Quantcast
Viewing all articles
Browse latest Browse all 32865

အဖွဲ့အစည်းနှင့် တရားရေးပူးပေါင်းပြီး နိုင်ငံသားတစ်ဦးအပေါ် အနိုင့်အထက်ပြုကျင့်မှု(ပေးစာ)

မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ဂေါပက အဖွဲ့ပိုင် အိုးစည်တန်းရှိ ဆိုင်ခန်းတစ်ခန်းကို ဦးအောင်တင့်စန်း က ၀ယ်ယူပိုင်ဆိုင်ထားပါသည်။ ဆိုင်ခန်း၏ နောက်ဖေးဝင်ထွက်ပေါက် လုံခြုံစိတ်ချမှုရှိရန် အတွက် ဂေါပကရုံးမှ ခွင့်ပြုချက်ရရှိပြီးမှ ပြုပြင်ရာ ဂေါပကအဖွဲ့မှ ဦးစန်းလွင်ဦး၊ ဦးခင်မောင်မြင့်နှင့် အဖွဲ့က ဆိုင်ရှင်ခွင့်ပြုချက်မတောင်းပဲ ဆိုင်ခန်းအတွင်း ၀င်ရောက်ဟန့်တားခဲ့ရာမှ နှစ်ဖက်အငြင်းပွားခဲ့ပါသည်။ ဘုရားကြီးဂေါပကအဖွဲ့က ဦးအေင်တင့်စန်း အပေါ် လုံးဝမရှိသော ဘုရားအုတ်တံတိုင်း ဖျက်ဆီးမှုနှင့် အမှုဖွင့် အရေးယူခဲ့တဲ့အတွက် ဦးအောင်တင့်စန်းမှာ ချမ်းမြသာစည်မြို့နယ် တရားရုံးကနေ အဆင့်ဆင့် တရားရုံးများသို့ အချိန်ကြာမြင့်စွာ ဖြေရှင်းခဲ့ရပါသည်။

ဦးအောင်တင့်စန်းက မိမိဆိုင်ခန်းအတွင်း ခွင့်ပြုချက်မတောင်းပဲ ၀င်ရောက်ခြိမ်းခြောက် ဟန့်တားခဲ့ကြသော ဘုရားကြီး ဂေါပကအဖွဲ့မှ ၀န်ထမ်းများအပေါ် ပြန်လှန် အမှုဖွင့်တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက် ခြင်းမရှိပဲ အမှုကို ပလပ် ခဲ့ပါသည်။ ဦးအောင်တင့်စန်းအပေါ် စွဲဆိုထားသည့်အမှုက ချမ်းမြသာစည် တရားရုံး မှ စစ်ဆေးမှုမှာ ဘက်လိုက်မှုများပေါ်ပေါက်ခဲ့လို့ ရုံးပြောင်းခွင့် လျှောက်ထားပြီး ပြည်ကြီး တံခွန်မြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေး အမိန့်ချမှတ်ရာမှာ အမှုကို မှားယွင်းမှုအဖြစ်သတ်မှတ်ပြီး ဦးအောင်တင်စန်းကို အမှုမှ အပြီးအပြတ် လွှတ်ပေးခဲ့ပါသည်။ ဦးအောင်တင့်စန်းအနေနှင့် အချိန်တစ်နှစ်မျှ ရင်ဆိုင်ဖြေရှင်းရခြင်း အမှန်မရှိသော အုတ်တံတိုင်း ဖျက်ဆီးသည်ဟု မမှန်စွပ်စွဲ ခဲ့ခြင်းတို့အပေါ် မကျေနပ်သဖြင့် ၄င်းအား အပြီးပြတ်လွှတ်ပေးပြီးချိန်မှာ တိုင်ကြားသူများအပေါ် ဂုဏ်သိက္ခာထိခိုင် နစ်နာ အောင် ဆိုင်ရွက်ခဲ့ခြင်းနှင့် မမှန်စွပ်စွဲတိုင်ကြားခဲ့ခြင်းများအတွက် အရေးယူပေးရန် အမှုဖွင့် တိုင်ကြားခဲ့ ပါသည်။

ချမ်းမြသာစည်မြို့နယ်တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ဥမ္မာအေးက လက်ခံကြားနာပြီး အမှုကို စုံစမ်းစစ်ဆေးစေရန် အမှတ်(၁၀) ရဲစခန်းသို့ တာဝန်ပေးအပ်ခဲ့ပါသည်။ အမှတ်(၁၀) ရဲစခန်းမှ စခန်းမှူးနှင့် အမှုစစ်ရဲအရာရှိ ဒုရဲအုပ် ခင်ကိုကို တို့က အမှုကို စုံစမ်းစစ်ဆေးပြီး ဦးအောင်တင့်စန်းက ရဲတိုင်ကြားချက် များ မှန်ကန်ကြောင်း တရားရုံးသို့ အစီရင်ခံတင်ပြခဲ့ပါသည်။ သို့သော် ချမ်းမြသာစည် တရားရုံး မှ အမှုအား လက်ခံခြင်းမပြုပဲ ပလပ် ခဲ့ပါသည်။ နိုင်ငံသားတစ်ဦးအနေဖြင့် အဖွဲ့အစည်းများနှင့် အငြင်းပွားမှုပေါ်ပေါက် လာလျှင် တဖက်သတ် ဖိနှိပ်အနိုင်ကျင့်ခံရမှုသာ များပြီး တရားရေးအနေနှင့် အမှန်တရားဘက်မှာ မရှိပဲ အဖွဲ့အစည်းဖက်မှ ကူညီပံ့ပိုးခြင်းဟာ တရားစီရင်ရေး ယန္တရားကို အလွဲသုံးစားပြုရာရောက်ပါသည်။
နိုင်ငံသားတစ်ဦးမှာ တာဝန်ကိုယ်စီရှိသလို အခွင့်အရေးလည်းရှိပါသည်။ မိမိအခွင့်အရေးကို ထုတ်ဖော်တင်ပြခွင့်မရဘဲ အဖွဲ့အစည်းနှင့် တရားရေး ပူးပေါင်းချေဖျက်မှုများ အမှန်တရားပေါ်ပေါက်လာစေ ရေး အတွက် ဒီစာကို တင်လိုက်ဖြစ်ပါတယ်။

ဦးအောင်တင့်စန်း (အနန္တဂုဏ်ရောင် သင်္ကန်း ပရိက္ခရာတိုက်)
၀၉-၅၁၅၃၇၅၈

Image may be NSFW.
Clik here to view.

Image may be NSFW.
Clik here to view.


Viewing all articles
Browse latest Browse all 32865

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>