Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၅ တွင် တရားမျှတရေးနှင့် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လှုပ်ရှားမှုပြုလုပ်

$
0
0

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ ခုနှစ်တွင် မျှတစွာ တရားစီရင်ရေးနှင့် အကြမ်းဖက်မှုများ ပပျောက်ရေးအတွက် ရန်ကုန် အခြေစိုက် လူငယ်အဖွဲ့ ငါးဖွဲ့က ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့အင်လျားကန်ဘောင်တွင် သရုပ်ဖော်လှုပ်ရှားမှု တစ်ရပ်ပြု လုပ်ခဲ့သည်။

UU
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
လက်ပံတောင်းတောင်စီမံကိန်း ပဋိပက္ခတွင် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အပါအ၀င် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုများကို ရှုံ့ချကြောင်းနှင့် ၂၀၁၅ တွင် ထိုသို့အကြမ်းဖက်မှုများ မပေါ်ပေါက်ရေးအတွက် နှစ်သစ်ကူး ဆုတောင်းမှုများ ပြုလုပ်ကြခြင်းဖြစ်သည်။
ယင်း လှုပ်ရှားမှုတွင်ပါဝင်သည့် မခင်စန္ဒာထွန်းက “အကြမ်းဖက်ဖြိုခွင်းမှုတွေ ပပျောက်ဖို့နဲ့ ထိရောက်မှုရှိတဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ပေးဖို့ အဓိက ဆန္ဒပြုတယ်၊၂၀၁၄ မှာ တက်ကြွလှုပ်ရှားသူတွေ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်း လာတာတွေ တွေ့ရတယ်၊ “ဟု ၎င်းကဆိုသည်။

ထိုလှုပ်ရှားမှုတွင် "အကြမ်းဖက်ဖြိုခွင်းမှု ကင်းစင်သော နှစ်သစ်ဖြစ်ပါစေ၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာကြပါ" စသော စာတမ်းများကို ရေးသားထားကြပြီး တရားမျှတရေးအတွက် အမျိုးသမီးတစ်ဦး တရားစီရင်ပုံဖြင့် သရုပ်ဖော်မှုများ ပြုလုပ်ခဲ့သည်။
၎င်းဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်သည့်ကို သက်ဆွေဝင်းက“လူထုလှုပ်ရှားမှုတွေကို ဖမ်းဆီးတာမျိုးမဟုတ်ဘဲ တွေ့ဆုံညှိနှိုင်းတဲ့နည်းနဲ့ အဖြေရှာဖို့ တောင်းဆိုတာပါ”ဟု ဆိုသည်။
၎င်းကဆက်၍ လက်ပံတောင်းဒေသခံများ၊ မိချောင်းကန် ပြည်သူများ၊ ကျောင်းသားအဖွဲ့အစည်းများနှင့် အရေးပေါ်တွေ့ဆုံရန် လိုအပ်သည်ဟု ပြောသည်။

၂၀၁၄ ခုနှစ် အတွင်း ဆန္ဒပြ သပိတ်စခန်း ဖွင့်လှစ်သူများ အကြမ်းဖက် နှိမ်နှင်းမှုများ ရှိခဲ့ပြီး ဆန္ဒပြသူများကို တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။

ယင်းအပြင် ၂၀၁၄ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် လက်ပံတောင်းဒေသရှိ မိုးကြိုးပြင်ရွာနှင့် ဆည်တဲရွာတို့မှ မြေယာလျော်ကြေး မယူထားသော မြေယာများကို ဝမ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်သည်ကို ဒေသခံတောင်သူများက တားဆီးရာမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေနတ်ဖြင့်ပစ်၍ အကြမ်းဖက် ဖြိုခွဲခဲ့သောကြောင့် မိုးကြိုးပြင် အလယ်ရွာမှ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဆည်တည်းရွာမှ အမျိုးသားနှစ်ဦး သေနတ် ဒဏ်ရာ ရခဲ့သည်။

ယင်းအပြင် လက်ပံတောင်းတောင် ပဋိပက္ခနှင့်ပတ်သက်၍ ဒီဇင်ဘာ ၂၉ ရက်က တရုတ်သံရုံး အနီးဆန္ဒပြခဲ့ သူများအနက် ဆန္ဒပြခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဦးနေမျိုးဇင်နှင့် ဒေါ်နော်အုန်းလှ အပါအဝင် လူလေးဦးတို့ကို ဒဂုံမြို့နယ်ရဲတပ်ဖွဲ့နှင့် တိုင်း၊ ခရိုင်ဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးပြီး ဒဂုံမြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူကာ ထိန်းသိမ်းထားခဲ့သည်။
လက်ပံတောင်းတောင်အရေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ဦးနေမျိုးဇင် အပါအဝင်သုံးဦးကို ဒဂုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးသောင်းစိန်က တရားလိုပြုလုပ်၍ ဆဲဆိုမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ ရုန်းရင်ဆန်ခတ်ဖြစ်မှု၊ အားပေးကူညီမှု၊ အစုအဖွဲ့အလိုက် အားပေးရန် ဖြစ်စေမှုတို့အတွက် ပြစ်မှုပုဒ်မ ၂၉၄(ခ)/၃၅၃/၁၄၇/၅၀၆/ ၁၄၉/၅၀၅(ခ)/၁၁၄ ဖြင့် အမှုဖွင့်ပြီး မြို့နယ်တရားရုံးသို့ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

Mizzima
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36076-2014-12-31-15-14-59

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>