Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နိုဝင်ဘာလဆန်း ပြုလုပ်မည်ဟုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

$
0
0
ပြည်သူတွေ မိမိနံမည်မဲစာရင်းမှာ ပါဝင်ကြဖို. တာဝန်ကျေပွန်ကြပါ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁- ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကို အောက်တို ဘာလကုန်၊ နိုဝင်ဘာလဆန်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက် ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ပြည့်စုံမှန်ကန်သည့်မဲစာရင်း လိုအပ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ယနေ့ဇန်နဝါရီ ၁ရက်က ထုတ်ပြန်ကြေညာလိုက်သည်။

ရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးရွေးကောက်တင်မြှောက်ခွင့်ရှိပြီး မဲပေးနိုင်ရန်အတွက် မဲစာ ရင်းကြေညာသည့်အခါ သွားရောက် ကြည့်ရှုရန် လိုအပ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသိန်းဦးက'' ပြည့်စုံမှန် ကန်တဲ့မဲစာရင်းဖြစ်ဖို့ မဲစာရင်းကောက်ယူတဲ့အခါမှာ မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ မိမိအမည် ပါဝင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ မဲစာရင်းပြုစုပြီးလို့ ထုတ်ပြန်ကြေညာတဲ့အခါမှာလဲ မဲစာ ရင်းမှာ မိမိအမည်ပါ၊ မပါ ကြည့်ပါ။ မပါရင် ဖြည့်စွက်ဖို့လိုပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်ဖို့ ရည်ရွယ် ပြီး ထုတ်ပြန်တာဖြစ်ပါတယ်'' ဟု ပြောသည်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်း အား ၂၀၁၄ ခုနှစ်နိုဝင်ဘာလမှ စတင်ကာ ဆောင် ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအထိ ပြုစု သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက် ပွဲဥပဒေတွေနဲ့အညီ လွတ်လပ်မျှတတဲ့ရွေး ကောက်ပွဲဖြစ်အောင် ဆောင်ရွက် ဖို့မျှော်လင့်ပါတယ်။ ပြည်သူလူထုအနေနဲ့လဲ မဲပေးပိုင်ခွင့်ဆိုတာ ကိုယ့် တိုင်းပြည်ရဲ့ ကံကြမ္မာကို ဖန်တီးမယ့် ကိစ္စဖြစ်တဲ့အတွက် အခုအချိန်ကစပြီး ပူးပေါင်းပါဝင်ဖို့လိုတယ်။ ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်က ဖိတ်ခေါ်လာတဲ့အခွင့်အ ရေးကို ပြည်သူလူထုဘက်ကလဲ ထိထိမိမိအသုံးချပါလို့ တိုက်တွန်းချင်ပါ တယ်''ဟု ပြောသည်။

မဲဆန္ဒရှင်စာရင်း ပြုစုခြင်းကို အဆင့်သုံးဆင့်ခွဲကာ ပြုစုဆောင် ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ၁ဝမြို့နယ်နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များတွင် ကောက်ယူ ပြုစုလျက်ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲစောင့်ကြည့် လေ့ လာရေးလုပ်ငန်းစဉ်များ လုပ်ဆောင် လျက်ရှိသည့် အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည့် hornbill organization အဖွဲ့ဒါရိုက်တာ ကိုချန်လျန်က''သန့် ရှင်းပြီး တရားမျှတတဲ့ရွေးကောက် ပွဲ ဖြစ်ဖို့အတွက် ပညာပေးလုပ်ငန်းတွေနဲ့ စောင့်ကြည့်လေ့လာရေးလုပ်ငန်းတွေ ဟာ အင်မတန်အရေးကြီးပါတယ်။ပြည်သူလူထု ပူးပေါင်းပါဝင်မှုဟာ အင်မတန် အရေးကြီးပါတယ်။ ပြည်သူလူထု ပူးပေါင်းပါဝင်မှုမြင့်တက်လာအောင် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အသိပညာပေးတာ၊ ဖြန့်ချိတာ၊ နှိုးဆော် တာတွေ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားပါ တယ်''ဟု ပြောသည်။

မဲဆန္ဒရှင် ပြည်သူများအနေ ဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်တောင်းခံနိုင်ပြီး၊ အချက်အလက်များမှားနေလျှင် ပုံစံ (၄-ဂ) ပြင်ဆင် ရန် လျှောက်ထား နိုင်ကာ မဲပေးပိုင်ခွင့်မရှိသူများ ပါနေပါက ပုံစံ(၄) ဖြင့် ကန့် ကွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားသည်။

မြို့နယ်တစ်ခုမှ အခြားမြို့နယ် တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ပါက အိမ်ထောင်စု စာရင်းပုံစံ(၆၆/၆)မပြောင်းလျှင် မိမိ၏အမည်သည် ယခင်နေထိုင်ခဲ့သည့် မြို့နယ် မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်ကြောင်းလည်း ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။

မဲစာရင်းပြုစုရာတွင် ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပုံစံ ၁၀ ရှိရာမူလနေထိုင်သည့်မြို့နယ်တွင် သာ မဲစာရင်းတွင်အမည်ပါရှိမည် ဖြစ်ပြီး လက်ရှိနေထိုင်သည့်မြို့နယ် တွင်မဲပေးလိုပါက ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း သက်ဆိုင်ရာမြို့ နယ်ကော်မရှင်အဖွဲ့ခွဲတွင် လျှောက်ထားပြီး လက်ရှိနေထိုင်ရာ မြို့နယ် တွင် မဲပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

HM
‪#‎Democracytoday‬

Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