Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

သာဓု .. သာဓု .. သာဓုပါဗျာ

$
0
0
သာဓု .. သာဓု .. သာဓုပါဗျာ
ယခုနှစ်သင်္ကြန်တွင် ကုသိုလ်၊ ဗေလုဝ၊ မေတ္တာစသည့် သင်္ကြန်မင်းသားများသည် ရန်ကုန်မြို့ရှိ မြို့နယ်အသီးသီးတို့တွင် “သာဓုပါဗျာ” သံချပ်အဖွဲ့ဖွဲ့စည်း၍ လိုက်လံဖျော်ဖြေတင်ဆက်ခဲ့ရာ အလှူငွေများ ရရှိခဲ့ပြီးသည့်နောက် နှစ်သစ်ကူးအချိန်ကာလတွင် လူမှုရေးအသင်းအဖွဲ့များသို့ မိမိတို့ ဖျော်ဖြေရေးမှ ရရှိ သော အလှူငွေများထဲမှ အချိုးကျ တစ်ဆင့်လှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြသည်။

၂၁.၄.၂၀၁၂ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ “သာဓု ပါဗျာ” သံချပ်အဖွဲ့(ကုသိုလ်၊ ဗေလုဝ၊ မေတ္တာ၊ အရိုင်း)တို့မှအလှူငွေကျပ် (၅) သိန်းနှင့် မေတ္တာ + လွင်မီမီကို (မိသားစု)မှ (၁)သိန်းကျပ်၊ မေတ္တာမြင့်မြတ်ဟိန်းနှင့် (၇) ရက်သားသမီးမှ (၃) သောင်းကျပ်၊ ငြိမ်းချမ်းနိုင်+မဇင်မာအေးနှင့် သမီးတို့မှ (၁) သောင်းကျပ်၊ မောင်ဇေယျာမင်း+မစောမြတ်မွန် ၉ခ) မအိမွန်တို့၏ မင်္ဂလာဦးအလှူအဖြစ် (၅) သောင်းကျပ်တို့အား အသီးသီးလှူဒါန်းခဲ့ကြသည်။ “သာဓုပါဗျာ” အဖွဲ့သားများအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များအား လိုက်လံရှင်းလင်းပြသခဲ့ကာ မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းအလှူဒါနပွဲသို့ ပြည်တွင်းသတင်းမီဒီယာများမှလည်း လာရောက်၍ မှတ်တမ်းတင်ခဲ့ကြ သည်။

မြန်မာနိုင်ငံတွင် သင်္ကြန်အချိန်ကာလအတွင်း သံချပ်တည်းဟူသော စကားလုံးကို မကြားမမြင်ခဲ့ ရသည်မှာ နှစ်ပေါင်းသုံးဆယ်နီးပါးခန့် ရှိခဲ့ပြီဖြစ်ရာ ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်တွင် ပြန်လည်၍ သံချပ်အဖွဲ့များဟူ၍ ရှင်သန်လာမှုသည် ပြည်သူ/သားများအတွက် များစွာဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။ သံချပ်ဟူသောစကားသည် အများပြည်သူလူထုတို့၏ ဟစ်တိုင် ဆိုလျှင်လည်း မမှားချေ။ မြန်မာပြည်တွင်းရှိ ပြည်သူလူထုတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ အကြောင်းအရာများအား ဟစ်တိုင်သဖွယ် တီးလုံး သံစဉ်တို့ဖြင့် ပြည်သူလူထုကိုယ်စား ဖျော်ဖြေတင်ဆက်ရသော တင်ဆက်ပြသမှုတစ်ရပ်ပင် ဖြစ်သည်။

ထို့ကြောင့် ပြည်သူလူထုကိုယ်စား ဟစ်တိုင်သဖွယ် တောင်းဆိုမှုများကို ၂၀၁၂ ခုနှစ်တွင် ပြန်လည် ၍ ထိုးဖောက်ကာ သံချပ်သမိုင်းကို ပြန်လည်ကာ ရဲရဲဝံ့ဝံ့ဦးဆောင်ဖော်ထုတ်ခဲ့သော အဖွဲ့များအနက် ယခု “သာဓုပါဗျာ” အဖွဲ့အား လှူဒါန်းမှုအစုစုနှင့် ဖျော်ဖြေမှုအစုစုတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ သာဓု .. သာဓု .. သာဓု ဟုခေါ်ဆိုလိုက်ပါတော့သည်။

ကိုကျော်သူ





Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...