Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

ကျမ်းကျိန် စာသား ၃ မျိုး အပေါ် ဥပဒေပညာရှင်နဲ့ လွှတ်တော်အမတ်များအမြင်

$
0
0

မြန်မာနိုင်ငံမှာ သမ္မတနဲ့ ဒုသမ္မတ ကျမ်းကျိန်ရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာသားနဲ့ လွှတ်တော်အမတ်တွေ ကျိန်ဆိုရတဲ့ စာသား ကွဲလွဲနေသလို၊ နိုင်ငံရေးပါတီထောင်ဖို့ ကတိပြုရတဲ့ ဖွဲ့စည်းပုံဆိုင်ရာ စာသားလည်း ကွဲလွဲနေပါတယ်။

လတ်တလောမြန်မာ့နိုင်ငံရေးမှာ လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ် ကျမ်းသစ္စာကျိန်ဆိုရမယ့် စာသားနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချု...ပ်က ပြင်ဆင်ပေးဖို့တောင်းဆိုနေပြီး၊ အစိုးရလက်အောက်ခံ အခြေခံဥပဒေခုံရုံးကလဲ ပြင်ပေးဖို့ငြင်းဆန်နေတာတွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့လေ့လာကြည့်တဲ့အခါ ကျန်းကျိန်ရတဲ့ပုံစံတွေမှာ နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေ ကျိန်ဆိုရတဲ့ စာသားနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကျိန်ဆိုရတဲ့စာသား ကွဲလွဲနေတာတွေ့ရသလို၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာ ကတိပြုရတဲ့စာသားကလဲ နောက်တမျိုး ဖြစ်နေတဲ့အတွက် ၃ မျိုး ကွဲနေတာတွေ့ရပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုသမ္မတတွေကျမ်းကျိန်ရတဲ့ ပုံစံထဲကစာသားမှာ 'ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိ လိုက်နာရိုသေပြီး'- လို့ ရေးသားထားပြီး၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကျိန်ဆိုရတဲ့ ပုံစံစာရွက်ထဲမှာတော့ 'ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး' လို့ ရေးသားထားပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်ကို လေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ သမ္မတက ပြောင်းလဲပေးခဲ့ပါတယ်။

ဒါကြောင့် အစိုးရတစ်ဖွဲ့ အခြေခံဥပဒေတခုပဲ ရရှိတဲ့ နိုင်ငံတခုမှာ အကြောင်းအရာ တခုတည်း အပေါ် ဘာကြောင့် ၃ မျိုးကွဲနေတာလဲ၊ ဥပဒေသမား ရှုထောင့်အနေနဲ့ ဥပဒေအကြံပေး ဦးအောင်သိန်းက အခုလိုပြောပါတယ်။

"တကယ်တော့ ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ရေးအတွက်ကို ဒီက တောင်းဆိုလိုက်တဲ့အခါ သမ္မတကိုယ်တိုင် ပြင်ပေးလိုက်တယ်ပေါ့ဗျာ။ အဲဒီအချိန်မှာ ဖွဲ့စည်းပုံ ပြင်ပေးပါလို့ ကျနော်တို့ ဘာမှ ပြောခွင့် မရှိဘူးလေ။ ဘာလို့လဲဆိုတော့ ကိုယ်စားလှယ်မှ မဟုတ်သေးဘဲနဲ့ဟာကိုး။

ကိုယ်စားလှယ် ဖြစ်တဲ့အခါကျတော့ ကျနော်တို့က ဖွဲ့စည်းပုံနဲ့ တိုက်ရိုက် သက်ဆိုင်လာပြီ။ ယခင်ကလည်း ဒီ ဝေါဟာရ အပေါ်မှာ ပြင်ပေးထားတယ်။ အခုလည်း ထပ်ပြင်ပေးဖို့ တောင်းဆိုတာက မှားတယ်လို့ ကျနော် မထင်ဘူးဗျ။ ဖွဲ့စည်းပုံမှာ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို ပြင်မယ် ဆိုရင်တော့ ၇၅ ရာခိုင်နှုန်းမဲ အရေအတွက်၊ နောက်တခါ လူထု ထောက်ခံ ဆန္ဒမဲတွေနဲ့မှ ပြင်ရမယ်ဆိုတဲ့ ဟာ။

ကျနော့်အမြင် ပြောရမယ်ဆိုရင်တော့ဗျာ။ ပုဒ်မကြီး တခုလုံး ပြင်တာ မဟုတ်တဲ့အတွက် ဒါပြင်သင့်ပြင်ထိုက်တယ်။ သမ္မတနေနဲ့လည်း
ပြင်ပိုင်ခွင့်ရှိတယ်လို့ ကျနော် မြင်တယ်။"

အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် နိုင်ငံတကာမှာရော အခုလို ခွဲခြားသတ်မှတ်ချက်မျိုးတွေ ရှိပါလားလို့ အိန္ဒိယနိုင်ငံရောက် ၁၉၉၀ လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေကို မေးကြည့်တဲ့အခါမှာ-

"နိုင်ငံတကာမှာကတော့ မြန်မာပြည်လို ကျမ်းကျိန်ဖို့ ကိစ္စမှာ ပြဿနာရှိတယ်
လို့ တော့ ကျနော် မတွေ့ဖူးဘူး။ နောက်တခုက ဒီ အခြေခံဥပဒေ ဆိုတာက ရေးပြီးတော့ ပြင်ဖို့ အင်မတန်မှ လွယ်ရတဲ့ ကိစ္စကတော့ တကမ္ဘာလုံးမှာပါပဲ ခင်ဗျ။ ရေးပြီးသားဟာကို ပြင်မရအောင်လုပ်တယ်ဆိုတဲ့ အချက်ကိုက ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာကိုက လွဲခဲ့တာပေါ့ဗျာ။

ကျမ်းကျိန်ဖို့ ကိစ္စမှာ စကားလုံးလွဲနေတာတွေကတော့ သေသေချာချာပဲ မတူအောင်လုပ်ခဲ့ကြသလားလို့တော့ ကျနော်တို့က သံသယရှိကြတယ်။ ဘာကြောင့်လဲဆိုတော့ ဗမာပြည်မှာက အုပ်ချုပ်ရေးပိုင်းမှာ လုပ်နေကြတဲ့ အရာရှိ အရာခံ အကြီးအငယ်တွေ အကုန်လုံးဟာ ဖွဲ့စည်းပုံက အသစ်၊ အစိုးရက အသစ် ဖြစ်သော်ငြားလည်းဘဲ အတွေ့အကြုံများပြီးသား၊ မှားစရာတော့ မရှိဘူးဗျ။ အဲဒီလိုလွဲတယ်ဆိုရင်တော့ တမင်တကာကို လွဲအောင်လုပ်ဖို့ ပုဂ္ဂိုလ်တွေ အထဲမှာ မမြင်ရတဲ့ လက်တွေရှိသလားလို့ ကျနော်တို့ သံသယ ၀င်ရတော့မှာပေါ့။ "

တခါ ဒီပြဿနာအပေါ်မှာ ပြည်တွင်းနိုင်ငံရေးသမားတယောက်ရဲ့ အမြင်သိရအောင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးလှစောကိုလည်း မေးကြည့်ပါတယ်။

"အဓိကကတော့ အားကြီးသူနဲ့ အားနည်းတဲ့သူမှာ သဘောထားကြီး ရမှာကတော့ တကယ့်ကို အပေါ်က ရောက်နေတဲ့သူ၊ နောက် ဥပဒေကို ပြုပြင်နိုင်စွမ်း ပါဝါရထားတဲ့သူတွေက သဘောထားကြီးကြီးနဲ့ လုပ်ပေးလိုက်မယ်ဆိုရင် အားလုံး ချစ်ချစ်ခင်ခင် ဖြစ်သွားပြီးတော့ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လွှတ်တော်ကြီးတခု ဖြစ်တာပေါ့။

ဗမာပြည်သူတွေကလည်း ၂၃ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာမယ်ဆိုပြီးတော့ မျှော်လင့်ထားတာ။ စဉ်းစားကြည့်ပေါ့ဗျာ။ လူတွေ စိတ်ထဲဘာဖြစ်သွားမလဲ။ လူတွေက အပြောင်းအလဲကို သိပ်လိုချင်ကြတာ။ တာဝန်ရှိတဲ့သူတွေက သဘောထားကြီးကြီးနဲ့ အကောင်းဆုံး လုပ်ပေးကြပါဗျာ။ ကျနော်တော့ မေတ္တာရပ်ခံချင်ပါတယ်။"

နှစ်ပေါင်းများစွာ အကြပ်အတည်း ဆိုက်ခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလိုကမ္ဘာ့အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု၊ နွေးထွေးတဲ့ဆက်ဆံမှုတွေ ရလာပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ကိုယ်စားလှယ်တွေ ပါဝင်လာမယ့် လွှတ်တော်ဖြစ်လာဖို့ ဒီစကားရပ်ကိစ္စ တခုတည်းနဲ့ ရှေ့မတိုး နိုင်ဘဲ ရပ်တန့်နေဦးမှာလား ဆိုတာကလည်း လူတွေကြားမှာ ဒီကနေ့ပြောနေကြတဲ့ အကြောင်းအရာတခု အဖြစ်တွေ့နေရကြောင်း တင်ပြလိုက်ရပါတယ်။

Rfa



Viewing all articles
Browse latest Browse all 32865

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>