Quantcast
Channel: dawnmanhon
Viewing all articles
Browse latest Browse all 32865

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် စာရင်းဝင် ၅ ဦး

$
0
0

မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း ဂုဏ်ပြုမည့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု တတိယအကြိမ် ရွေးချယ်ပေးအပ်ဂုဏ်ပြုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် နယူးယောက်မြို့၌ ၂၀၁၂ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပါသည်။

အဆိုပါဆုအတွက် လူပုဂ္ဂိုလ် အဖွဲ့အစည်းတို့၏ အမည်စာရင်းများတင်သွင်းခြင်းကို မတ်လ ၃၁ ရက်နေ့အထိ လက်ခံခဲ့ရာ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၃၃ ဦးအား အဆိုပြုခဲ့ပါသည်။ ဧပြီလ ၁၆ ရက်နေ့တွင် ယင်းတို့အနက် ၂၀ ဦးကို ဂုဏ်ပြုပွဲအခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက ပဏာမ ရွေးချယ်ခဲ့ပါသည်။

ထိုပဏာမ အမည်စာရင်းမှ ဆန်ခါတင် ၅ ဦးကို အမေရိကန်ပြည်ထောင်စုအတွင်းနှင့် ပြည်ပနိုင်ငံများရှိ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များနေထိုင်ရာ မြို့အသီးသီးက ဧပြီလ ၂၂ ရက် ရက်နေ့တွင် ရွေးချယ်ခဲ့ကြပြီး စုစုပေါင်း ဆန္ဒမဲအများဆုံးရရှိသူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဦးဖိုးဖြူ (ခ) ဦးရန်နိုင်အောင်

၂။ လဖိုင်နော်မိန်း

၃။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

၎။ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ

၅။ ဒေါ်သန်းမြင့်အောင်

ပြည်သူ့ဂုဏ်ရည်ဆုအတွက် အင်တာနက်မှ ဆန္ဒပြု ရွေးချယ်ခြင်းမပြုမီ ဆန္ဒပြုကြမည့် ပြည်တွင်းပြည်ပရှိ မိသားစုအသိုင်းအဝိုင်းများအနေဖြင့် ဆန်ခါတင်စာရင်းဝင် ၅ ဦး/ဖွဲ့၏ လုပ်ဆောင်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ရန်အတွက် ဆန္ဒမဲ စတင်ပေးရမည့်နေ့ကို ယခင် စီစဉ်သတ်မှတ်ထားသော ‘နောက်ဆုံးဆန်ခါတင် ငါးဦး/ဖွဲ့ကို သတ်မှတ်ကြေညာပြီးချိန်မှ ခုနစ်ရက်အတွင်း’ အစား မေလ ၁၂ ရက်သို့ ပြောင်းရွှေ့လိုက်ပါသည်။

သို့ပါ၍ အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းစံတော်ချိန် မေလ ၁၁ ရက် (သောကြာနေ့) ည ၁၂ နာရီ မှ မေလ ၂၅ ရက် (သောကြာနေ့) ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပါသည်။

ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၂၇ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ ။

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်

ကိုဝေလ (၀၁) ၆၄၆ ၄၆၂ ၉၀၁၇
ကိုဝင်းသူအောင် (၀၁) ၇၀၂ ၃၀၈ ၀၆၆၇
ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇
ကိုထိန်လင်း (၀၁) ၄၁၅ ၅၃၁ ၃၇၆၁
ကိုတင်မောင်အေး (၀၁) ၆၃၁ ၂၅၂ ၈၇၇၆

Htein lin



Viewing all articles
Browse latest Browse all 32865

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>