ဝယ်ယူခဲ့ခြင်းအား သိရှိပါသလားဟု မေးမြန်းသည့်အပေါ် စက်ဝယ်ယူမှုကို သိရှိသော်လည်း ဈေးနှုန်း အတိအကျကိုမူ မသိရှိကြောင်း ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့ . . . . .

သို့ဖြစ်ရာ ယခု ရင်ဆိုင်နေရသော အမှုသည် နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုမျိုး မဟုတ်သည့်အတွက် သာမန်အမှုသေးမျိုးသာဖြစ်ပြီး အလောတကြီး စစ်ဆေးရန်မလိုဘဲ ပုံမှန်အတိုင်း အမှုစစ်ဆေးပေးရန် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေက ပြန်လည်ငြင်းချက် ထုတ်ခဲ့ရခြင်းဖြစ်ပြီး စွပ်စွဲခံရသူများ ဘက်ကလည်း လက်ခံခဲ့ခြင်း မရှိဘဲ ပုံမှန်အတိုင်း နှစ်ပတ်တစ်ကြိမ် ရုံးချိန်းသာ ခေါ်ယူရန် တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ရုံးချိန်းတွင် တရားလို ဦးကျော်စိုးအား စွပ်စွဲခံရသူ တစ်ဦးဖြစ်သည့် ဒေါက်တာသိန်းမြင့်၏ အကျိုးဆောင်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြန်လှန်မေးခွန်းများ စစ်မေးခဲ့သည်။

