Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ဂျပန်က မြန်မာပြည်မှ ပြန်ဆပ်ရမည့်အကြွေး ယန်း ၃၀ဝ ဘီလျံ လျှော်ပေးရန်ရှိ

$
0
0
မဲခေါင်မြစ်ဝှမ်းနိုင်ငံ့ခေါင်းဆောင်များအား ဂျပန်ဘုရင် အာကီဟီတိုက ဘုရင့်နန်းတော်ဝယ် လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံပွဲပြုလုပ်ရာ သမတဦးသိန်းစိန်နှင့်အတူတွေ့ရစဉ် (reuters )

source: Asahi Shimbun | Bloomberg
မြန်မာပြည်သည် ဂျပန်ပြည်မှချေးယူထားသော အကြွေးတို့ကို ပြန်ဆပ်ရန်အခက်အခဲရှိနေသဖြင့် ယန်း ၃၀ဝ ဘီလျံကို ဂျပန်က လျှော်ပေးမည်ဟု သိရသည်။ ဧပြီလ ၂၁ ရက်နေ့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ်Yoshihiko Noda တို့ တွေ့ဆုံကြသောအခါ သဘောတူညီမှု စာချုပ်ချုပ်ကြလိမ့်မည်ဟု သတင်းများကဆိုသည်။

မြန်မာပြည်သည် ၁၉၆၇ မှ ၁၉၈၇ ခုနှစ်များအတွင်း ဂျပန်နိုင်ငံမှ ယန်း ၄၀၃ ဘီလျံချေးယူထားခဲ့ပြီး အတိုးနှင့်အရင်း စုစုပေါင်း ယန်း ၅၀ဝ ဘီလျံကျော်ခန့် ပြန်ဆပ်ရန်ရှိသည်ဟု သိရသည်။ ပထမအဆင့်အနေဖြင့် ၂၀ဝ၂ ခုနှစ်ကတည်းက ဂျပန်နိုင်ငံသည် မြန်မာပြည်၏အကြွေး ယန်း ၁၂၇.၄ ဘီလျံကို လျှော်ပေးရန် စဉ်းစားခဲ့သော်လည်း စစ်အစိုးရနှင့်အဆင်မပြေသဖြင့် အောင်မြင်မှုမရခဲ့ပေ။ ဒုတိယအဆင့်အနေဖြင့် အတိုးနှင့်ဒဏ်ကြေးများ ယန်း ၁၇၆.၁ ဘီလျံကို လျှော်ပေးရန်ဖြစ်ပြီး ၎င်းးမှာ တစ်နှစ်အတွင်း မြန်မာပြည်၏ ဒီမိုကရေစီဖေါ်ဆောင်မှုတို့ကြောင့် ဖြစ်ကြောင်းသိရသည်။ ထို့နောက် ပေးဆပ်ရန်ကျန်ရှိနေသည့်အကြွေး ယန်း ၁၉၈.၉ ဘီလျံကို ဂျပန်အစိုးရနှင့် ဂျပန်စီးပွားရေးinstitutionတို့မှ အကြွေးသစ်ချေးယူပြီး ပြန်ဆပ်မည်ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့ Sophia တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ Kei Nemoto က အဆင့်နှစ်ခုစုစုပေါင်း ယန်း ၃၀ဝ ဘီလျံမှာ မြန်မာပြည်၏အကြွေး ယန်း ၅၀ဝ ဘီလျံအတွက် ၆၀% ကို လျှော်ပေးခြင်းဖြစ်ကြောင်း သိရပြီး လုပ်အားခနည်းပါးမှု၊ သသဘဝအရင်းအမြစ် ကြွယ်ဝမှု၊ သမိုင်းကြောင်းဆက်စပ်မှုများနှင့် တရုတ်၏လွှမ်းမိုးလာမှုတို့ကြောင့် မြန်မာပြည်သည် ဂျပန်အတွက် အရေးကြီးသော နိုင်ငံတစ်ခုဖြစ်နေသဖြင့် ယခုကဲ့သို့ လျှော်ပေးရန်စဉ်းစားခြင်းဖြစ်ကြောင်း ဆိုသည်။

မောင်သစ်စိမ်း (MMCP)



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>