
မိမိရေးတဲ့ သတင်းတွေကို တာဝန်မယူတဲ့ FNG နဲ့ အခုတစ်ခါ .. ဘီဘီစီ မြန်မာဌာန ၂ ခုကပဲ သုံးတာကို သတင်းမှာ ကြားရ၊ အင်တာနက်မှာ ဖတ်ရတယ်။ ဒီလို ပြဿနာဖြစ်နိုင်ပြီး နှစ်ဖက် ယုံကြည်ချက်နဲ့ လုပ်နေရတဲ့ မြန်မာနိုင်ငံရေး တစ်ခုလုံးကို ထိခိုက်နိုင်တဲ့ စကားလုံး တစ်လုံးကို ဘီဘီစီ (မြန်မာဌာန) အနေနဲ့ အခုလို လက်လွတ်စပယ် သုံးတာဟာ ... တိုင်းပြည်အနာဂတ် ထိခိုက်အောင် တမင် ရန်တိုက်ပေးနေတာလားလို့ မေးလိုပါတယ်။
အရင် နအဖ လက်ထက်က ပြောသလို ပြောရရင်တော့ .. BBC ရန်တိုက်ပေးနေသည်လို့ ပြောရမလား မသိဘူး။
ဘီဘီစီ မြန်မာ ဌာနနရဲ့ မေလ ၂ ရက် ၂၀၁၂ ခုနှစ် မနက်ပိုင်း သတင်းကို နားထောင်လိုက်တော့ ကိုသူရိန်ကျော်ဇောရဲ့ ကြေငြာချက်ထဲမှာ "ကျမ်းကျိမ်လွှာစာသား အငြင်းပွားမှုကြောင့် လွှတ်တော်ကို သပိတ်မှောက်ထားတာကို ရုပ်သိမ်းပြီး ဖြစ်ပါတယ်။" လို့ ကြေငြာသွားတယ်။
...
"သပိတ်မှောက်" ဆိုတဲ့ စကားလုံးကို NLD ကလည်း မသုံးခဲ့သလို၊ ဦးသိန်းစိန် အစိုးရဘက်ကလည်း မသုံးဘူး။ အခြား ပါလီမာန် အမတ်တွေကလည်း မသုံးဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေကလည်း မသုံးဘူး။ ကုလသမဂ္ဂကလည်း မသုံးဘူး။ တိတိကျကျ ပြောရရင် ... NLD ရော ကြံခိုင်ရေး ပါတီကရော ဒီကိစ္စတောင်းဆိုထားတာကို ၂ ဖက် ညှိနှိုင်းဆွေးနွေး အဖြေရှာနေလို့ မတတ်သေးတာပါလို့သာ တရားဝင် ပြောဆိုထားပြီး၊ "သပိတ်မှောက်" ထားတာကြောင့် မတတ်ဘူးလို့ ပြောထားတာ မရှိပါဘူး။
မိမိရေးတဲ့ သတင်းတွေကို တာဝန်မယူတဲ့ FNG နဲ့ အခုတစ်ခါ .. ဘီဘီစီ မြန်မာဌာန ၂ ခုကပဲ သုံးတာကို သတင်းမှာ ကြားရ၊ အင်တာနက်မှာ ဖတ်ရတယ်။ ဒီလို ပြဿနာဖြစ်နိုင်ပြီး နှစ်ဖက် ယုံကြည်ချက်နဲ့ လုပ်နေရတဲ့ မြန်မာနိုင်ငံရေး တစ်ခုလုံးကို ထိခိုက်နိုင်တဲ့ စကားလုံး တစ်လုံးကို ဘီဘီစီ (မြန်မာဌာန) အနေနဲ့ အခုလို လက်လွတ်စပယ် သုံးတာဟာ ... တိုင်းပြည်အနာဂတ် ထိခိုက်အောင် တမင် ရန်တိုက်ပေးနေတာလားလို့ မေးလိုပါတယ်။
ဒီကိစ္စကို ဘီဘီစီ မြန်မာဌာနအနေနဲ့ ရှင်းလင်းပေးပါလို့ တောင်းဆိုလိုပါတယ်။
(ကျွန်တော် ဘီဘီစီ မြန်မာဌာနကိုလည်း အီးမေးလ်ရေးပြီး တောင်းဆိုပါမယ့်။)
http://www.bbc.co.uk/burmese/burma/2012/05/120501_nldhluttaw.shtml
Ko Htike Facebook