ထိုသို့ စစ်မေးရာတွင် တရားလို ဦးကျော်စိုးအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ယခင်ကတည်းက ဝယ်ယူထားသော ပုံနှိပ်စက်များအကြောင်းနှင့် ဈေးနှုန်းများ သိရှိခြင်း ရှိမရှိ အပါအဝင် အမှုနှင့် သက်ဆိုင်သော အခြားမေးခွန်းများကို မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ၂ဝဝ၉ ခုနှစ်တွင် ဝယ်ယူတပ်ဆင်ခဲ့သော ထိုစဉ်က တန်ဖိုးယူရို (၇၃၅ဝဝဝ) ခုနစ်သိန်းသုံးသောင်းငါးထောင်တန် စက်တစ်စုံလျှင် 4 Hi Tower နှစ်လုံး၊ Mono ယူနစ် နှစ်လုံးပါ စက်နှစ်စုံ ဝယ်ယူခဲ့ခြင်းအား သိရှိပါသလားဟု မေးမြန်းသည့်အပေါ် စက်ဝယ်ယူမှုကို သိရှိသော်လည်း ဈေးနှုန်း အတိအကျကိုမူ မသိရှိကြောင်း ဦးကျော်စိုးက ပြန်လည်ဖြေကြားခဲ့သည်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “အခု စွပ်စွဲခံရသူတွေဟာ နိုင်ငံတော်ပုန်ကန်မှု၊ ဖောက်ခွဲဖျက်ဆီးမှုတွေလို ကြီးမားတဲ့ ရာဇဝတ်မှုကြီးတွေ ကျူးလွန်ခဲ့သူတွေ မဟုတ်တဲ့အတွက် နောက်ပြီး အခု စွဲထားတဲ့ ပုဒ်မကလည်း ပုဒ်မ ၅ဝဝ သာ ဖြစ်တဲ့အတွက် အမှုကို ပုံမှန်အတိုင်းပဲ စစ်ဆေးပေးဖို့ တရားသူကြီးကို တင်ပြခဲ့ပါတယ်။ ပြီးတော့ အခု တရားစွဲခံထားရတဲ့ သူတွေဟာ နေ့စဉ်ထုတ် သတင်းစာနဲ့ အပတ်စဉ်ထုတ် ဂျာနယ်တွေရဲ့ တာဝန်အရှိဆုံးသူတွေ ဖြစ်တဲ့အတွက် လုပ်ငန်းမထိခိုက်စေဖို့ မီဒီယာလုပ်ငန်းရဲ့ သဘောသဘာဝကို ရှင်းပြပြီး အမှုကို မြန်မြန်စစ်ဆေးခြင်းထက် ပုံမှန်အတိုင်းပဲ စစ်ဖို့ တင်ပြခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းသို့ တင်ပြပြီးနောက်တွင် မြို့နယ်တရားသူကြီး ဦးခင်ဝင်းက ရုံးချိန်းရက် သတ်မှတ်ခြင်းကို နှစ်ပတ်စာအတွက် သတ်မှတ်ခဲ့ပြီး ဇန်နဝါရီ ၁၃ ရက်နှင့် ထိုရုံးချိန်းနှင့် တစ်ပတ်အကွာ ဇန်နဝါရီ ၂ဝ ရက်များကို ရုံးချိန်းသတ်မှတ်ကြောင်း၊ ထိုရုံးချိန်းများတွင် တရားလိုအား ပြီးပြတ်အောင် စစ်ဆေးလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင် စစ်အစိုးရ လက်ထက်က ကျွန်တော်တို့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက ပုဒ်မ ၅ဝဝ နဲ့ တရားစွဲခဲ့ဖူးပါတယ်။ အခု ပြန်ကြားရေးက တရားစွဲလို့ အမှုရင်ဆိုင်ရတာနဲ့ မတူပါဘူး။ အဲဒီတုန်းက ပုံမှန်အတိုင်းပဲ နှစ်ပတ်တစ်ကြိမ် စစ်ဆေးခဲ့ပါတယ်။ အခု ဒီမိုကရေစီ အစိုးရလို့ ဆိုတဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကျွန်တော်တို့ အစွဲခံရတဲ့ ဒီအမှုကို ကိုင်တွယ်စစ်ဆေးနေတာ အရင်နဲ့ မတူဘူး။ ပုံမှန် မဟုတ်ဘူး၊ ဖိအားများတယ်လို့ ခံစားရတယ်” ဟု ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့ နှစ်ရက်ဆက်တိုက် အမှုစစ်မယ်လို့ ပြောတာကို မဖြစ်နိုင်ကြောင်း ကန့်ကွက်ခဲ့ပါတယ်။ အခုစွဲထားတဲ့ ပုဒ်မ ၅ဝဝ ကို တခြား ဘယ်တရားရုံးမှာမဆို ဒီလိုမျိုး မြန်မြန်ဖိစစ်တာမျိုး မကြားဖူးဘူးလို့ ပြောခဲ့ပါတယ်။ ရန်ကုန်က တရားရုံးတွေဟာ အမှုတစ်ခုကို ပျှမ်းမျှအားဖြင့် အချိန်တစ်နာရီ ဝန်းကျင်လောက်ပဲ စစ်လေ့ရှိပါတယ်။ အခု ဒီတရားသူကြီးကတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီအထိ အချိန်နှစ်နာရီတောင် စစ်ပါတယ်။ ဒါကို နှစ်ရက်ဆက်တိုက်စစ်ဖို့ ထပ်ပြောလာတာပါ။ တကယ်တော့ ကျွန်တော်တို့က အမှုကိုကြန့်ကြာအောင်လုပ်တာ မဟုတ်ဘူး။ သူတို့က ငါးယောက်အထိ စွဲထားတာဆိုတော့ ငါးယောက်စလုံးရဲ့ အကျိုးဆောင်ရှေ့နေတွေက မိမိတို့ရဲ့ ခုခံချေပပိုင်ခွင့်အတွက် တရားလိုကို ဥပဒေအတိုင်း မေးသင့်တာ မေးရမှာပါ။ အမှုနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့အတွက် တရားစွဲဆိုမှုကနေ ဒေါက်တာသိန်းမြင့်နဲ့ ဦးမြတ်သစ်ကို ကင်းလွတ်ခွင့်ပြုဖို့ ဥပဒေအတိုင်း တင်ပြတာကိုလည်း တရားသူကြီးက ငြင်းပယ်ထားပါတယ်။ ကျွန်တော်တို့ကို ပုဒ်မ ၅ဝဝ နဲ့ တရားစွဲထားတဲ့အပေါ် တရားသူကြီးရဲ့ အမှုကိုင်တွယ် ဆောင်ရွက်ပုံက အခြားတရားရုံးတွေက ပုဒ်မ ၅ဝဝ အမှုတွေအတိုင်း စစ်သလား၊ မစစ်ဘူးလား၊ မျှတမှု မရှိဘူးလား၊ ဖိအားပေးသလားဆိုတာ ဆက်လက်စောင့်ကြည့်သွားမှာပါ။ အများပြည်သူနဲ့ မီဒီယာတွေ လာရောက်စောင့်ကြည့်ရင် အဖြစ်မှန်ကို သိရမှာပါ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။
-Eleven Media Group

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>